ဂျက်စတင်ဘီဘာ၏နေအိမ်အတွင်းသို့ ၀င်ရောက်ရန် ကြိုးပမ်းခဲ့သော အမျိုးသမီးကို ရဲတပ်ဖွဲ့ဖမ်းဆီး

ဂျက်စတင်ဘီဘာ၏နေအိမ်အတွင်းသို့ ၀င်ရောက်ရန် ကြိုးပမ်းခဲ့သော အမျိုးသမီးကို ရဲတပ်ဖွဲ့ဖမ်းဆီး

 

လော့စ်အိန်ဂျယ်လိစ်ကောင်တီ ဘီဗာလီဟေးမြို့မှ ဂျက်စတင်ဘီဘာ၏နေအိမ်ထဲသို့ တစ်ပတ်အတွင်း သုံးကြိမ် ခန့် ကျူးကျော်ဝင်ရောက်ရန် ကြိုးပမ်းခဲ့သော သံသယတရားခံအမျိုးသမီးတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

နေအိမ်အတွင်းရှိ ဂျက်စတင်ဘီဘာ၏ လုံခြုံရေးအဖွဲ့သည် ထိုအမျိုးသမီးကိုဖမ်းဆီးကာ ရဲတပ်ဖွဲ့ကို ဖုန်းဆက် အသိပေးခဲ့ကြောင်း လော့စ်အိန်ဂျယ်လိစ်ရဲတပ်ဖွဲ့မှ ရဲတပ်ကြပ်ကြီး ခရစ္စကော်လ်တာက LA Times သတင်းစာ သို့ ပြောကြားခဲ့သည်။

ထိုသံသယတရားခံအမျိုးသမီးသည် ဂျက်စတင်ဘီဘာအား တွေ့ဆုံရန် တစ်ပတ်အတွင်းသုံးကြိမ်ခန့် ကြိုးပမ်းခဲ့ ခြင်းဖြစ်ကြောင်း ဘီဘာ၏လုံခြုံရေးများက ရဲအရာရှိများကို ပြောခဲ့သည်။

ထို့ကြောင့် ရဲတပ်ဖွဲ့သည် ပြီးခဲ့သောတနင်္လာနေ့ညက ထိုအမျိုးသမီးကိုဖမ်းဆီးခဲ့ပြီး ယခုအခါတွင် အာမခံဖြင့် ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း တပ်ကြပ်ကြီး ကော်လ်တာက ပြောခဲ့သည်။

ပိုင်နက်ကျူးလွန်မှုဖြင့် ဖမ်းဆီးခံခဲ့ရသော အဆိုပါအမျိုးသမီးသည် အသက် ၄၀ ဝန်းကျင်ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။ အခင်းဖြစ်ပွားချိန်တွင် ဂျက်စတင်ဘီဘာသည် သူ၏နေအိမ်အတွင်း၌ရှိနေသော်လည်း ထိုအမျိုးသမီးသည် အဆိုတော်နှင့် တွေ့ခွင့်မရလိုက်ကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required