၂ ချီအတွင်းအနိုင်ယူမည်ဟု ကြွေးကြော်ထားသည့် အောင်လအန်ဆန် ၁ ချီမပြီးခင် အနိုင်ရ

၂ ချီအတွင်းအနိုင်ယူမည်ဟု ကြွေးကြော်ထားသည့် အောင်လအန်ဆန် ၁ ချီမပြီးခင် အနိုင်ရ

၂ ချီအတွင်းအနိုင်ယူမည်ဟု ကြွေးကြော်ထားသည့် မြန်မာ့စပါးကြီးမြွေ၊ အောင်လအန်ဆန်သည် ပွဲစပြီး ၊ ၃ မိနစ်ခန် အတွင်း ၁ ချီမပြီးသေးမီ ပြိုင်ဘက်ဖြစ်သည့် Alain Ngalani (ကျားသစ်နက်)ကို အနိုင်ရသွား ခဲ့သည်။

Alain Ngalani သည် များမကြာမီက ONE Championship ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ဆုစိန်ခေါ်ပွဲတွင် ဂျပန်ကိုယ်ခံပညာစုံ တိုက်ခိုက်ရေး ကစားသမား Sekine Hideki နှင့်ယှဉ်ပြိုင်ခဲ့ရာ၌ ပွဲအစ ၁၁ စက္ကန့်အတွင်း၌ ပြိုင်ဘက်ကို အလဲထိုးလိုက်နိုင်ပြီး ယင်းပွဲချိန်ပမာဏမှာ ONE Championship ပြိုင်ပွဲသမိုင်းကြောင်း တစ်လျှောက် အမြန်ဆုံး ပွဲအဆုံးသတ်နိုင်မှုအဖြစ် စံချိန်ဝင်သွားခဲ့ဖူးသူဖြစ်ပြီး ယခုအခါ အောင်လ အန်ဆန်းအား ရှုံးနိမ့်သွားခြင်း ဖြစ်သည်။

တစ်နည်းအားဖြင့် ဟဲဗီးဝိတ်တန်းချန်ပီယံကို မစ်ဒယ်ဝိတ်တန်းမှ အနိုင်ယူအလဲထိုးသွားခဲ့ခြင်းလည်းဖြစ်သည်။

မြန်မာ့စပါးအုံးဟု အမည်ပေးအပ်ခြင်းခံထားရသည့် အသက် ၃၂ နှစ်အရွယ်ရှိ အောင်လအန်ဆန်သည် ရုရှားကိုယ်ခံပညာစုံတိုက်ခိုက်ရေးကစားသမား ဗိုင်တာလီ ဘစ်ဂ်ဒတ်ရှ်နှင့် စိတ်မကျေပွဲ ပြန်လည်ယှဉ်ပြိုင်ထိုးသတ်ရာတွင် အမှတ်ဖြင့် အနိုင်ရယူကာ ONE Championship မစ်ဒယ်ဝိတ်တန်းတွင် ကမ္ဘာ့ချန်ပီယံဖြစ်လာခဲ့ခြင်းဖြစ်သည်။

ယခုအခါ MMA မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံ မြန်မာ့ဂုဏ်ဆောင် အောင်လအန်ဆန်းသည် မြန်မာ့မြေတွင် ၄ပွဲဆက်တိုက် အနိုင်ရရှိခဲ့ပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly