Ballon d’Or ဆုအတွက် မက်ဆီ၊ နေမာ၊ စီရော်နယ်ဒိုတို့ကို စိန်ခေါ်ရန် အများကြီးကြိုးစားရဦးမည်ဟု အမ်ဘတ်ပီဆို

Ballon d’Or ဆုအတွက် မက်ဆီ၊ နေမာ၊ စီရော်နယ်ဒိုတို့ကို စိန်ခေါ်ရန် အများကြီးကြိုးစားရဦးမည်ဟု အမ်ဘတ်ပီဆို

အောက်တိုဘာ ၃၁၊ ပြင်သစ် ။           ။ ပီအက်စ်ဂျီအသင်း၏ လူငယ်ခြေတက်တိုက်စစ်မှူး အမ်ဘတ်ပီက Ballon d’Or ဆုအတွက် မက်ဆီ၊ နေမာနှင့်စီရော်နယ်ဒိုတို့ကို စိန်ခေါ်နိုင်ရန် အများကြီး ကြိုးစားရဦးမည်ဟု ပြောဆိုလိုက်သည်။

အသက် ၁၈ နှစ်သာရှိသေးသည့်အမ်ဘတ်ပီသည် ပြီးခဲ့သည့်ရာသီက မိုနာကိုအသင်းနှင့်အတူ ပြင်သစ်လိဂ်ချန်ပီယံဖြစ်ခဲ့သော ကြောင့် ၂၀၁၇ ခုနှစ်၏ Golden Boy Award ဆုကို ရရှိခဲ့သည်။

“ကျွန်တော့်အနေနဲ့ ကမ္ဘာ့အကောင်းဆုံးဆုကိုရဖို့ အဆင့်တွေအများကြီး လိုပါသေးတယ်။ အများကြီးသင်ယူရဦးမှာပါ” ဟု အမ်ဘတ်ပီက ဆိုသည်။

အမ်ဘတ်ပီက ၎င်း၏အသင်းဖော်နေမာမှာမူ Ballon d’Or ဆုကို စိန်ခေါ်နိုင်စွမ်းရှိနေပြီဟု ဆိုသည်။

“နေမာက ဘောလုံးကျွမ်းကျင်မှုမြင့်မားသလို နည်းစနစ်ပိုင်းကောင်းမွန်တာကြောင့် Ballon d’Or ဆုကိုရနိုင်ပါတယ်။ ကျွန်တော့်ကို သူ့ရဲ့တောင်ပံအဖြစ် အသုံးချနိုင်ပါတယ်။ ကျွန်တော်သူ့ကို ကူညီပေးနိုင်ရင် သူ အကောင်းဆုံးဆုရနိုင်ပါတယ်။ ဒါပေမဲ့အသင်းအောင်မြင်မှုရဖို့က ပိုအရေးကြီးပါတယ်” ဟုအမ်ဘတ်ပီက ဆိုသည်။

လက်ရှိတွင် နေမာမှာ ပီအက်စ်ဂျီအတွက် ၁၁ ပွဲကစားရာတွင် ၁၀ ဂိုးသွင်းထားပြီး အမ်ဘက်ပီမှာ ၁၀ ပွဲတွင် ၄ ဂိုးသွင်းထားသည်။

ရည်ညွှန်း ဒေးလီးပို့စ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required