နှိပ်စက်လိုက်တာ . .လော်စပီကာ

နှိပ်စက်လိုက်တာ . .လော်စပီကာ

Yope သူငယ်ချင်းတို့ရေ ရပ်ကွက်ထဲမှာ လော်စပီကာတွေရဲ့ ဆူညံသံကြောင့် စိတ်အနှောက်ယှက်ဖြစ်တာ ကြုံခဲ့ရဖူးပါသလား။ ကျွန်တော်တို့နှင့်အတူ ဘယ်သူတွေ စိတ်အနှောက်ယှက် ကြုံခဲ့ရဘူးသလဲဆိုတာ မေးကြည့်ရအောင်နော်။

ဆိုက်ကားတွေ ဘာတွေနဲ့ ဆောင်းဘောက်ကြီးတွေ ၊ တင်သွားလို့ ရှိရင် အုံး အုံး နဲ့ ဘေစ့် အသံကြီးတွေ အရမ်းဆူတယ်။ အဲဒီလို အရမ်းဆူတော့ နားထဲ ကြားရ ခံရတာ ဒုက္ခဆိုးတယ် ။

 

 

 

ပတ်ဝန်းကျင်က အလှူခံတာနဲ့ ကြုံဖူးတာ။ အရမ်းအကျယ်ကြီး ဖွင့်တဲ့ အခါကျတော့ အာရုံက မရဘူးလေ။ စာမေးပွဲ ဖြစ်တဲ့ အခါကျတော့ တစ်ခါတလေ ဆရာမတွေက သွားပြောရတာတွေ ရှိတယ်။

 

 

 

ကထိန်တစ်ခါလှည့်တာပေါ့နော်။ ဘောက်ကြီးတွေနဲ့ ဖွင့်တော့ ဘောက်အသံက အရမ်းကျယ်လွန်း အားကြီးတော့ ရင်တွေ ဒုန်းဒုန်းဆို ခုန်သွားတယ်ပေါ့။ အသံကလည်း အရမ်းဆူညံတော့ မခံနိုင်ဘူးပေါ့။

 

 

 

နယ်ဘက်မှာ ရိုက်ကူးမှု တစ်ခု သွားလုပ်တယ်။ ကျွန်တော်တို့ ရိုက်နေတဲ့ အချိန်မှာ ဆောင်းဘောက်ကြီး တွေက ဒီ ဒီ ဆို မြန်မာအသံတွေ ထည့် ဖွင့်လည်း ဖွင့်ရော ကျွန်တော်တို့ ဘာမှ လုပ်လို့ မရဘူး။ အဲဒါနဲ့ ဖွင့်နေ တဲ့ သူကို သွားပြောတယ်။ ကျွန်တော်တို့ ဒီမှာ ရိုက်နေတယ် ခဏလေး ပိတ်ပေးပါလားဆိုတော့ ၊ ဟုတ်ကဲ့ ဟုတ်ကဲ့ လို့ ကောင်းကောင်းမွန်မွန်ပဲ ပြောတယ်။ ကျွန်တော်ပျော်သွားတာပေါ့။ သွားရိုက်တဲ့ အချိန်မှာ ငါးမိနစ် လောက်ပဲ  ပိတ်ပေးတယ်။ ပြီးတော့ ပြန်ဖွင့်ရော။ ကျွန်တော်တို့ ဘာမှ လုပ်လို့ မရဘူး။ လုပ်လို့မရတော့ အဲဒီမှာ ရှုတင် တစ်ရက် နားလိုက်ရတယ်။

 

ရင်တွေ ဘာတွေ တုန်သွားတာတော့ ဖြစ်တယ်။

 

 

 

 

နားမခံနိုင်ဘူးဗျ။ သူတို့က တအားဆူလွန်းတော့လေ။

 

 

 

 

ဘုရားလှည့်တာပဲ ဖြစ်ဖြစ် အလှူခံတာပဲ ဖြစ်ဖြစ်ပေါ့။ ဆူညံသံတွေ အရမ်းများလာတယ်။ အဲဒါ သိပ်တော့ မကောင်းဘူးပေါ့။

 

 

 

 

Yope သူငယ်ချင်းတွေကတော့ သူတို့ စိတ်အနှောက်ယှက် ကြုံခဲ့ရတာတွေကို အခုလိုပဲ ရင်ဖွင့်ခဲ့ပါတယ်။ သူငယ်ချင်းတွေလည်း ဆူညံသံတွေကြောင့် စိတ်အနှောက်ယှက် ကြုံရတာ ဖြစ်ခဲ့မယ်ဆိုရင် ဝေမျှပေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်။    ။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required