ရွေးကောက်ပွဲ၌အနိုင်ရရှိရန် နျူကလီးယားခြိမ်းခြောက်မှုကို ဂျပန်ဝန်ကြီးချုပ် ပုံကြီးချဲ့ခဲ့ဟု ပြံုယမ်းအစိုးရ စွပ်စွဲ

ရွေးကောက်ပွဲ၌အနိုင်ရရှိရန် နျူကလီးယားခြိမ်းခြောက်မှုကို ဂျပန်ဝန်ကြီးချုပ် ပုံကြီးချဲ့ခဲ့ဟု ပြံုယမ်းအစိုးရ စွပ်စွဲ

ဆိုးလ်၊ အောက်တိုဘာ ၂၉ ။              ။ ဂျပန်ဝန်ကြီးချုပ်သည် ရွေးကောက်ပွဲ၌အနိုင်ရရှိရန်အတွက် ပြုံယမ်းအစိုးရ၏ နျူကလီးယားခြိမ်းခြောက်မှုများကို ပုံကြီးချဲ့ပြောဆိုခဲ့ကာ ပြည်သူများ အထင်မြင်မှားအောင် လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားတို့က စနေနေ့ အနှောင်းပိုင်း၌ ထုတ်ပြန်ခဲ့သော တရားဝင်ကြေညာချက်ထဲ၌ စွပ်စွဲပြောဆိုခဲ့သည်။

ပြုံယမ်းအစိုးရက ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် ရွေးကောက်ပွဲ၌အနိုင်ရရှိရန်နှင့် သူ၏စစ်ရေးရည်မှန်း ချက်များပြည့်ဝရေးအတွက် အခြေခံဥပဒေပြင်ဆင်ဖို့ တွန်းအားပေးရန်အတွက်   ဖြစ်နိုင်ချေရှိသည့် နျူကလီးယား ခြိမ်းခြောက်မှုကို အသုံးချကာ ပြည်သူများ ကယောင်ချောက်ချားဖြစ်အောင် လှုံ့ဆော်ခဲ့ကြောင်း ပြောခဲ့သည်။

“အာဘေးနဲ့ သူ့ရဲ့အုပ်စုဟာ မြောက်ကိုရီးယားရဲ့ နျူကလီးယားခြိမ်းခြောက်မှုပုံပြင်တွေကို အသုံးပြုခဲ့တယ်ဆို တာ လူတကာသိတဲ့အချက်တစ်ခုဖြစ်ပြီး ဒီအချက်ကိုခုတုံးလုပ်ပြီးတော့ အခြေခံဥပေဒကို ပြန်လည်ပြင်ဆင်ကာ စစ်ပွဲအတွင်း ဂျပန်နိုင်ငံပါဝင်လာနိုင်အောင် လုပ်ဆောင်နေပါတယ်” ဟု ကိုရီးယားအာရုပစိဖိတ် ငြိမ်းချမ်းရေး ကော်မတီ၏   ပြောရေးဆိုခွင့်ရှိသူတစ်ဦးကဆိုခဲ့ကြောင်း ကေအဲန်စီအေသတင်းဌာန၏ ဖော်ပြချက်အရ သိရသ သည်။

ထိုပြောရေးဆိုခွင့်ရှိသူက အာဘေးသည် သူ၏အစိုးရအနေဖြင့် စိုးရိမ်ရသော ပဋိပက္ခများကို ကြုံတွေ့လာပါက သူ၏အာဏာတည်မြဲနိုင်အောင် မြောက်ကိုရီးယားကို အိုးမဲသုတ်အသုံးချလိုက်ခြင်းဖြစ်ကြောင်း ဆိုခဲ့သည်။

ဂျပန်နိုင်ငံသည် နိုင်ငံနှင့် သူ၏လူမျိုးများ၏ ကံကြမ္မာကို လောင်းကြေးထပ်ကာ အလွန်အန္တရာယ်များသော ကစားပွဲထဲကို ဝင်ရောက်ကစားနေကြောင်း သူက ဖြည့်စွက်ပြောကြားခဲ့သည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအမ်းက ဂျပန်နိုင်ငံသည် သမ္မတဒေါ်နယ်ထရမ့်နှင့် အမေရိကန်ပြည် ထောင်စု၏ လက်ကိုင်တုတ်အဖြစ် အသုံးတော်ခံနေပြီး ဂျပန်ကျွန်းစုများကို ပင်လယ်ရေအောက်၌ နှစ်မြုပ်ပစ် မည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ဖူးသည်။

ဒေါ်နယ်ထရမ့်သည် ဂျပန်နိုင်ငံသို့လာရောက်ပြီး အာဘေးနှင့်တွေ့ဆုံရန်ပြီး မြောက်ကိုရီးယားတို့၏ လက်နက် များနှင့် ကိုရီးယားကျွန်းဆွယ်အရေးကိစ္စများကို ဆွေးနွေးသွားရန် စီစဉ်နေခိုက်တွင် မြောက်ကိုရီးယားတို့က ယခုလို ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required