ယခုနှစ်ရာသီအပြီး အာဆင်နယ်နည်းပြရဲ့ အနာဂတ်ကို ပြန်လည်သုံးသပ်သွားမည်

ယခုနှစ်ရာသီအပြီး အာဆင်နယ်နည်းပြရဲ့ အနာဂတ်ကို ပြန်လည်သုံးသပ်သွားမည်
(ဓာတ်ပုံ - အီးပီအေ)

အာဆင်ဝင်းဂါးက အာဆင်နယ်အသင်းဘုတ်အဖွဲ့ဟာ ယခုနှစ်ရာသီပြီးဆုံးချိန်မှာ ၎င်းရဲ့ နည်းပြရာထူး နေရာကို ပြန်လည်သုံးသပ်သွားလိမ့်မယ်လို့ အတည်ပြုလိုက်ပါတယ်။

ပြင်သစ်လူမျိုးနည်းပြဟာ ယခုနှစ်နွေရာသီမှာ ၂ နှစ် စာချုပ်သက်တမ်းတိုး ချုပ်ဆိုခဲ့ပါတယ်။ ဒါ့ကြောင့် သူဟာ အာဆင်နယ်အသင်းမှာ နည်းပြသက်တမ်း ၂၁ နှစ်ကြာအထိ ကိုင်တွယ်ခွင့်ရှိနေပါတယ်။

“ကျနော်ရဲ့ စွမ်းဆောင်ရည်တွေပေါ် ဘုတ်အဖွဲ့က ထင်မြင်မှုဘာတွေရှိသလဲဆိုတာ ကျနော် မြင်တွေ့ချင်ပါတယ်။ ဒီ့နောက်မှ ကျနော်တို့ ဒီနေရာကနေ ဘယ်နေရာသွားမယ်ဆိုတာ ကျနော်တို့ ဆုံးဖြတ်ပါမယ်။ ကျနော့်ဆန္ဒကတော့ ကျနော်ရဲ့ စာချုပ်ကို အမြဲတမ်း လေးစားလိုက်နာဖို့ပဲဖြစ်ပါတယ်။”လို့ အာဆင်ဝင်းဂါးက ပြောပါတယ်။

အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲံရာသီက ပရီးမီးယားလိဂ်မှာ အဆင့် ၅ နေရာသာ ရပ်တည်ခဲ့တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွှဲချော်ခဲ့ပါတယ်။ ဒါဟာ အာဆင်နယ်အသင်းကို နည်းပြဝင်းဂါး ကိုင်တွယ်ခဲ့တဲ့ ၁၉၉၆ ခုနှစ်နောက်ပိုင်း ထိပ်ဆုံး ၄ နေရာရဲ့ ပြင်ပကို ပထမဆုံးအကြိမ် ရောက်ရှိခဲ့တာလည်းဖြစ်ပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required