၂၀၁၈ ပွင့်သစ်စအစီရင်ခံစာ လာမည့်နှစ်မတ်လကုန်မှာ ထုတ်ပြန်မည်

၂၀၁၈ ပွင့်သစ်စအစီရင်ခံစာ လာမည့်နှစ်မတ်လကုန်မှာ ထုတ်ပြန်မည်

 

မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေးအထောက်အကူပြုဌာန (MCRB)က မြန်မာ့စီးပွားရေးလုပ်ငန်းများရဲ့ ပွင့်လင်း မြင်သာမှုကိုလေ့လာထားတဲ့ ၂၀၁၈ ပွင့်သစ်စအစီရင်ခံစာကို လာမည့် ၂၀၁၈ မတ်လကုန်မှာ ထုတ်ပြန် သွားမယ်လို့ သိရပါတယ်။

ဒီအစီရင်ခံစာကို စီးပွားရေးလုပ်ငန်း များ၏ ဓလေ့၊ စီးပွားရေးလုပ်ငန်းများ၏ စီမံအုပ်ချုပ်မှု၊ စီးပွားရေးလုပ်ငန်း များ၏ လူမှုရေးတာဝန်ယူမှု စီမံခန့်ခွဲခြင်း၊ ဆက်သွယ်ဆောင်ရွက်ခြင်းနှင့် အစီရင်ခံခြင်း စတဲ့ အကြောင်းအရာ ငါးခု အပေါ် ASEAN Corporate Governance အမှတ်ပေးစည်းမျဉ်းများ၊ နိုင်ငံတကာစံချိန်များနှင့်အညီ မြန်မာ့ စီးပွားရေးအတိုင်ပင်ခံလုပ်ငန်းတစ်ခုဖြစ်တဲ့ Yever နဲ့ ပူးပေါင်းပြီး လေ့လာမှုတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။

MCRB  ရဲ့ ဒါရိုက်တာ ဗစ်ကီဘိုမန်းက " လုပ်ငန်းတွေရဲ့ သတင်းအချက်အလက်တွေကို အကဲဖြတ်ဖို့ နယ်ပယ် ကို ASEAN Corporate Governance Scorecard နဲ့ ပိုမိုကိုက်ညီအောင် ချဲ့ထွင်ခဲ့ပါတယ်။ စီးပွားရေးလုပ်ငန်း ရဲ့ စီမံအုပ်ချုပ်မှုကို ထိပ်ဆုံးက ဦးစားပေးဆောင်ရွက်ရမယ့် အများပိုင်ကုမ္ပဏီတွေ ပါ၀င်နိုင်ဖို့နယ်ပယ်ကျယ်ပြန့် အောင် ဆောင်ရွက်ခဲ့ပါတယ်။   မြန်မာ့စီးပွားရေးအတိုင်ပင်ခံ လုပ်ငန်းတစ်ခုဖြစ်တဲ့ Yever နဲ့ တွဲဖက်ပြီး ကုမ္ပဏီ ၂၀၀ လောက်ထိ ပါ၀င်မယ့် ပိုပြည့်စုံတဲ့ပွင့်လင်းမြင်သာမှုအစီရင်ခံစာလုပ်ရမှာကိုဝမ်းသာပါတယ်"လို့ဆိုပါတယ်။

ပြည်တွင်းက  ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီများ၊ အများပိုင်မြန်မာကုမ္ပဏီများ၊ အခွန်ပေးဆာင် သော လွမ်းမိုးမှုရှိသည့် ကုမ္ပဏီများနှင့် ယင်းအမျိုးအစားတွင်မပါ၀င်သော်လည်းဆန္ဒအလျောက် အမှတ် ပေးမှုခံယူလိုသော အလတ်စားနှင့် အကြီးစားကုမ္ပဏီတွေကို ဒီအစီရင်ခံစာမှာ လေ့လာသွားမှာ ဖြစ်ပါတယ်။

