ဟောင်ကောင်၌ကျင်းပမည့် MAMA ဂီတဆုပေးပွဲသို့ BTS အဖွဲ့တက်ရောက်မည်ဟု အတည်ပြု

ဟောင်ကောင်၌ကျင်းပမည့် MAMA ဂီတဆုပေးပွဲသို့ BTS အဖွဲ့တက်ရောက်မည်ဟု အတည်ပြု

 

တောင်ကိုရီးယားဂီတအဖွဲ့ BTS သည် ဟောင်ကောင်တွင်ကျင်းပမည့် 2017 MAMA အာရှဂီတဆုပေးပွဲသို့ တက်ရောက်မည်ဖြစ်ကြောင်း အောက်တိုဘာလ ၂၆ရက်နေ့တွင် Ilgan Sports သတင်းဝက်ဘ်ဆိုက်က အတည်ပြုပေးခဲ့သည်။

ယခုနှစ် MAMA ဆုပေးပွဲကို လာမည့်နိုဝင်ဘာလ ၂၅ရက်နေ့မှ ဒီဇင်ဘာလ ၁ ရက်နေ့အထိ ဗီယက်နမ်၊ ဂျပန် နှင့် ဟောင်ကောင်တို့၌ ကျင်းပသွားမည်ဖြစ်သည်။

BTS အဖွဲ့သည် ပြီးခဲ့သောနှစ်က အဆိုပါဆုပေးပွဲ၌ တစ်နှစ်တာအကောင်းဆုံးအနုပညာရှင်ဆုနှင့် အကောင်းဆုံး အကဖျော်ဖြေမှုဆုတို့ကို ဆွတ်ခူးခဲ့ဖူးသည်။

ယခုနှစ်တွင် BTS အဖွဲ့သည် အဆိုပါဆုပေးပွဲ၌ အကောင်းဆုံးအမျိုးသားဂီတအဖွဲ့ဆု၊ အကောင်းဆုံးအက ဖျော်ဖြေမှုဆု၊ အကောင်းဆုံးသီချင်းဗီဒီယိုဆု၊ တစ်နှစ်တာအကောင်းဆုံးသီချင်းဆုနှင့် တစ်နှစ်တာအကောင်းဆုံး အနုပညာရှင်ဆုများအတွက် စကာတင်စာရင်းထဲ၌ ပါဝင်လျက်ရှိသည်။

2017 MAMA ဂီတဆုပေးပွဲကို လာမည့်နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ဗီယက်နမ်၌ စတင်ကျင်းပသွားမည်ဖြစ် သည်။ ထို့နောက် ဂျပန်နိုင်ငံ၌ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး ဒီဇင်ဘာလ ၁ ရက်နေ့တွင် ဟောင်ကောင်၌ ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required