အိမ်ဖြူတော်ရှေ့တွင် မြန်မာအစိုးရကို အမေရိကန်-အစ္စလာမ်အဖွဲ့အစည်းများဆန္ဒပြ

အိမ်ဖြူတော်ရှေ့တွင် မြန်မာအစိုးရကို အမေရိကန်-အစ္စလာမ်အဖွဲ့အစည်းများဆန္ဒပြ

၀ါရှင်တန်၊ အောက်တိုဘာ ၃၀ ။           ။ အမေရိကန်ပြည်ထောင်စုသမ္မတအိမ်ဖြူတော်ရှေ့တွင် အစ္စလာမ်ဘာသာရေးအဖွဲ့များက မြန်မာအစိုးရကို ယနေ့ ဆန္ဒပြခဲ့ကြသည်။

ရခိုင်ပြည်နယ်တွင် လူမျိုးသုန်းသတ်ဖြတ်မှုများရှိနေသည်ဆိုသော စွပ်စွဲချက်များဖြင့် ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

အမေရိကန်-အစ္စလာမ်ဆက်ဆံရေးကောင်စီ(CAIR)၊ မြောက်အမေရိက အစ္စလာမ် အဖွဲ့အစည်း (ISNA)၊ မွတ်စလင်မ်အမေရိကန်အဖွဲ့အစည်း (MAS)တို့က ဦးဆောင်ပြီး ရာနှင့်ချီ၍ ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

ဆန္ဒပြသူများက ရခိုင်ပြည်နယ်တွင် အစိုးရ၏စစ်ဆင်ရေးများ ရပ်တပ်ရန်နှင့် မြန်မာအစိုးရကို အမေရိကန်အစိုးရက ဖိအားပေးရန် တောင်းဆိုခဲ့ကြသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမောင်တောဒေသတွင် သြဂုတ်လ ၂၅ရက်နေ့က အစွန်းရောက် ARSAအဖွဲ့က အကြမ်းဘက်တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ပြီးနောက် တပ်မတော်က နယ်မြေရှင်းလင်းရေးများ လုပ်ဆောင်ခဲ့ရာ ဒေသခံဘင်္ဂါလီလေးသိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားသည်ဟု ကုလသမ္မဂက ထုပ်ပြန်ထားသည်။

ယနေ့အိမ်ဖြူတော်ရှေ့တွင် ဆန္ဒပြရာ၌ လူမျိုးသုန်းသတ်ဖြတ်မှုများ ယနေ့အထိရှိနေသည်ဟု ဦးဆောင်ဆန္ဒပြသူများက ပြောဆိုခဲ့ကြသည်။

မြန်မာအစိုးရ၏ သတင်းထုပ်ပြန်ချက်များတွင်မူ စက်တင်ဘာလ ၅ ရက်နောက်ပိုင်းတွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှု မရှိတော့ကြောင်းဖေါ်ပြထားပြီး

ရခိုင်ဖြစ်စဉ်နှင့်ပတ်သက်၍ လူမျိုးသုန်းသတ်ဖြတ်မှု လုံးဝမရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောထားသည်။

၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်မှ စက်တင်ဘာလ ၅ ရက်နေ့အထိ ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက် တိုက်ခိုက်သူများနှင့် ထိတွေ့တိုက်ခိုက်မှုဖြစ်စဉ် ၉၇ ကြိမ်ဖြစ်ပွားခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့ဝင် ၁၃ ဦး၊ နိုင်ငံ့ဝန်ထမ်း ၂ ဦးကျဆုံး၍ လုံခြုံရေး တပ်ဖွဲ့ဝင် ၁၅ ဦး၊ နိုင်ငံ့ဝန်ထမ်း ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သူ ၃၇၁ ဦး အသေ ရရှိကာ ၃၈ ဦးဖမ်းဆီးရမိခဲ့ကြောင်း၊အကြမ်းဖက်တိုက်ခိုက် သတ်ဖြတ်မှုကြောင့် ဒေသခံ တိုင်းရင်းသား ၁၄ ဦး၊ ဟိန္ဒူဘာသာဝင် ဘင်္ဂါလီ ရ ဦး၊ အစ္စလာမ် ဘာသာဝင် ဘင်္ဂါလီ ရဦး စုစုပေါင်း ၂၈ ဦး အသက်ဆုံးရှုံးခဲ့ရပြီး ဒေသခံ တိုင်းရင်းသား ၄ ဦးထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း၊ နောက်ဆက်တွဲ သတင်း ဖော်ထုတ်ချက်များအရ အကြမ်းဖက် သမားများက မောင်တော မြို့နယ် ရဲဘောက်ကျ ကျေးရွာမှ ဟိန္ဒူဘာသာဝင် ၉၀ကျော်အား အဓမ္မဖမ်းဆီး ခေါ်ဆောင်၍ ရက်စက်စွာ သတ်ဖြတ်ခဲ့ကြောင်းသိရှိရပြီး စက်တင်ဘာလ ၂၄ နှင့် ၂၅ ရက်နေ့များတွင် ဘော်တလာ ကျေးရွာ အနီး၌ သတ်ဖြတ်ခြင်းခံရသည့် ဟိန္ဒူဘာသာဝင် ရုပ်အလောင်း ၄၅ လောင်းအား တူးဖော်ရရှိခဲ့ကြောင်း တပ်မတော်က သတင်းထုပ်ပြန်ထားသည်။

Ref; Anadolu Agency

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly