၁၀လကြာခန့် လက်တွဲပြီးနောက် ဆယ်လီနာဂိုမက်ဇ်နှင့် The Weeknd တို့ လမ်းခွဲပြတ်ဆဲ

၁၀လကြာခန့် လက်တွဲပြီးနောက် ဆယ်လီနာဂိုမက်ဇ်နှင့် The Weeknd တို့ လမ်းခွဲပြတ်ဆဲ

 

အသက် ၂၅ နှစ်အရွယ်ရှိ နာမည်ကျော်အဆိုတော်နှင့် သရုပ်ဆောင်ဖြစ်သူ ဆယ်လီနာဂိုမက်ဇ်နှင့် အသက် ၂၇ နှစ်အရွယ်ရှိ အဆိုတော် The Weeknd တို့ လမ်းခွဲပြတ်ဆဲသွားပြီဖြစ်ကြောင်း People မဂ္ဂဇင်းက ဖော်ပြခဲ့ သည်။

“ ဆယ်လီနာနဲ့ အေဘယ်လ် (The Weeknd) တို့ဟာ သူတို့နှစ်ဦးရဲ့ဆက်ဆံရေးကို အပြန်အလှန်သုံးသပ် ကြည့်ခဲ့ကြပါတယ်။ အေဘယ်လ်ဟာ သူ့ရဲ့နယ်လှည့်ဖျော်ဖြေပွဲတွေနဲ့ မအားလပ်နိုင်သလို ဆယ်လီနာဟာ လည်း နယူးယောက်မှာ ရိုက်ကူးရေးတွေနဲ့ အလုပ်များနေရပါတယ်။ ဒါဟာ သူတို့နှစ်ဦးအတွက်တော့ မလွယ်ကူ ပါဘူး” ဟု အတွင်းလူများ၏ ပြောကြားချက်ကို People မဂ္ဂဇင်းက ဖော်ပြခဲ့သည်။

“ဆယ်လီနာဂိုမက်ဇ်ဟာ အေဘယ်လ်ရဲ့ရှိုးပွဲတွေကို သူမ တတ်နိုင်တဲ့အချိန်မှာ လာရောက်အားပေးဖို့ ကြိုးစားခဲ့ ပါတယ်။ သူတို့နှစ်ဦးအနေဝေးသွားခဲ့တာဟာ အခုလိုလမ်းခွဲဲခဲ့ရတဲ့ အကြောင်းရင်းတစ်ခုလည်းဖြစ်ပါတယ်။ အရာအားလုံးပြီးဆုံးသွားပေမယ့် သူတို့နှစ်ဦးကတော့ အဆက်အသွယ်ရှိနေပါသေးတယ်” ဟု သတင်းများ၌ ဖော်ပြခဲ့ထားသည်။

“လမ်းခွဲမှုဟာ သူတို့နှစ်ဦးအတွက်တော့ မလွယ်ကူခဲ့ပါဘူး။ သူတို့နှစ်ဦး လမ်းခွဲဖို့ဦးတည်နေပြီဆိုတာကို သူတို့ နားလည်လိုက်ရတဲ့ အခိုက်အတန့်ဟာ တကယ့်ကိုခက်ခဲလွန်းပါတယ်” ဟု အဆိုပါအတွင်းလူကပြောဆိုခဲ့သလို ဆယ်လီနာဂိုမက်ဇ်သည် ဂျက်စတင်ဘီဘာနှင့် ပြန်တွဲခုတ်နေခြင်းမဟုတ်ကြောင်းကိုလည်း သူကဖြည့်စွက် ပြောကြားခဲ့သည်။

လွန်ခဲ့သော ၂၀၁၁ မှ ၂၀၁၅ အထိ လက်တွဲခဲ့ကြသည့် ဆယ်လီနာဂိုမက်ဇ်နှင့် ဂျက်စတင်ဘီဘာတို့သည် ယခု ရက်ပိုင်းအတွင်း အတူတကွရှိနေကြသည်ဟု သတင်းများက ဓာတ်ပုံများနှင့်တကွ ဖော်ပြခဲ့ကြသည်။ သူတို့ နှစ်ဦးသည် ဘုရားကျောင်းအတူတကွတက်ခဲ့ကြသလို ကယ်လီဖိုးနီးယားရှိ ၀က်စ်လိတ်ခ်ရွာမှ ကော်ဖီဆိုင်၌ မနက်စာအတူစားသုံးနေကြသည်ကို TMZ က ပြီးခဲ့သောရက်ပိုင်းက ဓာတ်ပုံနှင့်တကွ ဖော်ပြခဲ့သည်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly