၁၄ နှစ်တာကာလအတွင်း ဒေါ်အောင်ဆန်းစုကြည် စစ်တွေသို့ ပထမဆုံးအကြိမ် ရောက်ရှိလာ

၁၄ နှစ်တာကာလအတွင်း ဒေါ်အောင်ဆန်းစုကြည် စစ်တွေသို့ ပထမဆုံးအကြိမ် ရောက်ရှိလာ

 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ UEHRD ၏ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောသို့ နေ့ချင်းပြန် သွားရောက်မည်ဖြစ်ကြောင်း အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မဇ္စျိမသို့ အတည်ပြုပြောဆိုသည်။

"မောင်တောကို သွားပါလိမ့်မယ်၊ အသေးစိတ်ကိုတော့ နောက်မှ ထုတ်ပြန်ပါမယ်" ဟု ဦးဇော်ဌေးကဆိုသည်။

လက်ရှိအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိနေကြောင်း သိရသည်။

ယနေ့မနက်ပိုင်းတွင် ပြည်နယ်အစိုးရနှင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေး လုပ်ဆောင်နေသော လူငယ်ဗော်လံတီယာများနှင့် တွေ့ဆုံခဲ့သည်။ ထို့နောက်မောင်တောသို့ ဆက်လက်ထွက်ခွာမည် ဖြစ်ကြောင်း သိရသည်။

၂၀၀၃ ခုနှစ် ဖေဖော်ဝါရီလအတွင်း၌ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် စစ်တွေကို သွားရောက်ခဲ့ပြီးနောက် ၁၄ နှစ်တာကာလအတွင်း ပထမဦးဆုံးအကြိမ်အဖြစ် လာရောက်သည့် ခရီးစဉ်လည်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly