လိင်တူချစ်သူတစ်ဦးအဖြစ် နေထိုင်သွားမည်ဟု အော်စကာဆုရမင်းသားကြီး ကီဗင်စပေစီဖွင့်ဟပြောဆို

လိင်တူချစ်သူတစ်ဦးအဖြစ် နေထိုင်သွားမည်ဟု အော်စကာဆုရမင်းသားကြီး ကီဗင်စပေစီဖွင့်ဟပြောဆို

 

နှစ်ပေါင်းများစွာတိုင်အောင် သူ၏ဖိုမလက္ခဏာနှင့်ပက်သက်၍ ထွက်ပေါ်လာသော ကောလဟာလများကို မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့ပြီးနောက်တွင် အော်စကာဆုရမင်းသားကြီး ကီဗင်စပေစီက သူ၏ဘဝတစ်လျှောက် လိင်တူချစ်သူတစ်ဦးအဖြစ် နေထိုင်သွားမည်ဖြစ်ကြောင်း တနင်္ဂနွေနေ့တွင် ဖွင့်ဟပြောဆိုခဲ့သည်။

The Usual Suspects  နှင့် American Beauty တို့ကဲ့သို့သော ရုပ်ရှင်များနှင့် အော်စကာဆုများဆွတ်ခူးခဲ့ သည့်  အသက် ၅၈ နှစ်အရွယ်ရှိ မင်းသားကြီး ကီဗင်စပေစီသည် ထိုအကြောင်းအရာကို သူ၏တွစ်တာမှတဆင့် ကြေညာခဲ့ခြင်းဖြစ်သည်။

ဒါ့အပြင်သူ၏ရောင်းရင်းဖြစ်သော မင်းသားအန်သိုနီရက်ပ်အပေါ် မှတ်ချက်ပေးခဲ့သည့် စကားများနှင့်ပက်သက် ၍လည်း တောင်းပန်ခဲ့သည်။ ရက်ပ်သည် လွန်ခဲ့သောနှစ်ပေါင်း ၃၀ ခန့်က အမျိုးသားများနှင့် လိင်မှုကိစ္စစတင် ကြုံတွေ့ခဲ့သည်ဟု ပြောဆိုခဲ့ခြင်းနှင့်ပက်သက်၍ ကီဗင်စပေစီက တောင်းပန်ခဲ့ခြင်းဖြစ်သည်။

“လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ ကျော်ကအဖြစ်ကို ရိုးရိုးသားသားပြောရရင် ကျနော်မမှတ်မိပါဘူး။ ဒါကြောင့်မှားယွင်းခဲ့ ရင် ရက်ပ်ကိုကျနော်တောင်းပန်ပါတယ်။ ကျနော့်ဘဝမှာ အချို့သောအရာတွေကို ရင်ဆိုင်ဖို့အတွက် ရက်ပ်ရဲ့ အတွေ့အကြုံက တွန်းအားဖြစ်စေခဲ့ပါတယ်။ ကျနော့်ဘဝတစ်လျှောက် အမျိုးသားတွေနဲ့ ချစ်ကြိုက်ခဲ့သလို လိင်မှုကိစ္စတွေလည်း ကြုံတွေ့ခဲ့ရပါတယ်။ အခုအချိန်မှာကျနော်ဟာ လိင်တူချစ်သူ အမျိုးသားတစ်ဦးအဖြစ် နေထိုင်သွားဖို့ ရွေးချယ်လိုက်ပါပြီ” ဟု ကီဗင်စပေစီက သူ၏တွစ်တာ၌ ရေးသားကာ ပရိသတ်များကို အသိပေး ခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required