ဟာသ လူရွှင်တာ် ဦးမိုးကျော် နှင့် တွေ ့ဆုံခြင်း အပိုင်း (၂)

ဟာသ လူရွှင်တာ် ဦးမိုးကျော် နှင့် တွေ ့ဆုံခြင်း အပိုင်း (၂)

မေး ...  ဦးမိုးကျော်ရဲ့ ဟာသပြက်လုံးတွေ ခုချိန်ထိ မရိုးနိုင်အောင်ရှိနေပါတယ်။ လူငယ်တွေလလည်း ခုချိန်ထိပြန် ပြက်နေကြတာလည်း ကြားနေရပါတယ်ခင်ဗျ။ အရင်တုန်းက ဒီလိုပျက်လုံးတွေထုတ်ဖြစ်ခဲ့တဲ့ စိတ်ကူးလေးသိချင်ပါတယ်။

 ဖြေ ... အမှန်ကတော့ ပြက်လုံးထွင်တယ်ဆိုတာ ရှေးလူကြီးတွေဆီက ဦးရွှေငါးတို့ ဓါတ်ဆီ ဓါတ်စံတို့ဆီကလည်း ယူတယ် ။ နောက်လူငယ်ေတွေဆီကလည်း ယူတယ်။ ရပ်ကွက်ထဲမှာ၊ ဆိုက်ကားဂိတ်မှာ၊ ဘီယာဆိုင်မှာ ပြောနေတဲ့ စကားလေးတွေ မှတ်ထားပြီး ထည့်သုံးတာ ခလေးတွေပြောတဲ့စကား ဥပမာပြောပြမယ်(ဟာသပြော)

မေး ... လူရွှင်တော်ကောင်းတစ်ယောက်ဖြစ်အောင် ဘာတွေလိုအပ်ပါသလဲ ။

ဖြေ ... လူရွှင်တော်ကောင်းတစ်ယောက်ဖြစ်အောင် ပြောရရင် ဒီခေတ်က အနုပညာသမားချင်း ပွဲမငှားဘူး။  မင်းလဲလူရွှင်တော် ငါလဲလူရွှင်တော် ၊ မင်းမှာ အလှူအတန်းရှိရင် ငါက မေတ္တာနဲ့ပရဟိတ လာလုပ်ပေးရတာ။ ငှားတာက ပရိသတ်က ငှားတာလေ။  အဲဒီတော့ ပရိသတ်ကြိုက်အောင် လုပ်ရတော့တာကိုး။ တော်တော် များများက ပညာခန်းတွေ ဘာတွေခဏထား ၊ ဟိုးတုန်းက လေပြည်ထိုးတယ်။ တောဆို တောလေပြေ ၊ တောင်ဆို တောင်လေပြေ ၊ သူတောင်းစားဆို သူတောင်းစားလေပြေ ။ အဲ့ဒါတွေက ပျောက်ကုန်ပြီ အကုန်လုံး ပရိသတ်ကြိုက်အောင်ပဲ လုပ်နေကြတော့တာ ။

မေး ... မြန်မာ့အငြိမ့်သဘင်လူရွှင်တော်ကရတာနဲ့ ရုပ်ရှင်တွေမှာ ဟာသလုပ်ရတာနဲ့ ကွာခြားချက်နဲ့ ခံစားချက်လည်း သိချင်ပါတယ် ။

ဖြေ ... ဇာတ်သဘင်ကတော့ခဲယဉ်းပါတယ်။ ပြောရမယ်ဆိုရင် ရုပ်ရှင်ကဟိုတုန်းက ဖလင်နဲ့ဆိုတော့ တစ်တောင်လောက် ၂တောင်လောက် ပျက်သွားတာနဲ့မီးရှို့ လိုက်ရတာ။ ဒိုင်ယာလော့ကို ကြေညက်အောင် ချပေးပြီးတော့မှ ရိုက်ရတာ မှားလို့ မရဘူး။ မှားတာနဲ့ ဖလင်ကလွှင့်ပစ်ရမှာ။ ပျက်သွားမှာစိုးတော့။ ခုဒီခေတ်ကျတော့ ကားကြီးတွေတောင်မှ ဗီဒီယို ကင်မရာနဲ့ ရိုက်နေကြပြီ။ အခါတစ်ရာမှား ပြန်ရိုက်လို့ ရတယ် ။ စိတ်တိုတတ်တဲ့ တချို့ဒါရိုက်တာတွေကတော့ ပြောမှာပေါ့။ ဇာတ်သဘင်ကျ ပြက်လုံး ပြက်ပြီးတာနဲ့ လိုက်ကာချမယ်။ မှားသွားလည်း မရတော့ဘူး။  ပြန်ပြောလို့       လည်း မရဘူး ။ နောက်တစ်ပွဲကျ မမှားအောင်လုပ် ဒါပဲရှိတာ ။

