သူရရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ အီးမေးလ်များကို ဖောက်ထွင်းဟု ဟက်ကာအဖွဲ့ဆို

သူရရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ အီးမေးလ်များကို ဖောက်ထွင်းဟု ဟက်ကာအဖွဲ့ဆို

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၅၂၉ဦးတို့ အသုံးပြုနေသည့် အီးမေးလ်အကောင့်များကို မျိုးဆက်သစ်လူငယ်များအဖွဲ့ (New Generation Wave Group) မှ ဟက်ကာများက ဖောက်ထွင်း ခိုးယူထားကြောင်း သြဂုတ် ၁၇ရက်က ထုတ်ပြန်ထားသည်။ 

လွှတ်တော်အမတ်များ မီဒီယာ ဆက်သွယ်မှုများ ပြုလုပ်နိုင်ရန် ပြည်သူလွှတ်တော်ရုံးက တည်ဆောက်ထားတဲ့ mail.Pyithuhluttaw.gov.mm/mail ကို Hacker အဖွဲ့တစ်ဖွဲ့က ထိုးဖောက်ဝင်ရောက်ကာ ခိုးယူရရှိခဲ့သည်ဟု ဆိုသည်။

သို့သော် အဆိုပါသတင်း နှင့် ပတ်သက်၍ ထိုအီးမေးလ်များသည် လွှတ်တော်ကိုယ်စားလှယ်များ အမှန်တကယ် အသုံးပြုမှု ရှိမရှိကိုမူ လွှတ်တော်ရုံးအပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ၏ အတည်ပြုချက်ကိုမူ မဇ္ဈိမ မရယူနိုင်သေးပေ။

ဟက်ကာများက လွှတ်တော်အမတ်များ၏ ကိုယ်ရေးအချက်အလက်များကို ထိန်းသိမ်းပေးထားပြီး ပြည်သူလူထု၏ အကျိုးစီးပွားကို ထိခိုက်စေနိုင်သည့် emailပေးပို့များ၊ လွှတ်တော်၏ အတွင်းရေးသတင်းများကို အများပြည်သူသိအောင် မကြာမီ ဖော်ထုတ်သွားမည်ဟု ထိုင်းနိုင်ငံအခြေစိုက် ဟက်ကာ တစ်ဦးက ဆိုကြောင်း New Generation Waveက ထုတ်ပြန်ချက်တွင် ပါဝင်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags