ကိုယ့်ကလေးအကြောင်း အကြွားသန်တဲ့ မိဘတွေနဲ့ ဘယ်လိုဆက်ဆံသင့်လဲ

ကိုယ့်ကလေးအကြောင်း အကြွားသန်တဲ့ မိဘတွေနဲ့ ဘယ်လိုဆက်ဆံသင့်လဲ

ရေးသားသူ Dr . Phyu Mon Latt 
ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ Dr. Kaung Thar.

တခါတရံမှာ မိဘတွေဟာ ကလေးတွေကို ပြုစုပျိုးထောင်တဲ့ အတွေ့အကြုံတွေကို ဝေမျှဖို့ အတူတွေ့လေ့ရှိကြပါတယ်။ ဒီလိုဆွေးနွေးရာမှာ အချို့မိဘတွေဟာ သူတို့ကလေးရဲ့ အောင်မြင်မှုတွေအပေါ် ကြွားခြင်းကို မရပ်တန့်နိုင်ကြပါဘူး။

ကိုယ်ချစ်တဲ့သူရဲ့ အောင်မြင်မှုကို ဂုဏ်ယူကြတာဟာ ပုံမှန်ဖြစ်ပေမယ့် ကိုယ့်ကလေးအကြောင်းကို အခြားသူတွေကို ကြွားခြင်းဟာ စိတ်မသက်မသာဖြစ်စေပြီး တကယ်လို့ ဝေမျှတဲ့ အချက်အလက်က မသေချာဘူးဆိုရင် ရိုင်းနိုင်ပါတယ်။

တကယ်လို့ သင့်မှာ ကလေးအကြောင်းကို အစွဲအလန်းကြီးတဲ့ သူငယ်ချင်းတွေရှိတယ်ဆိုရင် သူတို့အပြုအမူနဲ့ပတ်သက်ပြီး ကိုင်တွယ်နိုင်မယ့် အချက်လေးတွေကို ဖေါ်ပြလိုက်ပါတယ်။

ပထမဦးစွာ သင်ရောက်နေတဲ့ အခြေအနေပေါ်မူတည်ပြီး နားလည်နိုင်ဖို့ ကြိုးစားပါ။

အချို့သူတွေဟာ စိတ်ပိုင်းဆိုင်ရာ လုံလောက်ခြင်းမရှိခြင်း၊ ဝမ်းနည်းခြင်း၊ စိတ်ပျက်ခြင်းတွေကြောင့် ကလေးငယ်ရဲ့ ကောင်းတဲ့ အချက်တွေကို ကြွားတက်ကြပါတယ်။ ဘဝရဲ့ အဆင်မပြေမှုတွေ၊ ဘဝင်မကျစရာတွေကြောင့် သူတို့ဟာ မကောင်းတဲ့ဘဝအခြမ်းကို ကလေးငယ်ရဲ့ အောင်မြင်မှုတွေနဲ့ ဖုံးလွှမ်းလိုကြပါတယ်။

ဥပမာ သင့်သူငယ်ချင်းဟာ အလုပ်ကိစ္စတွေနဲ့ ပတ်သက်ပြီး ကံဆိုးနိုင်ပါတယ်။ ဒါဆို သူ (သို့) သူမဟာ ကလေးငယ်က အနာဂတ်မှာ သူတို့ထက်ပိုကောင်းတဲ့အလုပ်ရမှာ ဆိုပြီး မျှော်လင့်ချက်နဲ့ သက်သာအောင်နေကြပါတယ်။

သူတို့ဟာ သူတို့ရဲ့ကလေးကို သူတို့ရဲ့ မပြီးဆုံး မအောင်မြင်သေးတဲ့ အိပ်မက်ကို ဖြည့်ဆည်းပေးစေလိုပြီး ဒါကို ကြွားလိုကြပါတယ်။ ဒါ့ပြင် သူတို့ ကြွားနေကြောင်းကို သဘောမပေါက်တဲ့ မိဘတွေလည်း ရှိပါတယ်။

ဒီလိုမိဘတွေဟာ တကယ့်ကို အကြွားသန်တဲ့ မိဘတွေဖြစ်ပါတယ်။ သူတို့ဟာ စိတ်ပျက်ဖွယ်ဇာတ်လမ်းတွေ ဖန်တီးပြီး ကလေးငယ်အကြောင်းကို ဆက်ကြွားနေကြမှာဖြစ်ပါတယ်။

အကြွားသန်တဲ့ မိဘတွေနဲ့ ဆက်ဆံရခြင်းဟာ စိတ်တိုဖို့ကောင်းတာမို့ သင့်ခံစားချက်တွေကို ထိန်းချုပ်နိုင်ဖို့ သင်ယူခြင်းဟာ အလွန်အရေးကြီးပါတယ်။ သူတို့ကလေးဟာ သူတို့ ကြွားသလိုမဟုတ်မှန်းသိနေရင်တောင်မှ လိုတာထက်ပိုပြီး တုန့်ပြန်ခြင်း မပြုသင့်ပါဘူး။

ဒီအခြေအနေမှာ လူတိုင်းလူတိုင်းဟာ ကလေးစောင့်ရှောက်ပုံ အမျိုးမျိုးရှိပြီး ကလေးတိုင်းဟာလည်း ကိုယ်ပိုင်သဘာဝစွမ်းရည်ရှိတယ်ဆိုတာကို ကိုယ့်ကိုယ်ကို သတိပေးနေသင့်ပါတယ်။တစ်ယောက်နဲ့ တစ်ယောက်နှိုင်းယှဉ် ခြင်းဟာ မကောင်းတာမို့ စိတ်ပူခြင်း၊ ကိုယ့်မှာရှိတဲ့အရာကို မကျေနပ်ခြင်းတွေ မပြုလုပ်သင့်ပါဘူး။

အကြွားသန်တဲ့ မိဘတွေနဲ့ ဆက်ဆံရာမှာ လုပ်သင့်တဲ့ အခြားနည်းလမ်းတစ်ခုကတော့ ပြောနေတဲ့အကြောင်းအရာကို ပြောင်းလဲခြင်းပဲဖြစ်ပါတယ်။ သင့်သူငယ်ချင်းဟာ သူ့ကလေး အကြောင်း ကြွားတော့မယ်ဆိုရင် စကားလမ်းကြောင်း လွှဲလိုက်ပါ။

ဒါဟာ သူပြောနေတဲ့ အကြောင်းအရာကို သင်စိတ်မဝင်စားဘူးဆိုတဲ့ အကြောင်းကို ဖေါ်ပြရာရောက်ပါတယ်။ ကလေးတွေအကြောင်းပြောနေရာက လူကြီးတွေအကြောင်းကို ဆက်လက်ဆွေးနွေးနိုင်ပါတယ်။

နိဂုံးချုပ်ပြောရရင် တကယ်လို့ သင့်သူငယ်ချင်းဟာ သူ့ကလေးအကြောင်း အလွန်ကြွားချင်နေတယ်ဆိုရင် ရိုင်းစိုင်းစွာ တုန့်ပြန်မယ့်အစား သူတို့ကလေး ဒီလိုအောင်မြင်မှုကို ဘယ်လိုရလဲဆိုတာ မေးမြန်းခြင်းဟာ သင်လဲ နည်းလမ်းအချို့ကို သင်ယူနိုင်ပါတယ်။ တကယ်လို့ သင်လုံးဝသည်းမခံနိုင်တော့ရင်တော့ သင်ဘယ်လိုခံစားရတယ်ဆိုတာ သူတို့ိကိုပြောပြသင့်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly