“ခံစစ်က သူတို့လက်နက်ပဲ”ဟု မော်ရင်ဟိုနှင့် မေဝဲသာတို့ကို ဂယ်ရီနဗီးလ်နှိုင်းယှဉ်

“ခံစစ်က သူတို့လက်နက်ပဲ”ဟု မော်ရင်ဟိုနှင့် မေဝဲသာတို့ကို ဂယ်ရီနဗီးလ်နှိုင်းယှဉ်

အောက်တိုဘာ ၃၁၊ မန်ချက်စတာ။           ။ မန်ချက်စတာယူနိုက်တက်ကစားသမားဟောင်း ဂယ်ရီနဗီးလ်က မော်ရင်ဟိုကို လက်ဝှေ့အကျော်အမော် ဖလွိုက်မေဝဲသာနှင့် ခိုင်းနှိုင်းပြောဆိုလိုက်သည်။

မော်ရင်ဟိုသည် စနေနေ့က စပါးအသင်းကို ၁-၀ ဂိုးဖြင့်အနိုင်ရသည့်ပွဲမတိုင်မီ ပရိသတ်များ၏အဆက်မပြတ်မေးခွန်းထုတ်မှုနှင့် ရင်ဆိုင်ခဲ့ရပြီး ပွဲအပြီး၌ ပရိသတ်များကို တိတ်တိတ်နေရန် အမူအယာဖြင့်ပြသခဲ့သည်။

၅၁ ပွဲရှုံးပွဲမရှိသည့် ကမ္ဘာ့လက်ဝှေ့ချန်ပီယံ မေဝဲသာသည်လည်း လက်ဝှေ့ထိုးရာတွင် ပျင်းရိစရာကောင်းသည့် စိတ်ရှည်မှုနှင့် နည်းစနစ်ကြောင့် ဝေဖန်ခြင်းခံရသူဖြစ်သည်။ မော်ရင်ဟိုသည်လည်း အလားတူပင်ဖြစ်သည်ဟု ဂယ်ရီနဗီးလ်ကဆိုသည်။

“ပိုချက်တီနိုနဲ့ ကလော့ပ်တို့က အံ့မခန်းတိုက်စစ်အားသန်တဲ့နည်းပြတွေလို့ ပြောချင်ပါတယ်။ ဒါပေမဲ့ မော်ရင်ဟိုကတော့ မေဝဲသာနဲ့တူတယ်။

မေဝဲသာဟာ ပျင်းရိစရာကောင်းတဲ့ ခံစစ်ကိုသူ့လက်နက်အဖြစ်အသုံးပြုပြီး ပြိုင်ဘက်ကို ပင်ပန်းသွားအောင်လုပ်တယ်။ ကလော့ပ်ဆိုရင် မော်ရင်ဟိုနဲ့ဆုံတုန်းက မော်ရင်ဟိုရဲ့အထူးအစွမ်းအစကို သူမျှော်လင့်သလို မမြင်ရဘဲ အဲဒီလိုကြံုရလိမ့်မယ်လို့ ထင်ထားခဲ့မှာ မဟုတ်ဘူး။

စပါးအသင်းဆိုရင်လည်း သူတို့လုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုအားနည်းခဲ့တယ်။ တန်ပြန်တိုက်စစ်ပြန်ဆင်ခံရမှာ ကြောက်ခဲ့တယ်။ မော်ရင်ဟိုဟာ အခုထက်ပိုပြီးလေးစားခံရသင့်ပါတယ်။

တိတ်တိတ်နေဆိုတဲ့အမူအယာက ‘ငြိမ်ငြိမ်နေ၊ ကိုယ့်နည်းကိုယ့်ဟန်နဲ့လုပ်နေတယ်။ ငါ့ရဲ့နည်းလမ်းနဲ့ အနိုင်ရဖို့လုပ်နေတယ်’ လို့ ပြောချင်ခဲ့ပုံပါပဲ”ဟု ဂယ်ရီနဗီးလ်က ဆိုသည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly