စိတ်ဓါတ်ခွန်အား မြင့်တက်စေသော နည်းလမ်းများ

စိတ်ဓါတ်ခွန်အား မြင့်တက်စေသော နည်းလမ်းများ

ရေးသားသူ Dr . Phyu Mon Latt
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe

စိတ်ခံစားမှုဆိုင်ရာ ကျန်းမာရေးဟာ ဘဝပေါ်မှာ အကျိုးသက်ရောက်မှု ရှိပါတယ်။ လူတွေဟာ စိတ်ခံစားမှုပိုင်းဆိုင်ရာ ကျန်းမာနေတယ်၊ ကျေနပ်ဖွယ်ကောင်းနေတယ်ဆိုရင် ကောင်းမွန်စွာအလုပ်လုပ်နိုင်ပြီး လုပ်ဆောင်ရည်လည်း ပိုမိုကောင်းမွန်နိုင်ပါတယ်။ ဒီလိုပဲ ဘဝရဲ့ အခြားအစိတ်အပိုင်းတွေကို ခံစားချက်တွေက လွှမ်းမိုးနိုင်ပါတယ်။ ဒါကြောင့် သင့်ခံစားမှုတွေကို ကောင်းမွန်စေဖို့ အကျင့်ကောင်းတွေ လိုအပ်ပါတယ်။

သူငယ်ချင်းကောင်းတွေ ရှိပါစေ။

ဘယ်သူကမှ တစ်ယောက်တည်းနေဖို့ မထိုက်တန်ပါဘူး။ သူငယ်ချင်းတွေရှိခြင်းဟာ ဘဝကို ပိုမို ရှင်သန်စေပါတယ်။ သိသာထင်ရှားစွာပဲ သူငယ်ချင်းတွေ အများကြီးရှိသူတွေဟာ ပျော်ရွှင်ကြပါတယ်။ ဒါပေမယ့် သူငယ်ချင်းကောင်းတွေ ရှိသူတွေဟာ ပိုမိုပျော်ရွှင်ကြပါတယ်။ ပြဿနာတွေကို နားထောင်ပေးပြီး ကူညီမှုပေးနိုင်တဲ့ ဒုက္ခရောက်ချိန်တွေမှာ အမြဲဘေးမှာ ရှိနေပေးတဲ့ လူတွေကို လိုအပ်ပါတယ်။ နောက်တစ်နည်း ပြောရရင် ကိုယ့်ကိုဂရုစိုက်ပြီး ဘေးနားမှာ ရှိနေပေးတဲ့လူတွေကို လိုအပ်ကြပါတယ်။ ဒါမှသာ ဒုက္ခရောက်ခါနီးရင် သူတို့ဆီပြေးသွားပြီး စကားပြောလို့ရမှာဖြစ်ပါတယ်။ သင့်ကိုနားလည်တဲ့လူတွေနဲ့ စကားပြောခြင်းဟာ အဖြေတွေကို ပိုမိုလွယ်ကူစွာ တွေ့နိုင်စေပါတယ်။

လေ့ကျင့်ခန်း

လေ့ကျင့်ခန်းလုပ်ခြင်းဟာ ကိုယ်ခန္ဓာကိုရော စိတ်ပိုင်းဆိုင်ရာအတွက်ပါ အကျိုးရှိပါတယ်။ ခြံုပြောရရင် သင့်စိတ်အခြေအနေ ကောင်းမွန်ရင် သင့်ကိုယ်သင် တန်ဖိုးထားမှုလည်း မြင့်တက်လာမှာပါ။ ပိုမိုကောင်းမွန်စွာ အိပ်စက်နိုင်ပြီးအစားအသောက်လည်း ပိုကောင်းလာမှာမို့ ယေဘုယျအားဖြင့် ပိုနေလို့ ကောင်းလာမှာ ဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် စိတ်ဖိစီးတဲ့လူဆိုတာကို မမြင်ဖူးကြပါဘူး။ တကယ်လို့ လေ့ကျင့်ခန်းလုပ်ရတာကို မကြိုက်ရင်တောင် ကိုယ်လက်လှုပ်ရှားမှု လုပ်ခြင်းဟာ အကျိုးရှိပါတယ်။ လမ်းလျှောက်ခြင်း၊ အကသင်တန်းတက်ခြင်းတွေဟာ တူညီတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေမှာ ဖြစ်ပါတယ်။

