အေရိုးဗစ် လေ့ကျင့်ခန်းက သင့်ခန္ဓာကိုယ်အတွက် ဘယ်လိုကောင်းစေသလဲ

အေရိုးဗစ် လေ့ကျင့်ခန်းက သင့်ခန္ဓာကိုယ်အတွက် ဘယ်လိုကောင်းစေသလဲ

ရေးသားသူ Kyaw Thura Htun
 ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

အေရိုးဗစ်လေ့ကျင့်ခန်းတွေက လူ့ခန္ဓာကိုယ်ကို ဘယ်လိုကူညီလဲ

အေရိုးဗစ်လေ့ကျင့်ခန်းတွေကသင့်ကိုယ်ထဲကအင်ဆူလင်တွေကို ကောင်းကောင်းအသုံးပြုနိုင်အောင်ကူညီပေးပါတယ်။ဒါ့အပြင်သင့်ရဲ့နှလုံးနဲ့အရိုးတွေကိုသန်မာစေတဲ့အပြင်စိတ်ဖိစီးမှုတွေကိုလျော့ကျစေပြီးသွေးလည်ပတ်မှုအားကောင်းစေပါတယ်။ဒါကြောင့် သွေးချိုနဲ့ သွေးတိုးကျစေပြီးသင့်ကိုနှလုံးရောဂါဖြစ်နိုင်ချေလျော့ကျစေပါတယ်။
တစ်ပတ်မှာငါးရက်၊တစ်ရက်မှာအနည်းဆုံးမိနစ်၃၀မိနစ်ဒါမှမဟုတ်တစ်ပတ်မိနစ်၁၅၀ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ။သင့်ရဲ့လေ့ကျင့်ခန်းကိုတစ်ပတ်မှာ၃ရက်ထက်ပိုလုပ်သင့်ပြီး၂ရက်ထက်ပိုပြီးနားတာမျိုးမဖြစ်ပါစေနဲ့။
မှတ်ချက်။ ။ အလယ်အလတ်လေ့ကျင့်ခန်းဆိုတာက လေ့ကျင့်ခန်းလုပ်နေစဉ် သင်စကားပြောနိုင်ပေမယ့် သီချင်းမဆိုနိုင်တဲ့ အနေအထားဖြစ်ပါတယ်။ အပြင်းစားလေ့ကျင့်ခန်းဆိုတာက   လေ့ကျင့်ခန်းလုပ်နေစဉ် သင်ခဏမနား၊အသက်မရှူဘဲနဲ့စကားအများကြီး မပြောနိုင်တဲ့ အနေအထားဖြစ်ပါတယ်။

စတင်ခြင်း

သင်မကြာသေးခင်ကသိပ်မလှုပ်ရှားဖြစ်ဘူးဆိုရင်အစပိုင်းတစ်ရက်ကို၅မိနစ်ကနေ၁၀မိနစ်လောက်ကနေပဲစတင်နိုင်ပါတယ်။နောက်ပိုင်းမှာတော့တစ်ပတ်ချင်းစီမိနစ်အနည်းငယ်တိုးတိုးလုပ်သွားပါ။အချိန်ကြာလာတာနဲ့အမျှသင်လေ့ကျင့်ခန်းလုပ်တာကတိုးတက်မှုရှိတာကိုတွေ့ရပြီးသင်ပိုပိုပြီးလုပ်နိုင်လာတာလည်းတွေ့မြင်လာမှာပါ။

အချိန်ရအောင်ယူပါ

တကယ်လို့သင်ကအရမ်းအလုပ်များပြီးတစ်ရက်မိနစ်၃၀အချိန်မပေးနိုင်ဘူးဆိုရင်၁၀မိနစ်စီခွဲလုပ်လို့ရပါတယ်။ လေ့လာမှုတွေအရဒီလိုခွဲလုပ်တာကလည်းဆက်တိုက်လုပ်တာနဲ့အကျိုးသက်ရောက်မှုတူတယ်ဆိုတာ တွေ့ရပါတယ်။
ဥပမာ – အစာစားပြီးတိုင်း၁၀မိနစ်အမြန်လမ်းလျှောက်ခြင်း၊ဒါမှမဟုတ်အလုပ်မသွားခင် လေ့ကျင့်ခန်း၁၅မိနစ်အလုပ်ကပြန်လာရင်၁၅မိနစ်လုပ်ခြင်း စသည်ဖြင့်ခွဲလုပ်လို့ရပါတယ်။
တကယ်လို့သင်ကဝိတ်ချနေတယ်ဆိုရင်တော့တစ်ရက်ကိုလေ့ကျင့်ခန်းမိနစ်၆၀နီးပါးလုပ်ရပါမယ်။
အောက်မှာပြထားတာတွေကတော့လေ့ကျင့်ခန်းဥပမာတွေပါ။

• အမြန်လမ်းလျှောက်ခြင်း
• စက်ဘီးစီးခြင်း
• ကခြင်း
• အေရိုးဗစ်အပျော့စား
• ရေကူးခြင်း/ ရေထဲအေရိုးဗစ်ကစားခြင်း
• တင်းနစ်ကစားခြင်း
• လှေကားတက်ခြင်း
• ပြေးခြင်း
• တောင်တက်ခြင်း
• လှေလှော်ခြင်း
• ရေခဲပြင်စကိတ်စီးခြင်း
• စကိတ်စီးခြင်း
• ဥယျာဉ်စိုက်ခြင်း
ခွန်အားလေ့ကျင့်ခြင်း
ခွန်အားလေ့ကျင့်ခြင်း/ခံနိုင်ရည်အားလေ့ကျင့်ခြင်းကသင့်ရဲ့ခန္ဓာကိုယ်က အင်ဆူလင်ကို ပိုတုံ့ပြန်စေပြီး သွေးတွင်းသကြားဓါတ်ကို ကျစေပါတယ်။ခွန်အားလေ့ကျင့်ခြင်းကသင့်ကြွက်သားနဲ့အရိုးတွေကိုတည်ဆောက်ထိန်းသိမ်းပေးပြီးသင့်ကိုအဆစ်ရောင်ခြင်းနဲ့အရိုးအက်ခြင်းမှကာကွယ်ပေးပါတယ်။

သင့်မှာကြွက်သားများလေလေသင့်ရဲ့ကယ်လိုရီများများလောင်ကျွမ်းလေပါဘဲ။အနားယူချိန်မှာတောင်လောင်ကျွမ်းပါတယ်။
ကြွက်သားတွေဆုံးရှုံးမှုမဖြစ်အောင်ခွန်အားလေ့ကျင့်ပေးခြင်းကသင့်နေထိုင်မှုပုံစံကိုပိုအဆင်ပြေစေတဲ့အပြင်အသက်ကြီးလာရင်လည်းအကျိုးကျေးဇူးတွေရစေပါတယ်။
အေရိုးဗစ်လေ့ကျင့်ခန်းတွေအပြင်ခွန်အားလေ့ကျင့်ခြင်းတစ်မျိုးမျိုးကိုပါတစ်ပတ်အနည်းဆုံး၂ကြိမ်လောက်လုပ်ပေးသင့်ပါတယ်။
အောက်ဖော်ပြပါတွေကတော့ခွန်အားလေ့ကျင့်နည်းဥပမာတွေပါ။
• Gym မှာရှိတဲ့အလေးမစက်တွေမှာအလေးမခြင်း
• ခပ်ပေါ့ပေါ့အရာတွေကို‘မ’ခြင်း၊အိမ်မှာရေသန့်ဘူးတွေ ‘မ’ခြင်း
• ဒိုက်ထိုးခြင်း၊ထိုင်ထလုပ်ခြင်းစတဲ့မိမိကိုယ်လက်တွေကိုပဲအသုံးပြုရတဲ့လေ့ကျင့်ခန်းတွေကိုလုပ်ခြင်း
• ပြင်းထန်တဲ့ဥယျာဉ်စိုက်ပျိုးခြင်းလိုမျိုးတခြားလှုပ်ရှားမှုများ

ဒါ့အပြင်သင်ပြုလုပ်နိုင်တဲ့ အခြားသောလေ့ကျင့်ခန်းတွေလည်းအများကြီးကျန်ရှိပါသေးတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly