Song-Song နှစ်ဦး၏မင်္ဂလာပွဲ၌ ပါ့ခ်ဘိုဂမ်က စန္ဒရားတီးပြီး လီကွမ်ဆူးနှင့် ယူးအာအင်တို့က ဂုဏ်ပြုစာရေးသားပေးမည်

Song-Song နှစ်ဦး၏မင်္ဂလာပွဲ၌ ပါ့ခ်ဘိုဂမ်က စန္ဒရားတီးပြီး လီကွမ်ဆူးနှင့် ယူးအာအင်တို့က ဂုဏ်ပြုစာရေးသားပေးမည်

 

တောင်ကိုရီးယား၏နာမည်ကျော်စုံတွဲဖြစ်သော ဆောင်ဂျွန်ကီနှင့် ဆောင်းဟေကိုတို့နှစ်ဦး၏ မင်္ဂလာပွဲ၌ သူတို့ နှစ်ဦး၏ အရင်းနှီးဆုံးသော သူငယ်ချင်းများက အမှတ်တရများစွာဖန်တီးပေးနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

သတင်းများအရ ဆောင်ဂျွန်ကီ၏အရင်းနှီးဆုံး မိတ်ဆွေများဖြစ်သော လီကွမ်ဆူးနှင့် ပါ့ခ်ဘိုဂမ်၊ ဆောင်းဟေကို ၏ အရင်းနှီးဆုံးမိတ်ဆွေဖြစ်သည့် ယူးအာအင်တို့သည် သူတို့နှစ်ဦး၏ မင်္ဂလာပွဲသို့တက်ရောက်မည်ဟု သိရသည်။

မင်္ဂလာပွဲတွင် ပါ့ခ်ဘိုဂမ်သည် လေးနက်ပြီးအဓိပ္ပါယ်ရှိသော သီချင်းတစ်ပုဒ်ကို စန္ဒရားတီး၍ ဖျော်ဖြေပေးမည် ဖြစ်ပြီး လီကွမ်ဆူးနှင့် ယူးအာအင်တို့သည် သူတို့ကိုယ်တိုင်ရေးသားထားသော ဂုဏ်ပြုစာများကို ပရိသတ်ရှေ့ မှောက်၌ ဖတ်ကြား၍ သတို့သား၊ သတို့သမီးစုံတွဲ၏ အနာဂတ်အတွက် ဆုမွန်ကောင်းတောင်းပေးမည်ဟု အတွင်းသတင်းများအရ သိရသည်။

ကနဦးသတင်းများ၌ဖော်ပြထားသည့်အတိုင်း ဆောင်ဂျွန်ကီနှင့် ဆောင်းဟေကိုတို့သည် အောက်တိုဘာလ ၃၁ ရက်နေ့တွင် ဆိုးလ်မြို့မှ ရှီလာဟိုတယ်ခန်းမအတွင်း၌ သီးသန့်မင်္ဂလာပွဲလေးတစ်ခု ကျင်းပသွားမည်ဖြစ်သည်။ နှစ်ဖက်အသိုင်းအဝိုင်းမှ မိသားစုများနှင့် မိတ်ဆွေများအပါအဝင် အထူးဧည့်သည် ၂၅၀ခန့်သာ သူတို့၏မင်္ဂလာပွဲ သို့ တက်ရောက်မည်ဖြစ်သည်။

Fin.K.L.၏ အဖွဲ့ဝင်ဟောင်းဖြစ်သူ အုတ်ခ်ဂျူးဟွမ်းက မင်္ဂလာသီချင်းကိုသီဆိုမည်ဖြစ်ပြီး ဆောင်ဂျွန်ကီ၏ သူငယ်ချင်းတစ်ဦးက အစီအစဉ်မှူးအဖြစ် လုပ်ကိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းများအရ ဆောင်ဂျွန်ကီနှင့် ဆောင်းဟေကိုတို့သည် ပျားရည်ဆမ်းခရီးစဉ်အဖြစ် ဥရောပသို့သွားရောက် လည်ပတ်မည်ဖြစ်ပြီး ထို့နောက်တွင် ဆိုးလ်မြို့ရှိ အစ်တေးဝမ်ရပ်ကွက်မှ နေအိမ်သစ်တစ်လုံး၌ နေထိုင်သွားကြ မည်ဖြစ်ကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required