အိန္ဒိယလေကြောင်းလိုင်း IndiGo က A320neo မျိုးဆက်သစ်လေယာဉ် ၂၅၀ မှာယူ အဲဘတ်စ်အတွက် စံချိန်တင်မှာ ယူခံရခြင်းဖြစ်

အိန္ဒိယလေကြောင်းလိုင်း IndiGo က A320neo မျိုးဆက်သစ်လေယာဉ် ၂၅၀ မှာယူ အဲဘတ်စ်အတွက် စံချိန်တင်မှာ ယူခံရခြင်းဖြစ်

ပါရီ၊ သြဂုတ် ၁၇ ။       ။ အိန္ဒိယလေကြောင်းလိုင်း IndiGoက A320neo မျိုးဆက်သစ်လေယာဉ် အစင်း ၂၅၀ မှာယူထားသည်ဟု သြဂုတ် ၁၇က အဲဘတ်စ်က ကြေညာလိုက်ရာ အဲဘတ်စ်သို့ အရေအတွက်အားဖြင့် အကြီးမားဆုံးမှာယူမှုဖြစ်ကြောင်းသိရသည်။

အဲဘတ်စ်၏ A320neo လေယာဉ်သည် ၂၀၁၄ခုနှစ်က တူလောက်မြို့အနီး ဘလက်ညက်တွင် စမ်းသပ်ပျံသန်းပြခဲ့သည်။ ကက်တလောက်ဈေးနှုန်းအရ အမှာစာတန်ဘိုးမှာ ဒေါ်လာ ၂၆ဒသမ၅ ဘီလျံ (ယူရိုငွေ ၂၄ဘီလျံ)ခန့်ရှိပြီး တန်ဘိုးနည်းလေကြောင်းလိုင်းက ပိုင်ဆိုင်သော A320 နှင့် A320neo လေယာဉ်အလတ်စား စုစုပေါင်း ၅၃၀ အထိရှိလာမည်ဖြစ်သည်။

အာရှတစ်ဝန်းရှိ နိုင်ငံအများကဲ့သို့ပင် အိန္ဒိယ၏ လေကြောင်းခရီးသည်ဈေးကွက်မှာ လျင်မြန်စွာကျယ်ပြန့်လာနေပြီး လူလတ်တန်းစားဦးရေလျင်မြန်စွာတိုးတက်မှုနှင့်အတူ ဈေးကွက်မှာ ဆက်လက်ကြီးထွား ဖွယ်ရှိသည်။ ဒေသတွင်း နိုင်ငံတကာခရီးသွားလုပ်ငန်းမှာလည်း စန်းပွင့်လျက်ရှိသည်။

တန်ဘိုးနည်းလေကြောင်းခရီးစဉ်များက မြို့ငယ်လေးများအထိ ဖြန့်ကျက်လာသည်နှင့် ပိုမိုသေးငယ်သော ခရီးသည်တင်လေယောဉ်များမှာလည်း ဝယ်လိုအားမြင့်မားလာနေသည်။ အစဉ်အလာ A320 လေယာဉ်များနှင့် မတူသည်မှာ neo လေယာဉ်ကို ဆီစားနှုန်း ၁၅ရာခိုင်နှုန်းသက်သာရန် ထုတ်လုပ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required