Yever တွဲဖက်ထူထောင်သူနှင့် အုပ်ချုပ်မှု ဒါရိုက်တာ Nicolas Delange က " စီးပွားရေးလုပ်ငန်းရဲ့ စီမံခန့်ခွဲမှုနဲ့ မဟာဗျူဟာကျတဲ့ အစီရင်ခံမှုဆိုတာက စီးပွားရေးလုပ်ငန်းအတွက် ပါ၀င်ပတ်သက်သူနဲ့ ယုံကြည်မှု တည် ဆောက်ရာမှာ အကူအညီပေးနိုင်တဲ့ အရေးပါတဲ့ အချက်နှစ်ချက်ပါ။ စီးပွားရေးလုပ်ငန်းရဲ့ အမှုအကျင့်နဲ့ပတ် သက်ရင် ဒီအချက်တွေက ကမ္ဘာနဲ့ တစ်ဝန်းမှာ ဖွံ့ဖြိုးပေါ်ပေါက်နေတာပါ။ ဒါပေမယ့် မြန်မာကုမ္ပဏီတွေက ဘယ်လိုလုပ်နေလဲ။ ၂၀၁၈ ပွင့်သစ်စ စီမံချက် အစီရင်ခံစာက အချက်အလက်တွေ ပေးရင်း၊ မြန်မာနိုင်ငံက အလေ့အကျင့်ကောင်းတွေကို ဖော်ထုတ်ရင်းနဲ့ ဒီအဖြေကိုပေးမှာပါ။ နောက်ပြီး စီးပွားရေးလုပ်ငန်းက ခေါင်းဆောင်တွေနဲ့ မြန်မာအစိုးရအာဏာပိုင်တွေကိုလည်း အကြံပြုချက်တွေ အကျဉ်းချုပ်ပြီးပေးသွားမှာပါ" လို့ ဆိုပါတယ်။

သုတေသနပြုလုပ်ရာမှာ အကဲဖြတ်မည့်ကုမ္ပဏီများထံ ပြောင်းလဲခြင်းနှင့် ပတ်သက်ပြီး လည်းကောင်း၊ သုတေသန နှင့်ပတ်သက်ပြီးလည်းကောင်း အကြောင်းကြားစာပေးပို့ခြင်း၊ Yever က အကဲဖြတ်ပြီးသည့်အခါ ကုမ္ပဏီများထံ ထပ်မံဆက်သွယ်ပြီး ကနဦးရလဒ်များကို ပေးပို့ခြင်း၊ ကုမ္ပဏီများထံမှ မှတ်ချက်များ တောင်းခံခြင်း၊ အချက်အလက် ဖြည့်စွက်ခွင့်ပြုခြင်းတို့ ပါ၀င်မှာဖြစ်ပါတယ်။

နိုင်ငံတကာပွင့်လင်းမြင်သာမှုအဖွဲ့ (Transparency International) ရဲ့ စီးပွားရေးလုပ်ငန်းများ၏ ပွင့်လင်းမြင်သာမှုအစီရင်ခံခြင်း လေ့လာမှုပေါ်တွင် အခြေခံထားတဲ့ မြန်မာ့ကုမ္ပဏီဝဘ်ဆိုဒ်များ၏ ပွင့်လင်း မြင်သာမှုကို လေ့လာသည့် ပွင့်သစ်စစီမံချက် (TiME)/Pwint Thit Sa ကို ၂၀၁၄ ခုနှစ်မှာ စတင်ခဲ့တာဖြစ် ပါတယ်။

မြန်မာ့စီးပွားရေးလုပ်ငန်းများ၏ ပွင့်လင်းမြင်သာမှုပိုမိုရှိလာစေရန် တိုက်တွန်းအားပေးရန် အတွက် ရည်ရွယ် ထားတဲ့ ဒီအစီရင်ခံစာတွေကို ၂၀၁၄၊ ၂၀၁၅ နှင့် ၂၀၁၆ ခုနှစ်တို့မှာ ထုတ်ပြန်ခဲ့ပြီး နည်းလမ်းတွေကို အသစ်ပြုပြင်ရန် အားထုတ်နေသည့်အတွက် ၂၀၁၇ ခုနှစ်မှာ အစီရင်ခံစာထုတ်ပြန်မှု ရပ်နားထားခဲ့ကြောင်း သိရပါတယ်။

ရန်ကုန်မြို့တွင် အခြေစိုက်ထားတဲ့ မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) ကို ယူကေ အခြေစိုက် Institute for Human Rights and Business (IHRB)နှင့် ဒိန်းမတ်နိုင်ငံအခြေစိုက် Danish Institute for Human Rights (DIHR)တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ယူကေ၊ ဒိန်းမတ်၊ နော်ဝေး၊ ဆွစ်ဇာလန်၊ နယ်သာလန်နှင့် အိုင်ယာလန် တို့၏ အထောက်အပံ့ဖြင့် အထောက်အပံ့ဖြင့် ဖွင့်လှစ်ထားခြင်း ဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly