အိန္ဒိယတွင် မြန်မာကောင်စစ်ဝန်ချုပ် ယာဉ်မတော်တဆမှုဖြင့် သေဆုံး

အိန္ဒိယတွင် မြန်မာကောင်စစ်ဝန်ချုပ် ယာဉ်မတော်တဆမှုဖြင့် သေဆုံး
Photo credit to TNN

အိန္ဒိယနိုင်ငံတွင် ယာဉ်မတော်တဆမှုဖြစ်ကာ မြန်မာကောင်စစ်ဝန်ချုပ် ဦးပြည်စိုး သေဆုံးခဲ့ခြင်း ကြောင်းသိရသည်။

အောက်တိုဘာ ၂၇ ရက် နံနက်ပိုင်းက ဦးပြည်စိုးသည် ဇနီးဖြစ်သူနှင့်အတူ ဂါယာမှ ကိုလ်ကတ္တားသို့အပြန် ဂျရာခန်းပြည်နယ်တွင် ကားတိုက်မှုဖြစ်ပြီး ဦးပြည်စိုး၏ ဇနီးဖြစ်သူမှာ ဒဏ်ရာပြင်းထန်ရရှိသဖြင့် ဆေးရုံတင်ပို့ထားရသည်။

ယင်းသေဆုံးမှုအပေါ် အိန္ဒိယမှ ဝမ်းနည်းကြောင်း ထုတ်ပြန်ခဲ့ပြီး ဦးပြည်စိုးသည် အိန္ဒိယ၏ မိတ်ဆွေတစ်ဦးဖြစ်သည်ဟု ယင်းထုတ်ပြန်ချက်က ဖော်ပြသည်။

ဦးပြည်စိုးသည် ဦးအေးပိုင်ထံမှ ကောင်စစ်ဝန်ချုပ် နေရာကိုလွှဲပြောင်းဆက်ခံခဲ့သူဖြစ်ကာ ရာထူးနေရာနှင့် အံ့ဝင်ခွင်ကျသင့်တော်သူလည်း
ဖြစ်သည်။

အိန္ဒိယနှင့် မြန်မာကြား ကမ်းရိုးတန်းကုန်စည်တင်ပို့မှု သဘောတူညီမှုရရှိရေးတွင် ဦးပြည်စိုးသည် အကျိုးရလဒ်များစွာဖော်ဆောင်ပေးခဲ့သူဖြစ်ကြောင်း အိန္ဒိယပညာရှင် အုပ်စု ORF မှ သုတေသီ Anasua
Basu Raychaudhury က Mizzima သို့ ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly