အိမ်ထောင်ပြုခြင်းနှင့်ပတ်သက်၍ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောကြားခဲ့သည့် ပါ့ခ်ရှင်ဟေး

အိမ်ထောင်ပြုခြင်းနှင့်ပတ်သက်၍ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောကြားခဲ့သည့် ပါ့ခ်ရှင်ဟေး

 

Slient Witness ရုပ်ရှင်ဇာတ်ကားအတွက် မကြာသေးခင်ကပြုလုပ်ခဲ့သော အင်တာဗျူးတစ်ခုတွင် ပါ့ခ်ရှင်ဟေး က ချစ်သူထားခြင်း၊ လမ်းခွဲခြင်းနှင့်ပတ်သက်သော သူမ၏အတွေ့အကြုံများကို ထုတ်ဖော်ပြောကြားခဲ့သည်။

“လမ်းခွဲလိုက်တဲ့အချိန်မှာ ခံစားရတဲ့ဝေဒနာကို ဘယ်သူမှမသိဘဲ ကျွန်မတစ်ယောက်ထဲ ကြိတ်ပြီးခံစားနေလို့ မရဘူးလား” ဟု သူမက လမ်းခွဲခြင်းနှင့်ပက်သက်၍ မှတ်ချက်ပေးခဲ့သည်။

ထို့နောက်တွင် သူမသည် အိမ်ထောင်ပြုခြင်းနှင့်ပက်သက်၍ သူမ၏ အထင်အမြင်များကို ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့သည်။

“ ကျွန်မ အိမ်ထောင်ပြုတာကို နည်းနည်းတော့ကြောက်မိပါတယ်။ အိမ်ထောင်ပြုဖို့ဟာ ကျွန်မရဲ့စိတ်ကူးအိပ်မက် ထဲကတစ်ခုပါပဲ။ ဒါပေမယ့် ဒါဟာအရမ်းခက်ခဲတဲ့ကိစ္စလို့လည်း တွေးမိလာပါတယ်။ ကျွန်မဘေးနားမှာ အိမ်ထောင်ကျသွားတဲ့ လူအရေအတွက် များလာပါတယ်။ တစ်ခါတစ်လေတော့လည်း အားကျမိပါတယ်။ ကျွန်မရဲ့ဘဝတစ်လျှောက်လုံးကို အဲ့ဒီလူတစ်ယောက်တည်းနဲ့ အတူဖြတ်ကျော်ပြီး နေနိုင်မလားဆိုတာကိုလည်း ကျွန်မသိချင်မိပါတယ်။ ဒါပေမယ့် လောလောဆယ်မှာတော့ အိမ်ထောင်ပြုဖို့အတွေးကို ခေါင်းထဲကနေ ခဏဖယ် ထားပါတယ်” ဟု ပါ့ခ်ရှင်ဟေးက ပြောခဲ့သည်။

လက်ရှိအချိန်တွင် ပါ့ခ်ရှင်ဟေးသည် လာမည့်နိုဝင်ဘာလ ၂ ရက်နေ့တွင် စတင်ပြသမည့် သူမ၏ Silent Witness ရုပ်ရှင်အတွက် ပရိုမိုးရှင်းများပြုလုပ်လျက်ရှိသည်။ ထိုရုပ်ရှင်ထဲတွင် ပါ့ခ်ရှင်ဟေးသည် ဖခင်ဖြစ်သူ၏ ဇနီးလောင်းကို သတ်ခဲ့သည်ဟု စွပ်စွဲခံထားရသော စီးပွားရေးသမားတစ်ဦး၏ သမီးဖြစ်သူအား ရှေ့နေလိုက် ပေးမည့် ရှေ့နေမလေးတစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ထားသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required