ကြေးမုံသတင်းစာတိုက် မီးရှို့ခံရပြီး ငွေကျပ် သိန်း ၈ဝဝ ကျော်ပျောက်ဆုံးနေ

ကြေးမုံသတင်းစာတိုက် မီးရှို့ခံရပြီး ငွေကျပ် သိန်း ၈ဝဝ ကျော်ပျောက်ဆုံးနေ

 

ရန်ကုန်၊ အောက်တိုဘာလ ၃၁ ။                        ။ ရန်ကုန်မြို့ ၅၂ လမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်ရှိ နိုင်ငံပိုင်ကြေးမုံသတင်းစာတိုက် တွင် မန်နေဂျာအခန်း  မီးရှို့ခံရပြီး ငွေကျပ် သိန်း ၈ဝဝ ကျော်ပျောက်ဆုံးနေကြောင်း ပုဇွန်တောင်မြို့မရဲစခန်းမှ သိရသည်။

အဆိုပါ  မီးရှို့ခံရမှုမှာ အောင်တိုဘာလ ၃ဝ ရက်နေ့၊ ည ၆ နာရီခန့်အချိန်ကဖြစ်ပွားခဲ့ခြင်းဖြစ်သည်။  အခင်းဖြစ်နေရာရှိ ငွေကျပ် သိန်းသိန်း ၈ဝဝ ကျော် ထည့်ထားသည့် ပီနံအိတ်မှာ တဝက်တပျက် မီးလောင်ကျွမ်းနေသဖြင့် စစ်ဆေးရာ  ငွေစက္ကူပုံသဏ္ဌာန်ရောညှပ်ထားသည့် ငွေသတင်းစာစက္ကူများသာဖြစ်ကြောင်း၊ မီးခံသေတ္တာအတွင်း ထည့်သွင်းရမည့် ငွေကျပ် သိန်း ၈ဝဝ ကျော်မှာ   ပျောက်ဆုံးနေကြောင်း သိရသည်။

" ပီနံအိတ်ကို  မီးရှို့သွားတာမှန်ပါတယ်။ ပီနံအိတ် ထဲမှာရှိနေတဲ့ ပိုက်ဆံတွေဆိုတာက သတင်းစက္ကူကို ညှပ်ထည့်ထားတဲ့ဟာတွေ။ အခုလက်ရှိမှာတော့ ငွေကိုင်ဝန်ထမ်း အမျိုးသမီးကို အမှုဖွင့်စစ်နေတယ်"ဟု ပုဇွန်တောင်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောသည်။

လက်ရှိတွင် အဆိုပါ အမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး ကြေးမုံသတင်းစာတိုက်မှ ငွေကိုင်ဝန်ထမ်းအမျိုးသမီးကို ပုဇွန်တောင်မြို့မရဲစခန်းတွင်  (ပ)၂၆ဝ/၂ဝ၁၇၊ ရာဇသတ်ကြီးပုဒ်မ- အလွဲသုံးစားလုပ်မှု ၄ဝ၉၊ အကျိုးစီးပွားဖျက်စီးမှု ၄၃၆ ဖြင့် အမှုဖွင့်အရေးယူထားပြီး ကနဦးတွင် ယမန်ယူစစ်ဆေးလျက်ရှိကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required