ကျွဲ ၊ နွားများ နယ်ကျော်သယ်ဆောင်ခွင့်လက်မှတ် မပါ၍ အရေးယူထား

ကျွဲ ၊ နွားများ နယ်ကျော်သယ်ဆောင်ခွင့်လက်မှတ် မပါ၍ အရေးယူထား

 

မုံရွာ၊ အောက်တိုဘာ ၂၈။            ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်တွင် ကျွဲ ၊ နွား များအား နယ်ကျော်သယ်ဆောင်ခွင့် လက်မှတ်မပါရှိ၍ အောက်တိုဘာ ၂၆ ရက်က အရေးယူထားကြောင်း ထီးချိုင့်မြို့မရဲစခန်းမှ သိရသည်။

ထီးချိုင့်မြို့နယ်၊ တုံလုံကျေးရွာအနီးတွင် တရားမဝင် နွားသယ်ဆောင်လာကြောင်း သတင်းရရှိ၍ မန္တလေး-ဗန်းမော်သွား ကားလမ်းတွင် စောင့်ဆိုင်းဖမ်းဆီးခဲ့ရာ ယင်းသို့ နွားများ သယ်ဆောင်လာသည်ကို ဖမ်းမိခဲ့ခြင်း ဖြစ်သည်။

ခွင့်ပြုချက်မဲ့ သယ်ဆောင်လာသော နွားအကောင် ၃၀ ၊ ကာလတန်ဖိုး ကျပ် သိန်း ၁၅၀ အား ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ပြီး ခွင့်ပြုချက်မဲ့ သယ်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။

တရားမဝင် သယ်ဆောင်လာသော နွားများအား စစ်ဆေးကြည့်ရာ ကချင်းပြည်နယ်၊ လွယ်ဂျယ်မြို့၌ သားသတ်ရန်အတွက် မန္တလေးတိုင်းအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် သယ်ဆောင်လာခြင်းဖြစ်သော်လည်း သို့သော်လည်း စစ်ကိုင်းတိုင်းအစိုးရအဖွဲ့၏ ခွင့်ပြုချက် လက်မှတ်မပါရှိသောကြောင့် အမှုဖွင့်အရေးယူခဲ့ခြင်း ဖြစ်သည်။

ယင်းကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ၏ သယ်ဆောင်ခွင့်ပြုကြောင်း ခွင့်ပြုချက်မပါရှိဘဲ သယ်ဆောင် လာသူ ၃ ဦးအား ထီးချိုင့်မြို့မရဲစခန်း (ပ) ၃၀၉/၂၀၁၇၊ အရေးကြီးကုန်စည်ဥပဒေပုဒ်မ ၅ အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required