Toy Story ဇာတ်ကောင်များပုံစံဝတ်ဆင်ပြီး ဂျက်စတင်တင်ဘာလိတ်ခ်တို့မိသားစု ဟောလိုးဝင်းပွဲတော်ဆင်နွှဲ

Toy Story ဇာတ်ကောင်များပုံစံဝတ်ဆင်ပြီး ဂျက်စတင်တင်ဘာလိတ်ခ်တို့မိသားစု ဟောလိုးဝင်းပွဲတော်ဆင်နွှဲ

 

အမေရိကန်အဆိုတော် ဂျက်စတင်တင်ဘာလိတ်ခ်တို့မိသားစုသည် နာမည်ကျော်ကာတွန်းရုပ်ရှင်ဖြစ်သည့် Toy Story ဇာတ်ကားမှ ဇာတ်ကောင်ကာတွန်းရုပ်လေးများပုံစံအတိုင်း ၀တ်စုံဝတ်ဆင်ပြီး အောက်တိုဘာလ ၃၁ရက် နေ့တွင် ကျရောက်သည့် ဟောလိုးဝင်းပွဲတော်ကို ပျော်ရွှင်စွာဆင်နွှဲခဲ့ကြသည်။

ဂျက်စတင်တင်ဘာလိတ်ခ်နှင့်အတူ သူ၏ဇနီးဖြစ်သူနှင့် သားလေးတို့သည် Toy Story ဇာတ်ကား၏ နာမည် ကျော်ဇာတ်ကောင်များဖြစ်ကြသော Buzz Lightyear ၊ Jessie နှင့် Sheriff Woody တို့ပုံစံအတိုင်း ၀တ်စုံများ ၀တ်ဆင်ပြီးဓာတ်ပုံရိုက်ကာ အင်စတာဂရမ်၌တင်ခဲ့သည်။

အသက် ၃၆ နှစ်အရွယ်ရှိ ဂျက်စတင်တင်ဘာလိတ်ခ်က အဖြူရောင်နှင့် အစိမ်းရောင်အာကာသဝတ်စုံကို ၀တ်ဆင်ပြီး Buzz အဖြစ်တုပခဲ့သလို အသက် ၃၅နှစ်အရွယ်ရှိ သူ၏ဇနီးသည် ဂျက်စီကာဘီရယ်လ်က အနီရောင်ကျစ်ဆံမြီး၊ အနီရောင်ကောင်းဘွိုင်ဦးထုပ်၊ အဖြူရောင်ပေါ်၌ အနက်ရောင်အကွက်များပါရှိသော ဘောင်းဘီရှည်ကို ၀တ်ဆင်ပြီး Jessie အဖြစ် ဆင်နွှဲခဲ့သည်။

ဒါ့အပြင်သူတို့နှစ်ဦး၏ ၂ နှစ်အရွယ်သားငယ်လေး ဆိုင်းလက်စ်ကို ချစ်စဖွယ်ကောင်းသော Sheriff Woody ဖြစ်အောင် အညိုရောင်ကောင်းဘွိုင်ဦးထုပ်၊ အဝါရောင် အကျီင်္လက်ရှည်၊ နက်ပြာရောင်ဘောင်းဘီနှင့် သံဆူးတပ်ဘွတ်ဖိနပ်တို့ကို ၀တ်ဆင်ပေးခဲ့ကြသည်။

ထို့နောက်တွင် မိသားစုလိုက် ထို၀တ်စုံများနှင့်ဓာတ်ပုံတွဲရိုက်ကာ ဂျက်စတင်တင်ဘာလိတ်ခ်က သူ၏ အင်စတာဂရမ်ပေါ်သို့ တင်ခဲ့သည်။

ဒါ့အပြင်သူက ဓာတ်ပုံနှင့်အတူ “ ခင်ဗျားတို့ ကျနော်တို့ ၃ယောက်ကို လမ်းပေါ်မှာတွေ့ခဲ့ရင် သကြားလုံးကျွေးဖို့ သာ အသင့်ပြင်ထားပါ” ဟုလည်း ရေးသားကာ ပရိသတ်များကို စနောက်ခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required