ကလေးများအတွက် ထောပတ်သီး

ကလေးများအတွက် ထောပတ်သီး

ရေးသားသူ Dr. Kaung Thar
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe

 ကလေးတစ်ယောက်ကိုအသီးအနှံစကျွေးမည်ဆိုလျှှင်ထောပတ်သီးသည် ပထမဆုံးရွေးချယ်သင့်သည့် အစားအစာပင်ဖြစ်ပါသည်။ အဘယ်ကြောင့် ထောပတ်သီးကျွေးသင့်သလဲဆိုသည်ကို   အောက်တွင်ကြည့်ရှုနိုင်ပါသည်။

၁။ဦးနှောက်ဖွံ့ဖြိုးမှု၊နှလုံးကျန်းမာရေးနှင့်အခြားအကျိုးကျေးဇူးများ

ထောပတ်သီးသည်ကယ်လိုရီများစွာပါ၀င်သောအစားအစာဖြစ်သည်။ထောပတ်သီးတစ်ရာဂရမ်တွင်တစ်ရာ့ခြောက်ဆယ်ကယ်လိုရီပါ၀င်သည်။
ကယ်လိုရီခုနစ်ဆယ့်ငါးမှရှစ်ဆယ်ရာခိုင်နှုန်းသည်အဆီများမှလာသည်။သို့ဖြစ်၍ထောပတ်သီးသည်အဆီအနှစ်အများဆုံးသစ်သီးမျိုးဖြစ်သည်။
သို့သော်လည်းထောပတ်သီးတွင်ပါ၀င်သောအဓိကအဆီသည်ဦးနှောက်နှင့်အမြင်အာရုံအဖွဲ့အစည်းများဖွံ့ဖြိုးတိုးတက်ရန်နှင့်ပုံမှန်လုပ်ဆောင်ခြင်းများလုပ်ဆောင်နိုင်ရန်မရှိမဖြစ်လိုအပ်သောအခန်းကဏ္ဍတွင်ပါ၀င်သည်။အိုလီရစ်အက်ဆစ်အမျိုးအစားမပြည့်ဝသောအဆီဖြစ်သည်။
ကလေးငယ်၏ဉာဏ်ရည်ဖွံ့ဖြိုးမှုအဓိကကြီးထွားချိန်ဖြစ်သောကလေးငယ်၏အသက်နှစ်နှစ်အရွယ်တွင်ထောပတ်သီးသည်ကလေးငယ်၏အစားအစာတိုင်းအတွက်အရေးကြီးဆုံးလိုအပ်သည့်အခန်းကဏ္ဍမှပါ၀င်သည်။
မပြည့်ဝသောအဆီများစွာပါ၀င်မှုသည်နှလုံးကျန်းမာရေးကိုသိသာစွာပိုမိုကောင်းမွန်စေပြီးအဆီတွင်ပျော်ဝင်သောဗီတာမင်များဖြစ်သည့်ဗီတာမင်အေ၊ဗီတာမင်ဒီ၊ဗီတာမင်အီး၊ဗီတာမင်ကေတို့စုပ်ယူမှုကိုလညး်ပိုမိုအားကောင်းစေသည်။

၂။ကိုယ်ခံအားတိုးတက်ခြင်း

ထောပတ်သီးတွင်ဗီတာမင်နှင့်သတ္တုဓါတ်အမျိုးအစားမျိုးစုံပြည့်ဝနေသည်။သို့ဖြစ်၍၎င်းသည်ခန္ဓာကိုယ်၏ကိုယ်ခံအားစနစ်ကောင်းမွန်ဖို့အတွက်အကောင်းဆုံးသောအစားအစာဖြစ်သည်။
အရသာလည်းအထူးကောင်းမွန်သည်။ထောပတ်သီးတစ်လုံး၏တစ်ခြမ်းကိုစားခြင်းအားဖြင့်

