ရီးယဲလ်မက်ဒရစ်နှင့် စာချုပ်သက်တမ်းတိုးရန် ဆန္ဒမရှိသေးဟု ရော်နယ်ဒို ဖွင့်ဟ

ရီးယဲလ်မက်ဒရစ်နှင့် စာချုပ်သက်တမ်းတိုးရန် ဆန္ဒမရှိသေးဟု ရော်နယ်ဒို ဖွင့်ဟ

 

နိုဝင်ဘာ ၂၊ မက်ဒရစ်။             ။ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမား ခရစ္စတီယာနိုရော်နယ်ဒိုက ရီးယဲလ်မက်ဒရစ်အသင်းနှင့်စာချုပ်သက်တမ်း တိုးရန်ဆန္ဒမရှိသေးဟု ဖွင့်ဟပြောဆိုခဲ့သည်။

ရော်နယ်ဒိုနှင့်ရီးယဲလ်မက်ဒရစ်အသင်းတို့စာချုပ်သက်တမ်းမှာ လေးနှစ်ကျန်ရှိနေသေးသော်လည်း ချန်ပီယံလိဂ်တွင် ရီးယဲလ်မက်ဒရစ်အသင်းစပါးကိုရှုံးခဲ့ပြီးနောက် ရော်နယ်ဒိုအနေဖြင့် ရီးယဲလ်မှထွက်ခွာလိုနေသည်ဟုလည်း သတင်းများထွက်ပေါ်နေသည်။

ကျွန်တော် ရီးယဲလ်မက်ဒရစ်မှာ အရာအားလုံးအဆင်ပြေနေပါတယ်။ ရီးယဲလ်နဲ့စာချုပ်သက်တမ်းလေးနှစ်ကျန်ပါသေးတယ်။ သက်တမ်းတိုးဖို့ ဆန္ဒမရှိပါဘူး။ ကျွန်တော့်အတွက်အဆင်ပြေပါသေးတယ်။ ဟု ရော်နယ်ဒိုကပြောသည်။

ရီးယဲလ်မက်ဒရစ်အသင်းမှာ စပါးကိုရှုံးနိမ့်ပြီးနောက် နည်းပြ ဇီဒန်း၏နည်းပြရာထူးမှာလည်း လှုပ်ခတ်နေပြီး အသင်းမှထုတ်ပယ်ခံရနိုင်သည်ဟုသတင်းများထွက်ပေါ်နေသည်။ ရီးယဲလ်မက်ဒရစ်အသင်းမှာ ချန်ပီယံလိဂ်နောက်တစ်ဆင့်တက်ရန်အတွက် လက်ကျန်နှစ်ပွဲတွင် သုံးမှတ်ရရန်လိုနေပြီး လာလီဂါတွင်လည်း အမှတ်ပေးဇယားကိုဦးဆောင်နေသူ ဘာစီလိုနာအသင်းနှင့် ၈မှတ်အထိကွာဟနေသည်။

Ref: Goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required