သင်စားနေသော အစားအစာများထဲမှ သင်မသိသေးသည့် ဓာတ်မတည့်မှုများအကြောင်း

သင်စားနေသော အစားအစာများထဲမှ သင်မသိသေးသည့် ဓာတ်မတည့်မှုများအကြောင်း

ရေးသားသူ Hello Sayarwon 
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar. 

အစားအစာများတွင် ပါ၀င်သော ဓာတ်မတည့်မှုများကို ဖော်ထုတ်ရန် လက်တွေ့တွင် မလွယ်ကူလှပါ။ သို့သော် ပါ၀င်ပစ္စည်းများကို ဖတ်ရှုခြင်းဖြင့် အန္တရာက်ရှိသည့် ရှောင်ကျဉ်သင့်သည့် အစာများကို ယေဘူယျအားဖြင့် ခန့်မှန်းနိုင်သည်။

သို့သော် သင့်ကို ဓာတ်မတည့်စေသော ပစ္စည်းများသည် အမျိုးမည် အမျိုးမျိုးဖြင့် ပါ၀င်နေနို်င်သည်။ သင်သည် ဓာတ်မတည့်မှုဖြစ်စေသော အမည်များကို နှံ့နှံ့စပ်စပ်သိရှိပါက သင့်အတွက် ရှောင်ကျဉ်ရန် ပိုလွယ်ကူမည်ဖြစ်သည်။

အောက်ဖော်ပြပါများသည် အစားအစာများနှင့် ဓာတ်မတည့်မှုဖြစ်တတ်သူများ သိထားသင့်သည့် အတွေ့များသော ပါ၀င်ပစ္စည်းများဖြစ်ပါသည်။ သို့သော် သင်သည် အစားအစာနှင့် ဓာတ်မတည့်မှုများဖြစ်လေ့ရှိပါက ပိုမိုသေချာစေရန် ပါ၀င်ပစ္စည်းများကို ဆရာဝန်အားပြသင့်သည်။

အစားအစာများတွင် ပါ၀င်သော စာညွှန်းများကိုလည်း ဂရုပြုကြည့်ရှုသင့်ပါသည်။

မြေပဲများ

မြေပဲများနှင့်မြေပဲဖြင့်ပြုလုပ်ထားသော အောက်ပါအစာများကို ရှောင်ကျဉ်သင့်ပါသည်။

·       ဘီယာနှင့်အမြည်းစားသောမြေပဲ

·       မြေပဲပြုတ်

·       မြေပဲဆီ

·       မြေပဲဖြင့်ပြုလုပ်ထားသောမုန့်အချိုများ

ဥအမျိုးမျိုး

အထူးသဖြင့် ကလေးများသည် ဥအမျိုးမျိုးနှင့် ဓာတ်မတည့်မှုဖြစ်လေ့ရှိပါသည်။ ထိုဓာတ်မတည့်မှုသည် တခါတရံပြင်းထန်တတ်သည်။ အများအားဖြင့် ကြက်ဥအကာရှိ ပရိုတင်းနှင့် ဓာတ်မတည့်ခြင်းဖြစ်သော်လည်း အနှစ်ရောအကာကိုပါရှောင်ကျဉ်သင့်သည်။

ဥများနှင့် ဥများဖြင့်ပြုလုပ်သော အစားအစာများကိုရှောက်ကျဉ်ရန် အောက်ပါတိုကကိုဖော်ပြလိုက်ရပါသည်။

·       မရောနိစ်

·       အယ်လ်ဗျူမင် ပရိုတင်းဓာတ်

·       လိုင်စိုဇိုင်း အင်ဇိုင်း

·       ကြက်ဥခရင်မ်

·       ကြက်ဥအကာတွင်ပါသော Ovalbumin ပရိုတင်းဓာတ်

·       အသားတုများ

·       ဥများတွင်တွေ့ရသော ပရိုတင်းဓာတ်များ သည် ဖုတ်ထားသော အစားအစာများ၊ ကာကွယ်ဆေးများနှင့် စီမံထားသော အစာများတွင် ပါ၀င်တတ်သည်။

နို့ထွက်ပစ္စည်းများ

သင်သည် နို့နှင့် နို့ထွက်ပစ္စည်းများကို ဓာတ်မတည့်သူဖြစ်ပါက သင့်ကိုယ်ခံအားစနစ်က နို့တွင်ပါ၀င်သော ပရိုတင်းဓာတ်ကို တိုက်ခိုက်သောကြောင့် ဖြစ်သည်။ ထိုရောဂါသည် Lactose အင်ဇိုင်းကို မဖျက်နိုင်သော Lactose intolerance ရောဂါဖြစ်ခြင်းနှင့် မတူပါ။ Lactose intolerance ရောဂါတွင် ကိုယ်ခံအားစနစ်က ပုံမှန်အတိုင်းဖြစ်နေသည်။

သင်သည် နို့နှင့် နို့ထွက်ပစ္စည်းများကို ဓာတ်မတည့်သူဖြစ်ပါက အောက်ပါတို့ကို ရှောင်ကျဉ်သင့်သည်။

·       ဒိန်ခဲအရင်းခံဓာတ်

·       ဒိန်ခဲ

·       နို့ကြက်ဥပေါင်း

·       အိန္ဒိယထောပတ်

·       နို့ရည်ကြည်

·       Diacetylဓာတုပစ္စည်း

·       Lactalbumin, Lactoferrin ,Tagatose စသည့် နို့တွင်ပါ၀င်သော ပရိုတင်းဓာတ်ပေါင်းများ

ပဲပုပ်စေ့

ပဲပုပ်စေ့များသည် အစားအစာအတော်များများတွင်ပါတတ်ကြပြီး လူများသတိမထားမိတတ်ကြချေ။ ပဲပုပ်စေ့ နှင့် မတည့်သူများသည် အောက်ပါတို့ကိုရှောင်ကျဉ်သင့်သည်။

·       Edamame, Miso, Natto, Shoyu စသည့် ပဲပုပ်စေ့ကိုအခြေခံပြုလုပ်ထားသော ဂျပန်အစားအစာများ

·       ပဲနို့ရည် နှင့် ပဲနို့ရည်နှင့် ပြုလုပ်ထားသော အစားအစာများ

·       ပဲပုပ်ဖြင့််ဖော်စပ်ထားသောအစာများ

·       ကြိတ်ထားသောပဲများ

·       ပဲငပိ

·       ပဲပိစပ်ဆီ

·       တို့ဟူး

·       ပဲမှရသော ပရိုတင်းဓာတ်ကြွယ်ဝသည့် အစားအစာများ

ကစီဓာတ်

ကစီဓာတ်မတည့်ခြင်းနှင့် ဂျံုနျင့် မတည်ခြင်း မှာ ကွဲပြားမှုရှိသည်။ကစီဓာတ်သည် ဂျံုပင်များတွင်တွေ့ရသော ပရိုတင်းဓာတ်တမျိုးဖြစ်သည့်အတွက် သင်သည် ကစီဓာတ်ကိုရှောင်ကျဥရမည်ဆို်ပါက ဂျံုပင်အနွယ်ဝင်များအားလုံးကိုရှောင်ကျဉ်ဖို့လိုပါသည်။

သို့သော်သင်သည် ဂျံုပင်မှရသော အစာများနှင့်သာဓာတ်မတည့်သူဖြစ်ပါက ကစီဓာတ်ကို အခြားသော သီးပင်စားပင်များမှလည်း ရရှိနိုင်ပါသည်။

ကစီဓာတ်ပါ၀င်သော အစားအစာများမှာအောက်ပါတို့ဖြစ်သည်။

·       ပေါင်မုန့်(ပေါင်မုန့်ဖြူ၊ ပေါင်မုန့်ညို၊ ပေါင်မုန့်ခြောက်)

·       ဂျုံပင်အမျိုးမျိုး

·       နှံစားပင်များ

·       စပါး၊ ဆန်ကွဲ

·       ရိုင်းစပါး

·       ဖွဲနု

·       ပြောင်း၊ ဆပ်၊ လူး

·       ဘာလီ

·       မုယောစပါး

ငါးများ

သင်သည် ဆာလမွန်ငါးနှင့် ဓာတ်မတည့်သူဖြစ်ပါက အခြားသော ငါးများနှင့်လည်းဓာတ်မတည့်နိုင်ချေများသည်။ ငါးနှင့် ဓာတ်မတည့်လျှင် ငါးအားလုံးကို ရှောင်ကျဉ်ရန် အကြံပေးချင်ပါသည်။

အချို့သော ငါးအမည်များကို အစားအစာများတွင်ဖော်ပြထားသော်လည်း သင်မသိသေးသော ဓာတ်မတည့်မှုဖြစ်စေနိုင်သည့် ငါးများဖြင့်ပြုလုပ်ထားသော အစားအစာများကို ဖော်ပြလိုက်ရပါသည်။

·       ဂေါ်ဖီနှင့်ဆလပ်ရွက်သုပ်ထားသော အနောက်တိုင်းအစားအစာ

·       အကင်များနှင့်တွဲဖက်စားသော အချဉ်ရည်

·       ငါးဖြင့်အချဉ်ဖောက်ထားသော အချဉ်ရည်

·       အသားလုံးများ

·       ငါးအသားတုများ

အချုပ်ဆိုရသော် အစားအစာများနှင့် ဓာတ်မတည့်သူတို့အတွက်ဂရုပြုရှောင်ကျဉ်ရမည့် အစာများစွာရှိပါသည်။ထို့ကြောင့် သင်သည်အစားအစာနှင့်ဓာတ်မတည့်မှုများဖြစ်လေ့ရှိပါက ပိုမိုသေချာစေရန် ပါ၀င်ပစ္စည်းများကို ဆရာဝန်အားဦးစွာပြပြီး မိမိနှင့်ဓာတ်မတည့်သော ပစ္စည်းများမပါကြောင်းသေချာမှ စားသုံးသင့်ပါသည်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly