ဂျူဗင်တပ်စ်အသင်း ချန်ပီယံလိဂ်ဖလား ရယူနိုင်ခြင်း မရှိပါက ဘူဖွန် ကစားသမားဘဝမှ အနားယူတော့မည်

ဂျူဗင်တပ်စ်အသင်း ချန်ပီယံလိဂ်ဖလား ရယူနိုင်ခြင်း မရှိပါက ဘူဖွန် ကစားသမားဘဝမှ အနားယူတော့မည်
(ဓာတ်ပုံ - အီးပီအေ)

အီတလီနှင့် ဂျူဗင်တပ်စ်အသင်းတို့ရဲ့ ဝါရင့်ဂိုးသမား ဘူဖွန်က ၎င်းရဲ့ကလပ်အသင်းမှာ ချန်ပီယံလိဂ်ဖလားကို ရယူဆွတ်ခူးနိုင်ခြင်း မရှိပါက ယခုနှစ် ရာသီကုန်ဆုံးချိန်မှာ ကစားသမားဘဝမှ အနားယူတော့မှာဖြစ်တယ်လို့ သိရပါတယ်။

အသက် ၃၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂိုးသမားဟာ လာမယ့် နွေရာသီ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကစားဖို့ မျှော်လင့်နေပြီး ဂျူဗင်တပ်စ်အသင်းက ချန်ပီယံလိဂ်ဖလား ဆွတ်ခူးခဲ့ပါက ကလပ်ကမ္ဘာ့ဖလားအတွက် ၎င်းရဲ့ ကစားသမားသက်တမ်းတိုးလာပါလိမ့်မယ်။

ဂျူဗင်တပ်စအသင်းဟာ လွန်ခဲ့တဲ့ ၃ နှစ်အတွင်း ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ နှစ်ကြိမ်စလုံး ရှုံးနိမ့်ခဲ့ပါတယ်။

“ဒါက ကျနော်ရဲ့ နောက်ဆုံးရာသီဖြစ်ပါတယ်။ ဘယ်လိုအောင်မြင်မှုပဲ ရခဲ့တာဖြစ်ပါစေ၊ နောက်ထပ် တစ်နှစ်၊ နှစ်နှစ် ဆက်ကစားဦးမှာ မဟုတ်ပါဘူး။ တစ်ခုတည်းသော အရာက ချန်ပီယံလိဂ်ကို ဆွတ်ခူးရယူချင်ပါတယ်။”လို့ ဘူဖွန်က ပြောဆိုခဲ့ပါတယ်။

ဘူဖွန်ဟာ ၂၀၀၆ ခုနှစ်မှာ ကမ္ဘာ့ဖလားကို ရရှိခဲ့ပြီး စီးရီးအေ ချန်ပီယံဖလား ၈ ကြိမ်၊ အီတလီဖလား ၄ ကြိမ်နှင့် ယူအီးအက်ဖ်အေဖလား ၁ ကြိမ်တို့ ဆွတ်ခူးခဲ့ပေမယ့်လည်း ချန်ပီယံလိဂ်ဖလားကိုတော့ ရယူနိုင်ခဲ့ခြင်း မရှိသေးပါ။

အီတလီအသင်းဟာ နိုဝင်ဘာလအတွင်းမှာ ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်ဖို့ ဆွီဒင်အသင်းနဲ့ play-off နှစ်ကျော့ကစားရမှာဖြစ်တာကြောင့် ကမ္ဘာ့ဖလားမှာ အီတလီအသင်းအတွက် နေရာတစ်နေရာမှာ အာမခံချက်မရှိသေးတာဖြစ်ပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required