တရုတ်သမ္မတရှီကျင့်ဖျင် ကွန်မြူနစ်ပါတီတွင် ထပ်မံရွေးကောက်ခံခဲ့ရသည့်အပေါ် ကင်မ်ဂျံုအန်း ချီးကျူးဂုဏ်ပြု

တရုတ်သမ္မတရှီကျင့်ဖျင် ကွန်မြူနစ်ပါတီတွင် ထပ်မံရွေးကောက်ခံခဲ့ရသည့်အပေါ် ကင်မ်ဂျံုအန်း ချီးကျူးဂုဏ်ပြု

 

အောက်တိုဘာ ၂၆ ။                             ။ ပြီးခဲ့တဲ့ ရက်ပိုင်းက ကျင်းပခဲ့တဲ့ တရုတ်အာဏာရ ကွန်မြူနစ်ပါတီ ညီလာခံမှာ သမ္မတရှီကျင့်ဖျင် ပါတီဗဟိုကော်မတီ အတွင်းရေးမှူးချုပ်အဖြစ် ထပ်မံရွေးကောက်ခံရမှုနဲ့ပတ်သက်လို့ ဝမ်းမြောက်ဂုဏ်ယူပါကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက ထုတ်ဖော်ပြောကြားလိုက်တယ်လို့ သိရပါတယ်။

တရုတ်ကွန်မြူနစ်ပါတီရဲ့ ၁၉ ကြိမ်မြောက် ညီလာခံကို အောင်မြင်စွာကျင်းပပေးနိုင်ခဲ့တဲ့အပေါ် သမ္မတရှီကို ချီးကျူးကြောင်း ကင်မ်ဂျုံအန်းထံကနေ အောက်တိုဘာ ၂၅ ရက်က သတင်းစကားပါလိုက်ပါတယ်ဆိုပြီး မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းမီဒီယာ KCNA က ထုတ်ပြန်ဖော်ပြပါတယ်။

ဒါ့အပြင် တရုတ်သမ္မတရှီအနေနဲ့လည်း ညီလာခံမှာ ချမှတ်ခဲ့တဲ့ ရည်မှန်းချက်များအတိုင်း အောင်မြင်စွာဖော်ဆောင်သွားမယ်လို့လည်း မျှော်လင့်ကြောင်း ကင်မ်က ဆန္ဒပြုခဲ့တယ်လို့လည်း ယင်းသတင်းဌာနက ထုတ်ပြန်ပါတယ်။

ကိုရီးယားအလုပ်သမားပါတီ ဥက္ကဌ ကင်မ်ရဲ့ ယခု သတင်းစကားပါးမှုမှာတော့ တရုတ်နဲ့ မြောက်ကိုရီးယား ပါတီနှစ်ခု၊ နိုင်ငံနှစ်နိုင်ငံတို့အကြား ဆက်ဆံရေးပိုင်းမှာလည်း နှစ်ဘက်ပြည်သူတွေရဲ့ အကျိုးအတွက် ဆက်လက်တိုးတက်နေလိမ့်ဦးမယ်လို့ ယုံကြည်ထားတယ်ဆိုပြီးတော့လည်း ပါရှိတယ်လို့ သိရပါတယ်။

ယင်းနိုင်ငံနှစ်နိုင်ငံအကြား သမိုင်းဝင်မဟာမိတ်အဖြစ် ရှိနေခဲ့တဲ့ ဆက်ဆံရေးကတော့ ပြီးခဲ့တဲ့ကာလတွေမှာတော့ မြောက်ကိုရီးယားဘက်က နျူကလီးယားနဲ့ ပဲ့ထိန်းဒုံးစမ်းသပ်မှုတွေ ဆက်တိုက်လုပ်ဆောင်နေမှုကြောင့် စတင်ပြီး အေးစက်မှုတွေ ရှိထားခဲ့တယ်လို့လည်း သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required