  • ဖောလိတ်ခြောက်ဆယ်မီလီဂရမ်(ဖောလိတ်သည်ဆဲလ်များပုံမှန်အလုပ်လုပ်ခြင်းနှင့်တစ်သျှူးများကြီးထွားခြင်းအတွက်မရှိမဖြစ်လိုအပ်သည်။
    ဖောလိတ်ကြွယ်ဝသောကိုယ်ဝန်ဆောင်မိခင်များ၏အစားအစာသည်ကလေးအားအာရုံကြောဆိုင်ရာပြဿနာများမှကာကွယ်ပေးသည်။
  • ဗီတာမင်ကေတစ်ဆယ်လေးမီလီဂရမ်(ဗီတာမင်ကေသည်သွေးခဲခြင်း၊အသည်းတွင်ပရိုတင်းဖြစ်ပေါ်လာခြင်းနှင့်ကျန်းမာကြံ့ခိုင်သောအရိုးများဖွံ့ဖြိုးမှုအတွက်မရှိမဖြစ်လိုအပ်သည်။
    ကလေးတစ်ယောက်သည်၎င်းတို့၏အစားအစာထဲတွင်ဗီတာမင်ကေလုံလောက်စွာမရရှိပါကဗီတာမင်ကေချို့တဲ့၍သွေးထွက်ခြင်းဟုခေါ်သောအခြေအနေတစ်ခုဖြစ်ပွားနိုင်သည်။ထိုရောဂါဖြစ်ပွားပါကကလေးငယ်များထိခိုက်ဒဏ်ရာရ၍သွေးထွက်ပါကသွေးတိတ်ရန်ခက်ခဲပေလိမ့်မည်။
  • ဗီတာမင်စီခြောက်မီလီဂရမ်(ဗီတာမင်စီသည်သွားဖုံးများအရိုးများနှင့်ကလေး၏သွေးကြောများကိုကျန်းမာကြံ့ခိုင်စေသည်။
    သွေးနီဥများဖြစ်ပေါ်ခြင်းကိုကူညီထောက်ပံ့ပေးပြီးသံဓါတ်စုပ်ယူမှုအားကောင်းစေသည်။
  • ပိုတက်စီယမ်သုံးရာလေးဆယ့်သုံးမီလီဂရမ်(ပိုတက်စီယမ်သည်ခန္ဓာကိုယ်၏ရေအချိုးအစားမျှတမှုကိုထိန်းချုပ်ပေးးသည်။ခန္ဓာကိုယ်၏သွေးပေါင်ကိုထိန်းသိမ်းပေးသည်။
    အရိုးပွခြင်းနှင့်ကျောက်ကပ်တွင်ကျောက်ဖြစ်ပွားခြင်းနှုန်းများကိုလျှော့ချပေးသည်။ထောပတ်သီးသည်ငှက်ပျောသီးထက်ပိုတက်စီယမ်ပါ၀င်မှုပိုမိုများပြားသည်။
  • ထောပတ်သီးတွင်ဗီတာမင်ဘီ၊ဗီတာမင်အီး၊ပန်တိုသီးနစ်အက်ဆစ်တို့ပါ၀င်ကြသည်။မဂ္ဂနီစီယမ်၊မဂ္ဂနီးစ်၊ကော့ပါး၊ဇင့်၊နှင့်သံဓါတ်များလည်းအနည်းငယ်စီပါ၀င်ကြသည်။

၃။အဆိပ်အတောက်ဖယ်ရှားခြင်း

အာဟာရအမျိုးအစားပေါင်းစုံပါ၀င်သည့်အပြင်ထောပတ်သီးသည်ခန္ဓာကို်ယ်အတွင်းရှိအဆိပ်အတောက်များဖယ်ရှားခြင်းကိုလည်းပြုလုပ်ပေးသည်။
အဘယ်ကြောင့်ဆိုသော်ထောပတ်သီးတွင်ရေတွင်ပျော်ဝင်သောအမျှင်နှင့်ဓါတ်တိုးဆန့်ကျင်ပစ္စည်းများစွာပါ၀င်သောကြောင့်ဖြစ်သည်။
ထောပတ်သီးတွင်ပါ၀င်သောအမျှင်ဓါတ်များသည်အူလှုပ်ရှားမှုကောင်းမွန်စေသည်။ဓါတ်တိုးဆန့်ကျင်ပစ္စည်းများနှင့်ပိုးသတ်စေသောဒြပ်ပေါင်းများသည်ခန္ဓာကိုယ်အတွင်းရှိဓါတုပစ္စည်းများကိုဓါတ်ပြယ်စေပြီးခန္ဓာကိုယ်အပြင်ဘက်သို့စွန့်ထုတ်ပေးသည်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required