ပရိသတ်ဆီကို ဆန့်ကျင်ဘက်ထောင့်ချိုးကနေ ပြန်လှည့်လာတဲ့ ငယ်ဆူး

ပရိသတ်ဆီကို ဆန့်ကျင်ဘက်ထောင့်ချိုးကနေ ပြန်လှည့်လာတဲ့ ငယ်ဆူး

အောက်တိုဘာ ၂၉ ။             ။ မ မရှိနေ့ရက်များ၊ ပဲပြုတ်သည် မထား သီချင်းတွေနဲ့ ပရိသတ်သတိထားမိလာတဲ့ တေးသံရှင် ငယ်ဆူးဟာ ၁၀ စုနှစ် တစ်ခုကြာ ပျောက်ကွယ်နေရာမှ ဆန့်ကျင်ဘက်ထောင့်ချိုးလို့ နာမည်ပေးထားတဲ့ စီးရီးနဲ့ ဂီတလောကနဲ့ သူ့ရဲ့ပရိသတ်တွေဆီကို ပြန်လာပါပြီ။

ဒီလိုပြန်လာတာဟာလည်း ပရိသတ်ဆီက ဘာမှမျှော်လင့်မထားပါဘူးလို့ အဆိုတော် ငယ်ဆူးက ပြောပါတယ်။

“ အနုပညာလောကမှာ အရမ်းမလှုပ်ရှားတော့ဘူး။ အခုချိန်မှာ ကိုယ်လုပ်ချင်တာလေးကို လုပ်ပြခွင့်ရတာကိုပဲ ကျေးဇူးတင်ပါပြီ။ ကျန်တာ ဘာမှ မမျှော်လင့်ပါဘူး။ ဒီခွေလေးကို နားထောင်ကြည့်ပါ။ နားထောင်ကြည့်ရင် ကျွန်တော်ပေးချင်တဲ့ မက်ဆေ့ချ်ကို ရမှာပါ”  လို့ ငယ်ဆူူးက ပွင့်ပွင့်လင်းလင်း ပြောပါတယ်။

အောက်တိုဘာလ ၂၈ ရက်နေ့ညနေက ရန်ကုန်မြို့ Orchid Hotel မှာ ပြုလုပ်ခဲ့တဲ့ တေးစီရီးမိတ်ဆက်ပွဲမှာ ပြောခဲ့တာပါ။

ဒီ သီချင်းခွေသစ်ထဲမှာ အော်တာနေတစ်ခ်၊ရောခ့်၊ ဂျက်ဇ်နဲ့ စလိုရော့ခ့် ပုံစံတွေ ဆိုထားပါတယ်လို့ အဆိုတော် ငယ်ဆူးက ပြောပါတယ်။

ငယ်ဆူးရဲ့သီချင်းတွေမှာ Rap  ရွတ်နေတဲ့ တေးရေး၊ တေးဆိုငယ်သူက ဘဝရဲ့အမှတ်တရ တွေကို ရေးထားပြီး သူ့ထက်တော်တဲ့ Rapper တွေ အများကြီးရှိပေမယ့် ဒီအခွေမှာ အမှတ်တရဆိုဖြစ်တာပါလို့ ပြောပါတယ်။

“ဆန့်ကျင်ဘက်ထောင့်ချိုး ” အခွေမှာ တေးရေး မောင်မောင်လတ်၊ မောင်မောင်၊ ငယ်ဆူး၊ ညီသူ တို့က ရေးသားထားပြီး Okra Band နဲ့ တီးခတ်ထားပါပြီး လာမယ့် နိုဝင်ဘာလ ၂ ရက်နေ့မှာ ထွက်ရှိမှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly