ကန့်ဘလူမြို့နယ်တွင် ပျက်စီးသွားသော မိုးစပါးစိုက်ခင်း၊ ပျိုးခင်များအတွက် ကျပ်သန်းပေါင်း ၁၀၁ ဒဿမ ၅၁၄ သန်းထောက်ပံ့ပေးအပ်

ကန့်ဘလူမြို့နယ်တွင် ပျက်စီးသွားသော မိုးစပါးစိုက်ခင်း၊ ပျိုးခင်များအတွက် ကျပ်သန်းပေါင်း ၁၀၁ ဒဿမ ၅၁၄ သန်းထောက်ပံ့ပေးအပ်

ကန့်ဘလူ သြဂုတ် ၁၅ ။       ။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် တွင်ရေကြီးနစ်မြုပ်မှုကြောင့် ကျေးရွာအုပ်စု ၃၆ အုပ်စုမှ မိုးစပါးစိုက်ခင်း (၃၆၂၉) ဧကနှင့် မိုးစပါးပျိုးခင်း (၁၃၂၉) ဧက ပျက်စီးခဲ့ရာနိုင်ငံတော် သမ္မတ၏ ထောက်ပံ့ရေးရန်ပုံငွေဖြင့် ငွေကျပ်သန်းပေါင်း (၁၀၁ ဒဿမ    ၅၁၄) သန်းပေးအပ်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမြင့်မောင် ကပြောသည်။

ရေကြီးနစ်မြုပ်မှု ဖြစ်ပွားခဲ့သည့် လယ်ယာမြေများကို အချိန်မီ စိုက်ပျိုးနိုင်ရေး ထောက်ပံ့ငွေပေးအပ်ပွဲကို သြဂုတ် (၁၅) ရက် မွန်းလွဲပိုင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်
ကျင်းပရာ သက်ဆိုင်ရာကျေးရွာ အုပ်ချုပ်ရေးမှူးများက လက်ခံရယူကြသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ် တွင်ရေကြီးရေလျှံ မှုများဖြစ်ပေါ်ခဲ့မှုကြောင့် လမ်း/တံတားများ၊ မိုးစပါးစိုက်ခင်းပျိုးခင်းများ ရေကြီးနစ်မြုပ် ပျက်စီးခဲ့သည်။

အဆိုပါပျက်စီးသွားသော လမ်း/တံတားများကို သက်ဆိုင်ရာဌာနများ ကပြုပြင်ဆောင်ရွက်လျက်ရှိပြီး တစ်ချို့မှာပြီးစီး၍ တစ်ချို့မှာပြုပြင်ဆဲဖြစ်သည်။

Source - MNA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required