‘ကိန်း မပါဘဲ မန်ယူကို စပါးအသင်း အနိုင်ယူနိုင်ပါတယ်’ – ပိုချက်တီနို

‘ကိန်း မပါဘဲ မန်ယူကို စပါးအသင်း အနိုင်ယူနိုင်ပါတယ်’ – ပိုချက်တီနို

တော့တင်ဟမ်ဟော့ စပါးဟာ ဒဏ်ရရှိနေတဲ့ ထိပ်တန်းဂိုးသွင်းရှင် ဟယ်ရီကန်း မပါဘဲ မန်ချက်စတာယူနိုက်ကို အနိုင်ကစားနိုင်ကြောင်း နည်းပြ ပိုချက်တီနိုက ပြောဆိုလိုက်ပါတယ်။

အသက် ၂၄ နှစ်ရှိ တိုက်စစ်မှူး ကိန်းဟာ အိုးထရက်ဖို့ဒ်ကွင်းမှာ ကစားရမယ့် စနေနေ့ပွဲစဉ်ကို တံကောက်ကြောဒဏ်ရာကြောင့် လွှဲချော်လိမ့်လို့ သိရပါတယ်။ အဆိုပါဒဏ်ရာကိုတော့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ လီဗာပူးလ်ကို ၄-၁ ဂိုးနဲ့ အိမ်ကွင်းမှာ အနိုင်ရတဲ့ ပွဲစဉ်မှာ ရရှိခဲ့တာဖြစ်ပါတယ်။

“ကျနော်တို့ တခြားကစားနှင့် အနိုင်ယူနိုင်တယ်လို့ ကျနော် အမြဲယုံကြည်ပါတယ်။ စပါးအသင်းဟာ အသင်းရဲ့ ဂိုးသွင်းစက် မပါဘဲ မန်ယူအသင်းကို အနိုင်ယူနိုင်ပါတယ်။ သူ ဒဏ်ရာရတာကိုတော့ ကျနော် စိတ်ပျက်မိပါတယ်။ သူက ကျနော်တို့ရဲ့ အဓိက တိုက်စစ်မှူးဖြစ်လို့ပါ။ သူဟာ ဥရောပအကောင်းဆုံး တိုက်စစ်မှူးထဲက တစ်ဦးလို့ ကျနော် ထင်ပါတယ်။”

“ကျနော်တို့ ရှေ့မှာ ဟယ်ရီမပါဘဲ ကစားခဲ့ဖူးပါတယ်။ ကျနော်တို့မှာ ဖာနန်ဒို [လိုရန်တေး] ရှိပြီး ပြီးခဲ့တဲ့ ရာသီကို ခင်ဗျား မှတ်မိအုံးမယ်ဆိုရင် ဟယ်ရီဟာ ပွဲအများအပြား လွှဲချော်ခဲ့ချိန်မှာ ကျနော်တို့ ဆွန် [ယောင်မင်]နဲ့ ကစားခဲ့ပါတယ်။”လို့ နည်းပြ ပိုချက်တီနိုက ပြောပါတယ်။

ကိန်းဟာ ဒီရာသီ စပါးအသင်းအတွက် ပြိုင်ပွဲစုံမှာ ၁၂ ပွဲကစား ၁၃ ဂိုး သွင်းယူခဲ့ပြီး အမှတ်ပေးလိဂ်မှာ ဒုတိယနေရာက မန်ယူအသင်းနှင့် ရမှတ်တူ ရပ်တည်နေပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required