အဆုတ်ကင်ဆာ၏ နောက်ဆက်တွဲဆိုးကျိုးများ

အဆုတ်ကင်ဆာ၏ နောက်ဆက်တွဲဆိုးကျိုးများ

ရေးသားသူ Hello Sayarwon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

ကင်ဆာဆိုးရွားလာသည်နှင့်အမျှ ကင်ဆာသည် ခန္ဓာကိုယ်၏အခြားနေရာများသို့ပြန့်သွားလျှင် နောက်ဆက်တွဲဆိုးကျိုးများလည်း ဆိုးလာနိုင်သည်။အချို့သော နောက်ဆက်တွဲဆိုးကျိုးများသည် ကုသမှုများကြောင့်ဖြစ်ရသည်။

အဆုတ်ကို သက်ရောက်ခြင်း

အဆုတ်ကင်ဆာပြန့်သွားလျှင် ပင်မအသက်ရှုလမ်းကြောင်းကို ပိတ်သွားခြင်း၊ အဆုတ်ရေဝိုင်းခြင်းတို့ကြောင့် အသက်ရှုမဝဖြစ်ကာမောပန်းလာနိုင်သည်။ အချိန်ကြာလာသောအခါ   အောက်ဆီဂျင်လုံလောက်စွာမရသောကြောင့် နှလုံးရောဂါကဲ့သို့မောလာနိုင်သည်။

အဆုတ်တွင်အရည်များ ကြာရှည်စွာစုပုံလာသောအခါ နမိုးနီးယားအဆုတ်ရောင်ရောဂါဖြစ်လာနိုင်သည်။ ထိုအခါ ဖျားခြင်း၊ ရင်ဘတ်အောင့်ခြင်း နှင့် ဆေးရုံတက်ရနိုင်သည်။

အဆုတ်ကင်ဆာရှိသောသူများသည် အသက်ရှုလမ်းကြောင်းတွင် သွေးထွက်ခြင်းကြောင့် သွေးအန်နိုင်သည်။

သွေးထွက်သော အကြောင်းများအပေါ်မူတည်ပြီး ထိန်းချုပ်နိုင်ရန် နည်းများရှိပါသည်။

အာရုံကြောများထိခိုက်ပျက်စီးခြင်း

အဓိကအားဖြင့် လက်နှင့် ခြေဖဝါးရှိ အာရုံကြောများထိခိုက်ပျက်စီးခြင်းဖြစ်သည်။ အကြောင်းမှာ အဆုတ်ကင်ဆာသည် လက်မောင်းနှင့် ပခုံးနားရှိအာရုံကြောများကို ပျက်စီးစေသောကြောင့်ဖြစ်သည်။

ထို့ပြင် ကင်ဆာကုသမှု အချို့ကြောင့် ထိုအာရုံကြောများထိခိုက်ပျက်စီးသွားသောအခါ ထိုနေရာများတွင် ထုံကျဉ်ခြင်း၊ အားနည်းခြင်း၊ နာကျင်ခြင်း တို့ခံစားရနိုင်ပါသည်။ အာရုံကြောများထိခိုက်ပျက်စီးသွားခြင်းကို ဆေးသောက်ကာ သက်သာအောင်ကုသနိုင်ပါသည်။

အဆုတ်ကင်ဆာသည် မျက်နှာနှင့် လည်ပင်များရှိအာရုံကြောများကို ပျက်စီးစေသောအခါ ဟော်နာလက္ခဏာစု (မျက်စိသူငယ်အိမ်ကျဉ်းခြင်း၊ မျက်ခွံကျခြင်း၊ မျက်နှာတခြမ်းချွေးမထွက်ခြင်း)ဖြစ်စေနိုင်သည်။

အဆုတ်ကင်ဆာသည် အသံအိုးရှိအာရုံကြောများကို ပျက်စီးစေသောအခါ အသံသြခြင်းနှင့် အသံပြောင်းခြင်းတိုကကိုဖြစ်စေနိုင်သည်။ထိုသို့ အာရုံကြောများထိခိုက်ပျက်စီးသွားခြင်းကို ဆေးသောက်ကာ သက်သာအောင်ကုသနိုင်ပါသည်။

နာကျင်ခြင်း

ရင်ဘတ်နှင့် အဆုတ်ကင်ဆာပြန့်သွားသော အခြားနေရာများတွင်နာကျင်နို်င်သည်။ ရောဂါပြင်းထန်လာလျှင် နာကျင်မှုကို ခံစားရနိုင်ပြီး ဆေးသောက်ခြင်း၊ ဓာတ်ကင်ခြင်းတို့ဖြင့် သက်သာအောင်ကုသနိုင်သည်။

အခြားနောက်ဆက်တွဲ ဆိုးကျိုးများ

အဆုတ်ကင်ဆာသည် ကင်ဆာကြိတ်အနီးရှိ ပင်မသွေးကြောများကိုဖိအားဖြစ်စေသောကြောင့် နှလုံးနှင့် အစာရေမျိုပြွန်များကိုလည်း ထိခိုက်နိုင်သည်။ ရင်ဘတ်၊ လည်ပင်းနှင့် မျက်နှာတို့တွင် အကြိတ်များလည်းဖြစ်စေသည်။

ထိုအခါ မျက်စိအမြင်မကြည်လင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်းနှင့် မောပန်းနွမ်းနယ်ခြင်းတို့ကို ဖြစ်စေနိုင်သည်။ ကင်ဆာကြောင့် နှလုံးဘေးတွင်ရေအိုင်ပြီး နှလုံးခုန်မမှန်ခြင်းကို ဖြစ်စေနိုင်သည်။

အဆုတ်ကင်ဆာသည်အစာရေမျိုပြွန်နားတွင် ဖြစ်လျှင် အစာမျိုရခက်ခြင်းနှင့် အစာမျိုလျှင် တောက်လျှောက်နာကျင်ခြင်းတို့ဖြစ်စေနိုင်သည်။

ကင်ဆာပျံ့ပွားခြင်း

ကင်ဆာသည် ဦးနှောက်၊ အသည်း၊ အရိုးနှင့် အခြားသော နေရာများသို့ပြန့်သွားသောအခါ သိသာထင်ရှားသော ဆိုးကျိုးများဖြစ်လာနိုင်ပါသည်။ ကင်ဆာကြိတ်သည် ဟော်မုန်းနှင့် အခြားသော ဓာတ်ပစ္စည်းများထုတ်ပြီး ၎င်းအနီးရှိအရာများကို ထိခိုက်စေပြီး တခါတရံတွင် အဝေးသို့ပြန့်နိုင်သည်။

ထိုရောဂါလက္ခဏာများသည် နာကျင်ခြင်း၊ ပျို့အန်ခြင်း၊ ခေါင်းကိုက်ခြင်းကင်ဆာနှင့်တွဲဖြစ်သော လက္ခဏာများဖြစ်ပြီး ကုသနိင်သောနည်းလမ်းများလည်းရှိပါသည်။

ရေရှည်အတွက် ရှုမြင်သုံးသပ်ချက်

ရေရှည်တွင် အဆုတ်ကင်ဆာ၏ နောက်ဆက်တွဲ ဆိုးကျိုးများဖြစ်လာနိုင်ပါသည်။ သင်သည် ထိုရောဂါလက္ခဏာများကို သိရှိပြီး လိုအပ်လျှင် စောလျှင်စွာကုသမှုခံယူနိုင်ရန် အရေးကြီးပါသည်။

အသက်ရှင်နိုင်ချေသည် ကင်ဆာအဆင့်အပေါ်မူတည်သည်။ အဆုတ်ကင်ဆာကို စောစောသိလျှင် နလန်ထူလာနိုင်ချေများသည်။ အချို့သော အဆုတ်ကင်ဆာများသည် ရောဂါကျွမ်းနေသည့်တို်င် လက္ခဏာမပြခြင်းကြောင့် ပိုမိုပြင်းထန်သောကုသမှုမျိုးလိုအပ်သည်။

သင်သည် အဆုတ်ကင်ဆာကိုရောဂါရှာမရဖြစ်နေလျှင် ဆရာဝန်နှင့်ပြကာပိုမိုကောင်းမွန်သော ရှုမြင်သုံးသပ်ချက်များကို ရယူသင့်ပါသည်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required