ကျွဲကောပင်စိုက်ပျိုးရေး အပိုင်း (၃)

28 October 2017
ကျွဲကောပင်စိုက်ပျိုးရေး အပိုင်း (၃)

                                           

ကျွဲကောပင် အပွင့်စပွင့်တဲ့ အချိန်မှာတော့ မြေသြဇာကို ကျွေးပေးရပါမယ်။ အထူးသဖြင့် သဘာဝမြေသြဇာတွေ ဖြစ်တဲ့ နွားချေး၊ ကြက်ချေးတို့ကို ထည့်ပေးရပါတယ်။

 ယိုးဒယား၊ တီဆူပါ၊ ပိုတက် စတဲ့ဓာတ်မြေ သြဇာတွေကို ကျွေးမယ်ဆိုရင်တော့ အပင်ပတ်လည်ကို မြောင်းဖောက်ပြီး ကျွေးပေးတာဟာ သင့်တော်တဲ့ နည်းလမ်းဖြစ်တယ်လို့ သိရပါတယ်။

 အပင်နေရောင်ခြည်ရရှိဖို့နဲ့ မလိုအပ်တဲ့ကိုင်းတွေက အပင်ရဲ့အဟာရစုတ်ယူတာတွေကို ကာကွယ်နိုင်ဖို့အတွက် ကျွဲကောပင်ရဲ့ ပတ်လည်ကို ရင်းလင်းပေးဖို့လည်း လိုအပ်ပါတယ်။

 ဈေးကွက်ဝင်တဲ့ ကျွဲကောမျိုးတွေကတော့ ပန်းရောင်တစ်လို့ခေါ်တဲ့ မော်လမြိုင်ကျွဲကောမျိုး၊ နောက် တစ်မျိုးကတော့ ထိုင်းနိုင်ငံမှာ ဝင်ရောက်လာတဲ့ ပျားရည်ဆန်းကျွဲကောမျိုး တရုတ်လူမျိုးတွေ ကြိုက်နှစ်သက်တဲ့ ပတ္တမြားမျိုးနဲ့ အတွင်းသားအစိမ်းရောင်ရှိတဲ့ ကျောက်စိန်းမျိုးတို့ပဲ ဖြစ်ပါတယ်။

ပြည်ပဈေးကွက်ဝင်ကျွဲကောသီးတွေရရှိဖို့အတွက် အသီးအနှံတွေကို အိတ်စွတ်ပေးဖို့ လိုအပ်ပါတယ်။ အိတ်စွတ်ခြင်းအားဖြင့် အသီးရဲ့အရောင်အသွေးလှပသလို အသီးရဲ့ အတွင်းသားလည်း နူးညံ့စေပါ တယ်။ ဒါ့အပြင် သီးထိုးရင်ပိုကျရောက်မှုကိုလည်း ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။

ကျွဲကောသီးဟာ အခုဆိုရင် ပြည်တွင်းပြည်ပ ဈေးကွက်တွေ ရရှိနေတာကြောင့် ခြံစိုက်တောင်သူတွေအတွက် စိုက်ပျိုးဖို အကောင်းဆုံးသီးနှံတစ်ခု ဖြစ်လာနေပါပြီ။ 

ကျွဲကောပင် စိုက်ပျိုးရေး အပိုင်း(၁)

ကျွဲကောပင် စိုက်ပျိုးရေး အပိုင်း (၂)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly