ဒုတိယ ဘုရားသခင်ကို M-ပိုက်ဆံနဲ့ ထိန်းချုပ်နိုင်ပြီ

ဒုတိယ ဘုရားသခင်ကို M-ပိုက်ဆံနဲ့ ထိန်းချုပ်နိုင်ပြီ

 

နည်းပညာ မြင့်မားလာတာနဲ့အမျှ ဒုတိယ ဘုရားသခင်လို့ တင်စားကြတဲ့ သင်ပိုင်ဆိုင်တဲ့ ငွေကြေးနဲ့ ပိုက်ဆံကိုတွေကို ဖုန်းတစ်လုံးရှိရုံနဲ့ အလွယ်တကူထိန်းချုပ် စီမံခန့်ခွဲနိုင်မယ့် နည်းပညာ ဒါမှမဟုတ် စနစ်တခု ပေါ်ပေါက်လာပါပြီ။ လုံခြုံစိတ်ချရမှုနဲ့အတူ ကိုယ်နဲ့မကွာ အတူတကွ အမြဲတမ်းရှိနေပြီး ငွေလွှဲတာ၊ ငွေ လက်ခံတာ စတာတွေကို ထိုင်ရာမထ တစ်နေရာတည်းမှာ ဘယ်နေရာရောက်နေ   ရောက်နေ လုပ်နိုင်တဲ့ အဆင့်မြင့် နည်းပညာ တစ်ခုပါပဲ။

ဒီနည်းပညာကို M-ပိုက်ဆံလို့ နာမည်ပေးထားပါတယ်။ M-ပိုက်ဆံဟာ အူရီဒူးရဲ့ မိုဘိုင်းငွေကြေး ဝန်ဆောင်မှု တစ်ခုဖြစ်ပြီး ဒီဝန်ဆောင်မှုကို သုံးနိုင်ဖို့ ဖုန်းတစ်လုံးနဲ့ အူရီဒူး ဖုန်းနံပတ်တစ်ခုပဲ လိုအပ်ပါတယ်။ ဖုန်းတစ်လုံးနဲ့ အူရီဒူးဖုန်းကဒ် တစ်ခုရှိနေပြီဆိုရင် အချိန်ကုန် လူပမ်းမယ့်ကိစ္စ တော်တော်များများလျော့ချနိုင်ပြီး ဒုတိယ ဘုရားသခင်ဖြစ်တဲ့ သင်ပိုင်ဆိုင်တဲ့ငွေကြေးကို အပြည့်အဝ စီမံခန့်ခွဲနိုင်ပါမယ်။

ဒုတိယ ဘုရားသခင်ကို ဘာတွေစီမံခန့်ခွဲနိုင်မလဲလို့ မေးလာရင်တော့ ငွေလွှဲတာ၊ ငွေလက်ခံတာ၊ ငွေထုတ်နိုင်တာတွေ လုပ်နိုင်တာဟာ M-ပိုက်ဆံရဲ့ အားသာချက်ပါပဲ။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ M-ပိုက်ဆံဟာ ကိုယ်ပိုင် ပိုက်ဆံအိတ်လည်း ဖြစ်တာမို့ ဘယ်သွားသွား၊ ဘယ်ရောက်နေနေ၊ ဘာလုပ်လုပ် ကိုယ်နဲ့အတူရှိနေမယ့် Mobile Wallet ဒါမှမဟုတ် မိုဘိုင်းဒစ်ဂျစ်တယ် ပိုက်ဆံအိတ်အဖြစ်လည်း သတ်မှတ်နိုင်ပါတယ်။

M-ပိုက်ဆံ ဝန်ဆောင်မှုကို ဘယ်သူမဆို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အူရီဒူးဖုန်းနံပတ်နဲ့ M-ပိုက်ဆံမှာ စာရင်းသွင်းပြီးတာနဲ့ သင့်ရဲ့ မိုဘိုင်းဒစ်ဂျစ်တယ် ပိုက်ဆံအိတ်ကလေး ကိုယ့်ဆီရောက်လာပြီး ကိုယ်နဲ့အတူ အမြဲတမ်းရှိနေတော့မှာပါ။

ဒီအဆင့် ရောက်သွားပြီ ဆိုရင်တော့ M-ပိုက်ဆံ Wallet ကို အသုံးပြုပြီး ငွေလွှဲခြင်း၊ ဖုန်းငွေဖြည့်ခြင်းများကို လွယ်ကူစွာ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ M-ပိုက်ဆံတွင် သင်၏ လုပ်ဆောင်မှုများ အားလုံးကို သင့်ကိုယ်ပိုင် လျှို့ဝှက် PIN နံပါတ်ဖြင့် လုံခြုံစိတ်ချစွာ အသုံးပြုနိုင်မှာပါ။

ဒီအဆင့်တွေကို အလွယ်တကူ လုပ်ဆောင်နိုင်ဖို့ အကူအညီပေးမယ့် M-ပိုက်ဆံ ကိုယ်စားလှယ်တွေလည်း အဆင့်သင့်ရှိနေပါတယ်။ M-ပိုက်ဆံ ကိုယ်စားလှယ်ဆိုတာကတော့ အူရီဒူးမြန်မာ ကိုယ်စား သုံးစွဲသူများကို မိုဘိုင်းငွေကြေး ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးမဲ့သူများ ဖြစ်ပါတယ်။ M-ပိုက်ဆံ ဝန်ဆောင်မှုများကို သင်နှင့်နီးစပ်ရာ မည်သည့် M-ပိုက်ဆံ ကိုယ်စားလှယ်တွင် မဆို ရယူနိုင်မှာဖြစ်ပါတယ်။

M-ပိုက်ဆံကို သင်သုံးစွဲနေတဲ့ အူရီဒူး ဆင်းကဒ်ကို အသုံးပြုပြီး M-ပိုက်ဆံတွင် အလွယ်တကူ စာရင်းသွင်း နိုင်မှာပါ။ စာရင်းသွင်းဖို့အတွက် M-ပိုက်ဆံ Application ကို Google Play နှင့် Apple Store တို့မှ Download ရယူပါ (သို့မဟုတ်) USSD *999# ကို ခေါ်ဆိုပြီးလည်း စာရင်းသွင်းနိုင်ပါတယ်။

သင့် M-ပိုက်ဆံ Wallet သို့ ငွေဖြည့်သွင်းတော့မယ်ဆိုရင် နီးစပ်ရာ M-ပိုက်ဆံ ကိုယ်စားလှယ်ထံသို့ သွားရောက်နိုင်ပါသည်။ သင့်မိုဘိုင်းဖုန်းနှင့်တကွ မှတ်ပုံတင် (NRC) ကဒ်ကိုပါ တစ်ပါတည်း ယူဆောင်သွားပြီး ငွေဖြည့်သွင်းခြင်းကို လုပ်ဆောင်နိုင်ပါသည်။ M-ပိုက်ဆံ Application ပေါ်မှ “ကိုယ်စားလှယ်ရှာဖွေရန်” ကို အသုံးပြု၍ သော်လည်းကောင်း၊ USSD short code *999# ကို ခေါ်ဆို၍ သော်လည်းကောင်း ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။ ဒါဆိုရင်တော့ ဒုတိယ ဘုရားသခင်ဖြစ်တဲ့ သင်ပိုင်ဆိုင်တဲ့ ငွေတွေကို အပြည့်အဝ စီမံခန့်ခွဲ ထိန်းချုပ်နိုင်ပါပြီ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required