JobNet ၏ ၂၀၁၇မန္တလေးအလုပ်အကိုင်ပြပွဲ တက်ရောက်လာသူများအား အလုပ်သမားညွှန့်ကြားမှုဦးစီးဌာန မှ အလုပ်သမားမှတ်ပုံတင်ကဒ်များ အခမဲ့ One Stop Service ထုတ်ပေးသွားမည်

JobNet ၏ ၂၀၁၇မန္တလေးအလုပ်အကိုင်ပြပွဲ တက်ရောက်လာသူများအား အလုပ်သမားညွှန့်ကြားမှုဦးစီးဌာန မှ အလုပ်သမားမှတ်ပုံတင်ကဒ်များ အခမဲ့ One Stop Service ထုတ်ပေးသွားမည်

အောက်တိုဘာ၂၄ရက်၊၂၀၁၇

မန္တလေး၊မြန်မာ Jobnet.com.mm မှ ပြုလုပ်မည့် ၂၀၁၇ မန္တလေးအလုပ်အကိုင်ပြပွဲကြီးတွင် JobNetနှင့် အလုပ်သမားညွှန့်ကြားမှုဦးစီးဌာနတို့ ပူးပေါင်း၍ အလုပ်အကိုင်လာရောက်ရှာဖွေသူများကို အလုပ်သမားကဒ်များ အခမဲ့ထုတ်ပေးသွားမည် ဖြစ်သည်။

မန္တလေးတိုင်းဒေသကြီးအတွက် လိုအပ်နေသော အလုပ်အကိုင်အခွင့်အလမ်းများကို ဖန်တီးနိုင်ရန်အတွက် ၂၀၁၇ခုနှစ်အတွက် မန္တလေးအလုပ်အကိုင်ပြပွဲကြီးကို  JobNet.com.mm က ဦးဆောင်၍ မန္တလေးမြို့ ဘူတာကြီးအပေါ်ထပ်ရှိ ဟိုတယ် Marvel တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

အဆိုပါပြပွဲတွင် အလုပ်သမားညွှန့်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများကလည်း အလုပ်အကိုင်လာရောက်ရှာဖွေကြသူများကို One Stop Service ဝန်ဆောင်မှုဖြင့် အလုပ်သမားမှတ်ပုံတင်ကဒ်များကို ချက်ချင်းအခမဲ့ ထုတ်ပေးသွားမည်ဖြစ်ပြီး အလုပ်အကိုင်ရရှိပါကလည်း ကုမ္ပဏီဖြင့် ချိတ်ဆက်၍ ပုံစံ ၇ ကို ချက်ချင်းထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“အလုပ်အကိုင်လာရောက်ရှာဖွေသူတွေ အားလုံးကို အလုပ်ရသည်ဖြစ်စေ မရသည်ဖြစ်စေ အားလုံးကို ထုတ်ချင်ရင်ထုတ်လို့ရအောင် စီစဉ်ထားပါတယ်။ နိုင်ငံသားစိစစ်ရေးကဒ်နဲ့ ပညာအရည်အချင်း   ထောက်ခံချက်လေးတွေတော့ ယူလာဖို့လိုပါမယ်။ အလုပ်သမားမှတ်ပုံတင်ကဒ်ရှိတဲ့အခါမှာ အလုပ်သမားတွေကလည်း ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေရလာမယ်။ အလုပ်ရှာတဲ့အခါ တရားဝင်ဖြစ်မယ်။ အလုပ်ရှင်တွေဖက်ကလည်း ပိုပြီးခိုင်မာတဲ့ အလုပ်သမားတွေရမယ်ပေါ့။”ဟု ချမ်းအေးသာစံမြို့နယ် အလုပ်သမားဦးစီးဌာနမှူးဒေါ်သင်းသင်းခိုင်က ပြောသည်။

အဆိုပါ အလုပ်အကိုင်ပြပွဲကြီးတွင် နည်းပညာကုမ္ပဏီများ၊ လျှပ်စစ်ကုမ္ပဏီများ၊ ဆက်သွယ်ရေးကုမ္ပဏီများ၊ ဘဏ်နှင့်ငွေကြေးဆိုင်ရာ စီမံခန့်ခွဲမှု၊ စာရင်းအင်းစီမံခန့်ခွဲမှု၊ ပို့ဆောင်ဆက်သွယ်ရေးဆိုင်ရာ စီမံခန့်ခွဲမှုဆိုင်ရာ ပရော်ဖက်ရှင်နယ်များကို မြန်မာပြည်ရှိထိပ်တန်းကုမ္ပဏီကြီး ၂၅ခုကျော်မှ အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၈၀၀ကျော်ကို တိုက်ရိုက်ခေါ်ဆို သွားမည်ဖြစ်သည်။

