ရန်ကုန်ရေကြောင်းဘတ်စ်နှင့်ပတ်သက်ပြီး အဆင်မပြေမှုများအားလုံး မက်ဆေ့ပို့ တိုင်ကြားနိုင်

ရန်ကုန်ရေကြောင်းဘတ်စ်နှင့်ပတ်သက်ပြီး အဆင်မပြေမှုများအားလုံး မက်ဆေ့ပို့ တိုင်ကြားနိုင်

 

ရန်ကုန်၊ အောက်တိုဘာလ ၂၅ ။            ။ ရန်ကုန်ရေကြောင်းဘတ်စ်တွင် စီးနင်းလိုက်ပါသည့် ခရီးသည်များအနေဖြင့် ဝန်ထမ်းများ မချေမငံပြောဆိုမှုများအပါအဝင် အဆင်မပြေမှုများအားလုံးကို မက်ဆေ့ (SMS) ပေးပို့၍ တိုင်ကြားနိုင်ကြောင်း တင့်တင့်မြန်မာ ကုမ္ပဏီမှ သိရသည်။

ရန်ကုန်ရေကြောင်းဘတ်စ်တွင် စီးနင်းလိုက်ပါသည့် ခရီးသည်များအနေဖြင့် ဝန်ထမ်းများ မချေမငံပြောဆိုမှု များအပါအဝင် ဝန်ဆောင်မှုများအပေါ် အကြံပြုချက်များ၊ ရေယာဉ်၊ အိမ်သာနှင့် ဆိပ်ကမ်းနေရာများ သန့်ရှင်း မှုအခြေအနေများနှင့် ခရီးစဉ် အစဉ်မပြေမှုများအားလုံးကို မက်ဆေ့ပို့၍ တိုင်ကြားနိုင်ကြောင်း သိရသည်။

ခရီးသည်များအနေဖြင့် မက်ဆေ့ပို့တိုင်ကြားလိုပါက +၉၅၉၉၆၅၁၀၂၁၀၄ နှင့် ၀၉၉၆၅၁၀၂၁၀၄ ဖုန်းနံပါတ် များသို့ ရေယာဉ်နံပါတ်၊ အချိန်နှင့်တကွရေးသားပြီး SMS ပေးပို့တိုင်ကြားနိုင်ပြီဖြစ်သည်။

အဆိုပါ ရန်ကုန်ရေကြောင်းဘတ်စ်ကို တင့်တင့်မြန်မာ ကုမ္ပဏီမှ အောက်တိုဘာလ ၇ ရက်နေ့မှ စတင်ပြီး ခရီးသည်ဦးရေ ၂၃ဝ ဆန့် Water Bus ၃ စီး၊ ၁၂ဝ ဆန့် Water Bus ၇  စီးနှင့် ၆ဝ ဆန့် Water Bus ၃ စီး၊ စုစုပေါင်း ရန်ကုန်ရေကြောင်းဘတ်စ် ၁၃ စီးဖြင့် ပြေးဆွဲပေးနေခြင်းဖြစ်သည်။

ပထမဦးဆုံးလမ်းကြောင်းအနေဖြင့် ရန်ကုန်ရေကြောင်းဘတ်စ်ကို ဗိုလ်တစ်ထောင်၊ နန်းသီတာ၊ လမ်းသစ်၊ ကြည့်မြင်တိုင်၊ လှိုင်၊ ပန်းလှိုင်နှင့် အင်းစိန်စသည့် ဂိတ် ၇ ခုတွင် ပြေးဆွဲပေးနေပြီး   နောက်ပိုင်းတွင်  ညောင်တန်း - မြောက်ဒဂုံ၊ စီးတီးစတား- သန်လျင်ဘက်များသို့လည်း ပြေးဆွဲနိုင်ရန် စီစဉ်လုပ်ကိုင်နေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required