ဒေါ့မွန်ကြယ်ပွင့် မာကိုရုစ်ကို ခေါ်ယူရန် မန်ယူနှင့် အာဆင်နယ်အသင်းတို့ စောင့်ကြည့်နေ

ဒေါ့မွန်ကြယ်ပွင့် မာကိုရုစ်ကို ခေါ်ယူရန် မန်ယူနှင့် အာဆင်နယ်အသင်းတို့ စောင့်ကြည့်နေ

အာဆင်နယ်နှင့် မန်ယူအသင်းတို့က ဒေါ့မွန်အသင်းနှင့် ၂၀၁၉ ခုနှစ်မှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် မာကိုရုစ်ရဲ့ အခြေအနေကို စောင့်ကြည့်နေတယ်လို့ ဂျာမနီက လာတဲ့ သတင်းများအရ သိရပါတယ်။

ရုစ်ဟာ ၎င်းရဲ့ ကစားသမားဘဝတစ်လျှောက်လုံး ကြံ့ခိုင်မှု ပြဿနာများနှင့်အတူ ရုန်းကန်ခဲ့ရပြီး လက်ရှိအချိန်မှာ အရွတ်ဆုတ်ပြဲဒဏ်ရာကြောင့် အနားယူနေရပါတယ်။

အသက် ၂၈ နှစ်ရှိ ကစားသမားက အပြောင်းအလဲတစ်ခုအတွက် ဒေါ့မွန်အသင်းမှ ထွက်ခွာဖို့ စဉ်းစားနေတယ်လို့ မကြာသေးခင်က ဝန်ခံပြောဆိုထားပါတယ်။

“ကျနော်ကို စိတ်ဝင်စားတဲ့ အသင်း ၄၊ ၅ သင်းလောက်ရှိတယ်”လို့ ရုစ်က GQ မဂဇင်းကို ပြောဆိုခဲ့ပါတယ်။

“နောက်နှစ် မေလ ၃၁ ရက်မှာ ကျနော် အသက် ၃၀ ထဲ ရောက်ပါတော့မယ်။ ဒါဟာ ကျနော်ရဲ့ နောက်ဆုံး စာချုပ်ဖြစ်လာနိုင်ပြီး ကွဲပြားခြားနားတဲ့ အရာတစ်ခုခုကို ကြိုးစားဖို့ နောက်ဆုံး အခွင့်အလမ်းတစ်ခုဖြစ်ပါလိမ့်မယ်။”

မာကိုရုစ်ရဲ့ မှတ်ချက်များက အာဆင်နယ်နှင့် မန်ယူအသင်းတို့ကို အချက်ပြလိုက်တာဖြစ်ပြီး ဂျာမနီလက်ရွေးစင်ကစားသမားအတွက် ပြောင်းရွှေ့မှုတစ်ခုဖြစ်လာအောင် စဉ်းစားနေတယ်လို့ Sky Germany က ဖော်ပြထားပါတယ်။

အာဆင်နယ်အသင်းဟာ လာမယ့်နွေရာသီမှာ စာချုပ်သက်တမ်း ကုန်ဆုံးပြီး ထွက်ခွာဖို့ ရှိတဲ့ ဆန်းချက်ဇ်ရဲ့ နေရာအတွက် ပြင်ဆင်နေပြီး ရုစ်က ၎င်းနေရာကို အဆင်သင့် အစားထိုးပြုလုပ်နိုင်မှာဖြစ်ပါတယ်။

မော်ရင်ဟိုရဲ့ မန်ယူအသင်းက ဒေါ့မွန်မှာ ရုစ်ရဲ့ တိုးတက်မှုကို စောင့်ကြည့်နေပြီး ၎င်းကို ကမ်းလှမ်းဖို့ ပြင်ဆင်နိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။

ရုစ်ဟာ ပြီးခဲ့တဲ့ရာသီက လိဂ်ပွဲ ၁၇ ပွဲသာ ကစားခဲ့ပြီး ၂၀၁၃-၁၄ ရာသီနောက်ပိုင်း ဘွန်ဒစ်လီဂါပွဲပေါင်း ၃၀ ကို ကစားနိုင်ခြင်း မရှိခဲ့ကြောင်း သိရပါတယ်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required