၂ဝ၁၇ မြန်မာ နေရှင်နယ်လိဂ် နောက်ဆုံး ပွဲစဉ်များ အောက်တိုဘာ ၂၉ ရက်မှာ အပြီး ကျင်းပမည်

၂ဝ၁၇ မြန်မာ နေရှင်နယ်လိဂ် နောက်ဆုံး ပွဲစဉ်များ အောက်တိုဘာ ၂၉ ရက်မှာ အပြီး ကျင်းပမည်
(ဓာတ်ပုံ - MNL)

၂၀၁၇ မြန်မာ နေရှင်နယ်လိဂ်ပြိုင်ပွဲ နောက်ဆုံးပွဲစဉ် (၂၂) အဖြစ် အောက်တိုဘာ ၂၉ ရက်နေ့မှာ ရှမ်းယူနိုက်တက်အသင်းရဲ့ ပွဲစဉ်အပါအဝင် ပွဲစဉ် ငါးပွဲစလုံးကို တစ်ရက်တည်း အပြီး ကျင်းပသွားမှာဖြစ်ကြောင်း သိရပါတယ်။

ယခုနှစ်ရာသီမှာ ချန်ပီယံဆုအတွက် ရှမ်းယူနိုက်တက်နှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့က အပြိုင်ဖြစ်နေပေမယ့် နှစ်မှတ်အသာ ရရှိထားတဲ့ ရှမ်းယူနိုက်တက်အသင်းက ယခုလိဂ် နောက်ဆုံးပွဲစဉ်မှာ အနိုင်ရရှိပါက ချန်ပီယံဆုဖလားကို ဆွတ်ခူးမှာဖြစ်ပါတယ်။

ရှမ်းယူနိုက်တက်အသင်းသည် လိဂ်နောက်ဆုံး ပွဲစဉ်အဖြစ် ဟံသာဝတီ ယူနိုက်တက်အသင်းကို အိမ်ကွင်း တောင်ကြီး အားကစားကွင်းမှာ လက်ခံကစားရမှာဖြစ်ပြီး ရှမ်းယူနိုက်တက်အသင်းအတွက် ချန်ပီယံဆု ဖလားရရှိရန် အခွင့်အရေးကောင်းများ ရှိနေပါတယ်။ 

ရှမ်းအသင်းဟာ ချန်ပီယံဆု ရရှိခဲ့ပါက မြန်မာနေရှင်နယ်လိဂ် သမိုင်းတစ်လျှောက် ချန်ပီယံသစ် ထွက်ပေါ်လာမှာဖြစ်ပါတယ်။

ဒုတိယနေရာမှ ရန်ကုန်ယူနိုက်တက်အသင်းမှာ ချင်းယူနိုက်တက်အသင်းနှင့် YUSC ကွင်းမှာ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ 

တခြားပွဲစဉ်များအဖြစ် GFA အသင်းက မကွေးအသင်းနှင့် အောင်ဆန်း အားကစားကွင်း၊ ဧရာဝတီယူနိုက်တက် အသင်းက ရခိုင်ယူနိုက်တက်အသင်းနှင့် ပုသိမ် အားကစားကွင်း၊ ဇွဲကပင် ယူနိုက်တက်အသင်းက ဆောက်သမ်းမြန်မာအသင်းနှင့် သုဝဏ္ဏ အားကစားကွင်း အသီးသီး ယှဉ်ပြိုင်ကစားရမှာဖြစ်ကြောင်း သိရပါတယ်။

Ref; Myawady

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required