ကျန်းမာတဲ့ စားသောက်ပုံ

ကျန်းမာတဲ့ စားသောက်ပုံဟာ ရောဂါတွေကိုကာကွယ် ပေးရုံသာမက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုလည်း ထိန်းသိမ်းပေးပါတယ်။ မကျန်းမာတဲ့အစားအသောက်ရွေးချယ်ပုံတွေဟာ ဦးနှောက်နဲ့ စိတ်ကို ထိခိုက်စေပါတယ်။ ဒါဆိုအားနည်းလာပြီး ကို်ယ်ခံအားလည်း နည်းလာနိုင်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီနဲ့ သကြားဓါတ်အနည်းငယ်သာ ပါတဲ့ စားသောက်ပုံဟာ ပိုမိုအိပ်ကောင်းခြင်း၊ ကြည့်ကောင်ခြင်း၊ အားပြည့်ခြင်းနဲ့ စိတ်နေလို့ပိုမိုကောင်းခြင်းတွေ ဖြစ်နိုင်စေပါတယ်။

အိပ်ရေးဝအောင် အိပ်ပါ။

စိတ်ဓါတ်ကျနေတဲ့ လူတွေဟာ အိပ်ရေးပျက်ခြင်းကြောင့် ဖြစ်တဲ့ မျက်ကွင်းညိုခြင်းတွေ ဖြစ်တတ်ပါတယ်။ အိပ်ရေးပျက်ခြင်းဟာ သင့်အလုပ်ရှုပ်နေတယ်ဆိုရင်တော့ အဆင်ပြေသယောင်ရှိပါတယ်။ ဒါပေမယ့် သင်အလွန်အလုပ်ရှုပ်နေတယ်ဆိုရင်တောင် မအိပ်ပဲတော့ မနေသင့်ပါဘူး။ အိပ်ခြင်းဟာ တစ်နေ့တာလုံး စိတ်အခြေအနေကို ကောင်းမွန်စေပါတယ်။ အိပ်စက်မှုနည်းလေလေ ကိစ္စသေးသေးလေးတွေပေါ်မှာ ဒေါသထွက်မှုများလေလေဖြစ်တာကြောင့် သင့်ရုပ်ရည်ကိုလည်း ထိခို်က်နိုင်ပါတယ်။ ကောင်းမွန်စွာ အိပ်စက်ခြင်းထက် ဘာကမှ ပိုမကောင်းပါဘူး။

အထက်ဖေါ်ပြပါအချက်တွေကို လိုက်နာဖို့ဟာ ထင်သလောက်မလွယ်ကူပေမယ့် တစ်ဆင့်ပြီးတစ်ဆင့် ကြိုးစားသင့်ပါတယ်။ သင့်မှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေထိုင်ပုံမရှိဘူးဆိုရင် အခုပဲ ပြောင်းလဲမှုတွေကို တဖြည်းဖြည်း လုပ်သင့်ပါတယ်။ ပြီးပြည့်စုံတဲ့နေထိုင်ပုံဆိုတာ မရှိတာကြောင့် အလျင်အမြန် လုပ်ဖို့ မလိုအပ်ပါဘူး။ ကိုယ့်ကို သက်တောင့်သက်သာ ရှိစေပြီး လုပ်ဖို့အဆင်ပြေတဲ့ နေ့စဉ် အကျင့်ကောင်းတွေကိုသာ မွေးမြူသင့်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required