မေး ...ခု တီဗီမှာ လာနေတဲ့လူရွှင်တော်ပြိုင်ပွဲတွေအပေါ်မှာရော ဒိုင်လူကြီး တစ်ယောက် လုပ်တယ်ဆိုတော့ ဦးရဲ့ အမြင်လေးလည်း သိချင်ပါတယ်။

ဖြေ ... ခုလက်ရှိအောင်မြင်နေတဲ့ လူရွှင်တော် အတော်များများ ဧရာ ကို ကျေးဇူးတင်သင့်တယ် သူစခဲ့တာလေ ။ ဒီပြိုင်ပွဲတွေ စတည်းက ဦးက ဒိုင်လုပ်ခဲ့တာ ။ အရင်တုန်းက လူရွှင်တော်ဆိုတာ ရေကြည့်လို့ရတယ်။ ဒီခေတ်ကြ ရေလို့ကို မရတော့ဘူး။  ခု မတရားဖောင်းပွသွားပြီ။ ဒီခေတ် ကလေးတွေတော်ပါတယ် ။ အကြံဉာဏ်လေးတွေ ပြက်လုံးလေးတွေ သုံးတာ ကောင်းပါတယ် ။

မေး ... ဟုတ်ကဲ့ ဒီအစီစဉ်ကိုကြည့်နေတဲ့ ပရိသတ်ကို ဘာများ လက်ဆောင်စကား ပါးချင်ပါသလဲ ခင်ဗျ ။

ဖြေ ... လက်ဆောင်စကားပါးချင်သလဲဆိုရင် ကြိုးစားရင် ဘာမဆိုဖြစ်တယ်။ ဘုရားတောင်ဖြစ်သေးတာပဲ။ မဖြစ်သေးတာပဲရှိတာ။  မဖြစ်ဘူးဆိုတာမရှိဘူး။  ဦးတို့ဆို မိခင်က လူရွှင်တော်လုပ်စားဖို့   မွေးပေးလိုက်သလိုပဲ။ မျက်နှာတွေ့တာနဲ့ ရယ်ကြတော့တာပဲ ။ ပရိသတ်ကို ပြောချင်တာ လူရွှင်တော်လေးတွေ ၊မင်းသားတွေ အားပေးကြဖို့နဲ့မိဘနှစ်ပါးကို စိတ်ချမ်းသာအောင်ထားဖို့၊ မိဘမျက်ရည်ပေါက်ကြီး ငယ် ကျရင် သားသမီးက ဘယ်တော့မှ မကြီးပွားဘူး ။ မိဘလုပ်ကျွေးတဲ့သူ ဆင်းရဲ ရင်တောင် ပြောင်ပြောင်ပဲ ဆင်းရဲတယ်။ ဘုရားတောင်ဟောထားတယ်။ ငါ ဘုရားကို ဆွမ်းတော်မကပ်ချင်နေ၊  မိဘနှစ်ပါး လုပ်ကျွေးရင် ဆွမ်းတော်ကပ်တာနဲ့ အတူတူပါပဲတဲ့ ။ ဖအေ ဆိုတာလည်း တူတူပါပဲ။  မအေက မီးဖိုချောင်မှာ ချက်ပြုတ် နေရပေမယ့် ဖအေက နေပူထဲမှာ အလုပ်လုပ်ကျွေးရတယ်။ ချွေးနဲစာဆိုတာ မဟုတ်ပါဘူး။  ချွေးများစာပါ။ တချို့က ရှက်တယ်။ မိဘက ဈေးရောင်းနေရလို့ လက်ညှိုးထိုး မပြချင်ဘူး။ မအေဟာ သူတောင်းစားပဲဖြစ်ဖြစ် နောက်ဆုံး ပြည့်တန်ဆာ လုပ်စားရင်တောင် မိဘဟာ မိဘပါပဲ ။ မိဘကို ရိုသေစွာလုပ်ကျွေးကြပါလို့ ပြောချင်ပါတယ်။

အင်တာဗျုး အပိုင်း(၁)-http://www.mizzimaburmese.com/article/33408

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly