Game of Thrones ဒါရိုက်တာရိုက်ကူးမည့် Bios ရုပ်ရှင်ထဲ၌ ပါ၀င်သရုပ်ဆောင်မည့် တွမ်ဟန့်ခ်

Game of Thrones ဒါရိုက်တာရိုက်ကူးမည့် Bios ရုပ်ရှင်ထဲ၌ ပါ၀င်သရုပ်ဆောင်မည့် တွမ်ဟန့်ခ်

 

နာမည်ကျော်ဟောလိဝုဒ်မင်းသားကြီး တွမ်ဟန့်ခ်သည် Game of Thrones ဇာတ်လမ်းတွဲ၏ ဒါရိုက်တာဖြစ်သူ မီဂွယ်ဆာပေါ့ချ်နစ်ခ်ရိုက်ကူးမည့် Bios ဆိုသော စိတ်ကူးယဉ်သိပ္ပံဇာတ်ကားထဲ၌ ပါဝင်သရုပ်ဆောင်သွားမည် ဖြစ်သည်။

ခရိတ်ခ်လက်ခ်နှင့် အီဗောပိုဝဲလ်တို့ရေးသားသည့် အဆိုပါဇာတ်ကားသည် ကမ္ဘာပျက်ကာလအလွန်တွင် ကမ္ဘာ မြေကြီးပေါ်၌ နေထိုင်သော စက်ရုပ်တစ်ရုပ်အကြောင်းကို ဇာတ်အိမ်တည်ထားခြင်းဖြစ်သည်။ ထိုစက်ရုပ်သည် သေအံ့ဆဲဆဲဖြစ်နေသော၎င်းကိုတီထွင်ခဲ့သူ၏ ခွေးလေးတစ်ကောင်အား ကာကွယ်စောင့်ရှောက်ရင်း မေတ္တာ တရား၊ ရင်းနှီးခင်မင်မှုနှင့် လူ့ဘဝအဓိပ္ပါယ်အား သင်ကြားနိုင်ခဲ့ပုံကို ကြည့်ရှုရမည်ဖြစ်သည်။

တွမ်ဟန့်ခ်သည် သေအံ့ဆဲဆဲဖြစ်နေသော စက်ရုပ်တီထွင်သူ သိပ္ပံပညာရှင်တစ်ဦးနေရာမှ သရုပ်ဆောင်မည် ဖြစ်သည်။ ထိုရုပ်ရှင်ကို တွမ်ဟန့်ခ်အားလပ်မည့်အချိန် လာမည့် ၂၀၁၈ ခုနှစ်အစောပိုင်းတွင် ရိုက်ကူးမည်ဖြစ် ကြောင်း သိရသည်။

တွမ်ဟန့်ခ်ကို လာမည့်ဒီဇင်ဘာလတွင်ထွက်ရှိမည့် နာမည်ကျော်ဒါရိုက်တာ စတီဗင်စပီးဘာ့ဂ် ရိုက်ကူးသော The Post ဆိုသည့် ရုပ်ရှင်၌ ဝါရှင်တန်ပို့စ်သတင်းစာ၏ အယ်ဒီတာချုပ်ဟောင်းတစ်ဦးဖြစ်သူ ဘန်ဘရက်ဒ်လီ နေရာမှ သရုပ်ဆောင်ထားသည်ကိုလည်း မကြာမီကြည့်ရှုရမည်ဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required