ဗိုလ်ချုပ်အောင်ဆန်းဒိုင်းပြိုင်ပွဲတွင် ရှမ်းယူနိုက်တက်အသင်း ပထမဆုံးအကြိမ်ဗိုလ်စွဲ

ဗိုလ်ချုပ်အောင်ဆန်းဒိုင်းပြိုင်ပွဲတွင် ရှမ်းယူနိုက်တက်အသင်း ပထမဆုံးအကြိမ်ဗိုလ်စွဲ
 

 

ရှမ်းယူနိုက်တက်အသင်းသည် ၂၀၁၇ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ဗိုလ်လုပွဲတွင် ရန်ကုန်ယူနိုက်တက်အသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိပြီး ပထမဆုံးအကြိမ်ချန်ပီယံဆုကြီးကို ဆွတ်ခူးရရှိသွားခဲ့သည်။

ရှမ်းအသင်းအတွက်ဂိုးများကို မက်ဆီမန်နှင့် ခရစ္စတိုဖာတို့က သွင်းယူပေးခဲ့ကြပြီး ရန်ကုန်အသင်းအတွက်ချေပဂိုးကို ဆီဇာကသွင်းယူပေးခဲ့သည်။

တစ်သင်းလုံးစည်းလုံးညီညွတ်မှုကြောင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ကြောင်း ရှမ်းယူနိုက်တက်နည်းပြ ဦးစိုးမြတ်မင်းက ဆိုသည်။

"အနိုင်ရခဲ့လို့ အရမ်းပျော်ပါတယ်။ တစ်သင်းလုံးညီညီညွတ်ညွတ်ကစားနိုင်ခဲ့လို့ အခုလိုအနိုင်ရခဲ့တာပါ။ လာရောက်အားပေးခဲ့ကြတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ ဟံသာဝတီနဲ့နောက်ဆုံးကစားရမယ့် လိဂ်ပြိုင်ပွဲကိုလည်း အကောင်းဆုံးပြင်ဆင်ပြီးယှဉ်ပြိုင်သွားမှာပါ" ဟု ဦးစိုးမြတ်မင်းက ပြောဆိုခဲ့သည်။

ရှုံးထွက်ပြိုင်ပွဲကို ဗိုလ်ချုပ်အောင်ဆန်းဒိုင်းပြိုင်ပွဲအမည်ဖြင့် ၂၀၁၄ ခုနှစ်က စတင်ကျင်းပခဲ့ရာ ဧရာဝတီက ၂ ကြိမ် မကွေးကတစ်ကြိမ် ဗိုလ်စွဲထားပြီး ယခု ရှမ်းယူနိုက်တက်က ချန်ပီယံသစ်ဖြစ်လာခဲ့ခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required