နို်င်ငံတကာအာကာသစခန်းယာဉ်မှ ယာဉ်မှူးများနှင့် ပုပ်ရဟန်းမင်းကြီးတို့ ချက်တင်ထိုင်ကာ ဒဿနအမြင်များ ဆွေးနွေး

နို်င်ငံတကာအာကာသစခန်းယာဉ်မှ ယာဉ်မှူးများနှင့် ပုပ်ရဟန်းမင်းကြီးတို့ ချက်တင်ထိုင်ကာ ဒဿနအမြင်များ ဆွေးနွေး

နာဆာ၊ အောက်တိုဘာ ၂၇ ။             ။ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်သည် အာကာတွင်းရှိ နိုင်ငံတကာအာကာသစခန်းယာဉ် ISS မှ အာကာသယာဉ်မှူး ခြောက်ဦးနှင့် အောက်တိုဘာ ၂၆ ရက်တွင်
ချက်တင်ထိုင်ကာ “အာကာသအတွင်းက လူသားတို့ နေရာ” နှင့် ပတ်သက်ပြီး ဒဿနအမြင်များကို ရှားရှားပါးပါး မေးမြန်းဆွေးနွေးခဲ့သည်။

အီတလီအာကာသယာဉ်မှူး အသက် ၆၀ ရှိ ပါအိုလိုနီစပိုလီက ကမ္ဘာကြီးအား အဝေးမှ အကုန်လွှမ်းခြုံ မြင်ရသည့် မြင်ကွင်းမှာ ၎င်းအတွက် အလွန်ဦးနှောက်စရာကောင်းကြောင်း ပြောဆိုသည်။

အမေရိကန် ယာဉ်မှူး မတ်ဗန်ဒီဟိုင်းကမူ “အာကာသမှ ဂြိုလ်ကမ္ဘာကို မြင်နေရခြင်းသည် ကျွန်တော်တို့၏ နုနယ်အထိအခိုက်မခံသည့် သေးမွှားမှုကို သတိရစေကြောင်း” ပြောသည်။

ပုပ်ရဟန်းမင်းကြီးက အာကာသတွင်းရောက် ယာဉ်မှူးများ၏ ၎င်းတို့၏ မစ်ရှင်အပေါ် ကမ္ဘာကြီး၏ ပူးပေါင်းဆောင်ရွက်မှု သက်သေအဖြစ် ချီးမွှမ်းပြောဆိုသည်။

အဆိုပါ ISS စခန်းတွင် အမေရိကန်မှ သုံးဦး၊ အီတလီမှ တစ်ဦးနှင့် ရုရှမှ နှစ်ဦးတို့ ရောက်ရှိနေခြင်း ဖြစ်သည်။

“ကောင်းသော နံနက် ဒါမှမဟုတ် နေ့လယ်ပေါ့ကွာ။ ဘာကြောင့် ခုလို နှုတ်ဆက်ရလဲဆိုတော့ အာကာသရဲ့ အချိန်ကို ကျွနု်ပ်တို့ မသိလို့ဘဲလေ။”ဟု ပုပ်ရဟန်းမင်းကြီးက ယာဉ်မှူးများက နှုတ်ဆက်ခဲ့သည်။

“အာကာသတွင်းက လူသားတွေရဲ့ သဘာဝအပေါ် သင်တို့ ဘယ်လိုမြင်လဲ။”ဟု ပုပ်ရဟန်းမင်းကြီက မေးမြန်းသည်။

အီတလီယာဉ်မှူး နီစပိုလီက “ကြီးမြတ်တဲ့ ဖာသာ၊ ဒါဟာ မေးခွန်းကောင်းတစ်ခုပါပဲ။ ကျွန်တော်တို့ရဲ့ ပန်းတိုင်ဟာ ကျွန်တော်တို့ကို ကျွန်တော်တို့ သိရှိဖို့ပါ။ အသိပညာတွေ တိုးပွားဖို့ပါ။ ကျွန်တော်တို့
ပတ်လည်မှာ ရှိတဲ့ အရာတွေကို သိရှိဖို့ပါ။ ကျွန်တော်တို့တွေ ပိုပြီးလေ့လာဆည်းပူးလေ၊ ပိုပြီး အသိပညာတိုးပွားလေပါပဲ။”ဟု ဖြေကြားခဲ့သည်။

အာကသတွင်းရောက် အာကာသယာဉ်မှူးများနှင့် ပုပ်ရဟန်းမင်းကြီးတို့ ဆက်သွယ်မှုကို ၂၀၁၁ ခုနှစ်အတွင်းက ပုပ်ရဟန်းမင်းကြီးဟောင်း ဘန်နီဒက်က ပြုလုပ်ခဲ့ဖူးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required