အင်ဒိုနီးရှားလေယာဉ် ပျက်ကျသည့် နေရာတွင် အလောင်း ၃၈လောင်းတွေ့

အင်ဒိုနီးရှားလေယာဉ် ပျက်ကျသည့် နေရာတွင် အလောင်း ၃၈လောင်းတွေ့

ဂျာယာပူရ၊ သြဂုတ် ၁၈ ။         ။ လူ၅၄ဦးနှင့် အတူငွေကြေးအမြောက်အမြားသယ်ဆောင်သွားသော လေယာဉ်တစ်စင်းပျက်ကျခဲ့သည့် အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်းရှိ နေရာသို့ ကယ်ဆယ်သူများ သြဂုတ် ၁၈က ရောက်ရှိခဲ့ပြီး လေယာဉ်မှာ လုံးဝပျက်စီးနေသည်ကို တွေ့ရှိခဲ့သည်ဟု ရှာဖွေကယ်ဆယ်ရေးအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

" ကျွန်တော်တို့ရှာဖွေရေးသမားတွေ ပျက်ကျတဲ့နေရာကို ရောက်ရှိခဲ့ပါတယ် "ဟုအင်ဒိုနီးရှားရှာဖွေကယ်ဆယ်ရေးအေဂျင်စီအကြီးအကဲ ဘမ်ဘန်ဆိုလစ္စတီယိုက အေအက်ဖ်ပီသို့ ပြောသည်။ ထို့အပြင် ၎င်းတို့သည် ပါပူအာပြည်နယ်ရှိ ပျက်ကျရာနေရာသို့ နံနက် ကိုးနာရီခွဲတွင် ရောက်ရှိခဲ့သည်ဆိုသည်။ " လေယာဉ်က ပျက်ကျသွားပြီး လုံးဝကိုပျက်စီးသွားပါတယ်။

အရာရာတိုင်းက အပိုင်းအစတွေဖြစ်ကုန်ပြီး လေယာဉ်ရဲ့အစိတ်အပိုင်းက မီးလောင်ကျွမ်းထားပါတယ်။ အချို့အစိတ်အပိုင်းတွေမှာ မီးလောင်ရာတွေတွေ့ပါတယ်" ဟု၎င်းကပြောကြားခဲ့သည်။

ပျက်ကျသည့်နေရာတွင် အလောင်း ၃၈ လောင်းတွေ့ရှိထားသည်ဟု သယ်ယူပို့ဆောင်ရေးဝန်ကြီးဋ္ဌာနက ထုတ်ပြန်သည်။ " ပျက်ကျရာနေရာမှာ လူကြီးအလောာင်း ၃၇လောင်း၊ ကလေးအလောင်း ၁လောင်း စုစုပေါင်း ၃၈ လောင်း တွေ့ရှိထားပါတယ် " ဟုသယ်ယူပို့ဆောင်ရေးဝန်ကြီးဋ္ဌာန ပြောခွင့်ရပုဂ္ဂိုလ် ဂျေအေဘာရာတာက အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။ "ရာသီဥတုက အရမ်းဆိုးဝါးနေလို့ ဒါတွေကို မရွှေ့ပြောင်းနိုင်သေးပါဘူး " ဟု၎င်းကဆိုသည်။

တောင်ထူ တောနက်သော ဒေသရှိ ပျက်ကျရာနေရာတွင် ရှင်သန်သူရှိမရှိ ကယ်ဆယ်ရေးသမားများ ရှာဖွေနေဆဲဖြစ်သော်လည်း အသက်ရှင်လျက်တွေ့နိုင်မှုမှာ အလားအလာနည်းနေပြီဖြစ်သည်ဟုလည်း ၎င်းကပြောသည်။ ထို့အပြင်ကယ်ဆယ်သူများသည် ပျက်ကျသည့် အကြောင်းရင်းကို သိနိုင်မည့် ဘလက်ဘောက်များကိုလည်း ရှာဖွေနေသည်ဟု ဆိုလစ္စတီယိုက ပြောသည်။

ပျက်ကျခဲ့သည့်လေယာဉ်မှ အင်ဒိုနီးရှားလေကြောင်းလိုင်းတစ်ခုဖြစ်သည့် Trigana Air မှလေယာဉ်တစ်စင်း လေယာဉ်တစ်စင်းဖြစ်ပြီး ပါပူအာပြည်နယ်မြို့တော် ဂျာယာပူရာမှတောင်ဘက် ရှိတောင်ထူထပ် ရာအော့က်ဆီဘီလ်သို့ ဆိုးဝါးသည့် ရာသီဥတုအတွင်း ပျံသန်းစဉ် သြဂုတ် ၁၆က အဆက်အသွယ်ပြတ်သွားခဲ့သည်။

ပျက်ကျခဲ့သည့် ATR 42-300 လေယာဉ်သည် ခရီးသည် ၄၉ဦး၊ လေယာဉ်အမှုထမ်း ငါးဦးအပြင် ဆင်းရဲသည့်မိသားစုအတွက် လူမှုရေးအကူအညီငွေ ရူပီးယား ၆ဒသမ၅ဘီလျံ( အမေရိကန်ဒေါ်လာ ၄၇၀,၀၀၀)သယ်ဆောင်သွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required