အီတလီကိုလွမ်းကြောင်းပြောခဲ့ပြီးနောက် ချယ်လ်ဆီးတွင်သာ ဆက်ကစားချင်သည်ဟု မိုရာတာဆိုပြန်

အီတလီကိုလွမ်းကြောင်းပြောခဲ့ပြီးနောက် ချယ်လ်ဆီးတွင်သာ ဆက်ကစားချင်သည်ဟု မိုရာတာဆိုပြန်

အောက်တိုဘာ ၃၁၊ လန်ဒန်။           ။ အီတလီကိုလွမ်းနေကြောင်းပြောဆိုမှုမှာ လန်ဒန်တွင်မပျော်ကြောင်းအဓိပ္ပါယ်သက်ရောက်မည်ကိုစိုးရိမ်နေသည့် မိုရာတာက ချယ်လ်ဆီးတွင်သာ နောက်ထပ်ဆယ်စုနှစ်တစ်ခုကြာ ဆက်ကစားချင်သည်ဟု ပြောဆိုလိုက်သည်။

“ကျွန်တော် ချယ်လ်ဆီးအသင်းမှာရော လန်ဒန်မြို့မှာပါ ပျော်နေပါတယ်။ တကယ်လို့ ကျွန်တော်ကောင်းကောင်းကစားပြီး တိုးတက်လာရင် ဒီမှာ ငါးနှစ်ကျော်ဆက်နေနိုင်မှာပါ။

တကယ်လို့ ချယ်လ်ဆီးက ၁၀ နှစ်လောက်နေဖို့ကမ်းလှမ်းရင်လည်း လက်မှတ်ထိုးဖြစ်မှာပါ။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ ဂိုးတွေ အများကြီးသွင်းဖို့လိုအပ်သလို ချယ်လ်ဆီးကလည်း တခြားကစားသမားကို ဝယ်ဦးမှာပါ”ဟု ဇူလိုင်လကမှ ငါးနှစ်စာချုပ်ထား သည့် မိုရာတာက ပြောသည်။

ရီးယဲလ်မက်ဒရစ်အသင်းတွင် ကစားသမားတစ်ဦးကဲ့သို့ ဆက်ဆံခြင်းမခံခဲ့ရကြောင်း၊ အီတလီတွင် ဂျူဗင်တပ် အသင်းနှင့် ကစားခဲ့ရသည့် အချိန်များကို လွမ်းမိကြောင်းနှင့် တစ်နေ့တွင် အီတလီသို့ပြန်သွားချင်ကြောင်း တနင်္လာနေ့တွင် ဂက်ဇက်တာ ဒယ်လိုစပို့နှင့် အင်တာဗျူးတွင် မိုရာတာက ပြောဆိုထားသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required