ဝေဖန်နေသူတွေကို တိတ်တိတ်ဆိတ်ဆိတ်နေဖို့ အမူအရာဖြင့် ပြောလိုက်သည့် မော်ရင်ဟို

ဝေဖန်နေသူတွေကို တိတ်တိတ်ဆိတ်ဆိတ်နေဖို့ အမူအရာဖြင့် ပြောလိုက်သည့် မော်ရင်ဟို

အောက်တိုဘာ ၂၉၊ အင်္ဂလန် ။            ။ စပါးအသင်းဘက်သို့ မာရှယ်အနိုင်ဂိုးသွင်းယူလိုက်သည့် အချိန်တွင် မန်ယူနည်းပြ မော်ရင်ဟိုသည် ကင်မရာဘက်သို့ လှည့်ပြီး ပါးစပ်ကို လက်ညှိုးဖြင့်ပိတ်ကာ တိတ်တိတ်နေဆိုသည့် အမူအရာမျိုး ပြုလုပ်ခဲ့သည်။

ထိုကဲ့သို့ ပြုလုပ်ခဲ့ခြင်းမှာ ၎င်းအပေါ်ဝေဖန်နေသူများအား ပြန်လည်တုံ့ပြန်ခဲ့ခြင်း ဖြစ်ကြောင်း မော်ရင်ဟိုက ပြောဆိုခဲ့သည်။

မန်ယူအသင်းသည် အိုးလ်ထရက်ဖို့ဒ်ကွင်းတွင် စပါးအသင်းကို အကြိတ်အနယ်ကစားခဲ့ရပြီး လူစားဝင်တိုက်စစ်မှူး မာရှယ်၏သွင်းဂိုးတစ်ဂိုးတည်းဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။

“တစ်ချို့လူတွေက စကားတွေအရမ်းပြောကြပါတယ်။ စိတ်အေးအေးထားပြီး သက်သောင့်သက်သာနေပါ။ စကားတွေအများကြီး မပြောပါနဲ့။ စိတ်တွေအရမ်းမလှုပ်ရှားပါနဲ့။ အရမ်းကြီး စိုးရိမ်ပူပန်မှုမဖြစ်ပါနဲ့” ဟု မော်ရင်ဟိုက ပြောဆိုခဲ့သည်။

စပါးနှင့်ပွဲတွင် အစွမ်းကုန်ပေးဆပ်ကစားခဲ့ကြသည့် မန်ယူအသင်းသားများကို နည်းပြမော်ရင်ဟိုက ချီးကျူးပြောဆိုခဲ့သေးသည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly