လာမည့်နွေတွင် သောမတ်စ်လီမာကိုခေါ်ရန် လီဗာပူးလ်၊ ဘာစီလိုနာတို့နှင့် အာဆင်နယ်ပြိုင်ဆိုင်ရဖွယ်ရှိ

လာမည့်နွေတွင် သောမတ်စ်လီမာကိုခေါ်ရန် လီဗာပူးလ်၊ ဘာစီလိုနာတို့နှင့် အာဆင်နယ်ပြိုင်ဆိုင်ရဖွယ်ရှိ

 

နိုဝင်ဘာ ၁၊ လန်ဒန်။                ။ အာဆင်နယ်အသင်းအနေဖြင့် လာမည့်နွေရာသီတွင် သောမတ်စ်လီမာကို ခေါ်ယူရန် လီဗာပူးလ်၊ ဘာစီလိုနာအသင်းတို့နှင့် ပြိုင်ဆိုင်ရဖွယ်ရှိသည်။

အာဆင်နယ်နည်းပြအာစင်ဝင်းဂါးသည် သြဂုတ်လအပြောင်းအရွှေ့နောက်ဆုံးမိနစ်တွင် ပေါင်သန်း ၉၀ ဖြင့်ကမ်းလှမ်းမှု မအောင်မြင်ခဲ့သော်လည်း လာမည့်နွေတွင် မိုနာကိုကြယ်ပွင့်ကို ဆက်လက်ကြိုးပမ်းရန်ရှိနေခြင်းဖြစ်သည်။

တစ်ပတ်လုပ်ခ ပေါင်နှစ်သိန်းခွဲကျော်တောင်းဆိုနိုင်သည့် လီမာကို လီဗာပူးလ်နှင့် ဘာစီလိုနာအသင်းတို့ကလည်း စိတ်ဝင်စားနေ ကြသည်။

အာဆင်နယ်အသင်းအနေဖြင့် မိုနာကိုအသင်းနှင့်သဘောတူညီမှုရမည်ဟုယုံကြည်နေသော်လည်း လီမာနှင့်ပုဂ္ဂိုလ်ရေး သဘောတူညီမှုရရန်မှာ ကစားသမား၏ရွေးချယ်မှုအပေါ်တွင် မူတည်နေသည်။

လာမည့်နွေရာသီတွင် နောက်ထပ်နာမည်ကျော်တစ်ဦးကိုထပ်မရောင်းချရအောင် မိုနာကိုအသင်းကကြိုးပမ်းနေရပြီး အကယ်၍ ရောင်းချဖြစ်ပါကလည်း   မြင့်မားသည့်ပြောင်းရွှေ့ကြေး တစ်ရပ်ဖြစ်ပေါ်လာဖွယ် ရှိနေသည်။

ပြီးခဲ့သည့်အပြောင်းအရွှေ့ကာလက အာဆင်နယ်အသင်းသည် လီမာကိုခေါ်ယူနိုင်ရန်နီးစပ်ခဲ့သော်လည်း အပြောင်းအရွှေ့ နောက်ဆုံးရက်တွင် အချိန်မလုံလောက်ခဲ့ဟု မိုနာကိုဒုတိယဥက္ကဋ္ဌ ဗက်ဆီလ်ယက်က ဝန်ခံခဲ့သည်။

Ref; Mirror

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required