“ကျွန်တော်တို့ JobNet.com.mm အနေနဲ့ မြန်မာနိုင်ငံအတွက်လိုအပ်တဲ့ အလုပ်အကိုင်ကဏ္ဍမှာ တိုးတက်အောင် လုပ်ဆောင်ပေးနေသလို။ တစ်ချိန်ထဲမှာပဲ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးဟာ အရေးကြီးတယ်လို့ ခံယူထားပါတယ်။ ဒါကြောင့်လည်းအလုပ်သမားတွေရဲ့ အခြေခံအခွင့်အရေးဖြစ်တဲ့ တရားဝင်အလုပ်သမားမှတ်ပုံတင်ကတ်တွေ ထုတ်ပေးရေးအတွက် အလုပ်သမားညွှန့်ကြားမှုဦးစီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်တာဖြစ်ပါတယ်။ JobNet.com.mm အနေနဲ့ ခုလိုမျိုး နိုင်ငံအတွက်အကျိုးရှိတဲ့ ပူးပေါင်းဆောင်ရွက်မူတွေကို ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။”ဟု Jobnet.com.mm ၏ Head of PR ဖြစ်သူကိုမှူးအိမ်ဇော် ကပြောသည်။

JobNet ကပြုလုပ်သည့် အဆိုပါ အလုပ်အကိုင်ပြပွဲအတွင်း ပြပွဲအခန်းငယ်များသို့ အလုပ်အကိုင်ရှာဖွေသူများက တိုက်ရိုက်အလုပ်များ   လျောက်ထားနိုင်ပြီး အင်တာဗျူးအခန်းငယ်များ ထားရှိပေးထားကာ အလုပ်ခေါ်လိုသူ ကုမ္ပဏီများက ချက်ချင်းအင်တာဗျူး၍ အလုပ်ခန့်ထားပေးမည်ဖြစ်သည်။

ကုမ္ပဏီအများစုသည် စာရင်းကိုင်၊ ဘဏ်လုပ်ငန်း၊ ငွေကြေးလုပ်ငန်း၊ Customer support၊အရောင်းနှင့် မားကတ်တင်းပရော်ဖက်ရှင်နယ်များကို ရှာဖွေနေကြပြီး၊ အချို့သော ကုမ္ပဏီများသည် နည်းပညာရှင်များနှင့် IT ကျွမ်းကျင်လုပ်သားများအလိုရှိနေကြသည်။ ထို့အပြင် HR နှင့် စီမံခန့်ခွဲမှုအပိုင်းတွင်လည်း အလုပ်ခေါ်ဆိုလိုမှုများရှိနေကြပြီး JobNetမှပြုလုပ်ခဲ့သော အလုပ်အကိုင်ပြပွဲတိုင်းတွင် သက်ဆိုင်ရာနယ်ပယ်များမှအ လုပ်အကိုင်ရှာဖွေသူ ၃၀၀၀ကျော် တက်ရောက်ခဲ့ကြသည်။

အလုပ်အကိုင်ရှာဖွေသူတစ်ယောက်အနေနဲ့ဘယ်လိုတက်ရောက်နိုင်မလဲ

သင်သည် ရွှေမန္တလေးမြို့ခံတစ်ယောက်ဖြစ်ပြီး မန္တလေးမြို့တွင်း၊ ဒါမှမဟုတ်ရန်ကုန်မြို့မှာ အလုပ်လုပ်ကိုင်ဖို့ စိတ်ဝင်စားနေပြီဆိုရင်တော့2 017 Mandalay Job Fair တွင် ဝင်ရောက်၍ စာရင်းပေးသွင်းနိုင်ပြီး JobNetရဲ့ Websiteမှာလည်း သင်ရဲ့ CV ကိုဝင်ရောက်ဖြည့်နိုင်ပြီး သင်စိတ်ဝင်စားတဲ့ အလုပ်အကိုင်တွေကို Email ကနေအမြဲစောင့်ကြည့်ရယူနိုင်ပါတယ်။

အလုပ်အကိုင်ခေါ်ယူလိုတဲ့ မန္တလေးမြို့ခံ ကုမ္ပဏီများအတွက်

မန္တလေးမြို့ခံ ကုမ္ပဏီတွေအနေနဲ့လည်း အလုပ်အကိုင်ခန့်ထားလိုပြီး တကယ့်လုပ်ငန်းခွင်ကျွမ်းကျင်သူ ၃၀၀၀လောက်နဲ့ တွေ့ဆုံနိုင်မယ့် အခွင့်အရေးရရှိလိုပါက [email protected]သို့ Email ပေးပို့ ဆက်သွယ်၍ဖြစ်စေ၊ ဖုန်းနံပါတ်099 544 591 (77-79)သို့ဖြစ်စေ ဆက်သွယ်ပြီး အလုပ်အကိုင်ပြခန်းနေရာကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။ ပလက်တီနမ်စပွန်ဆာနဲ့ ရွှေစပွန်ဆာနေရာတွေ အားလုံးရောင်းထွက်ထားပေမယ့် နေရာကောင်းပြခန်းနေရာနည်းနည်းကျန်သေးတာကြောင့် ခုပဲဖုန်းခေါ်ဆိုလိုက်ပါ။

ကူညီပံ့ပိုးပေးသောကုမ္ပဏီများကျေးဇူးတင်ခြင်း

၂၀၁၇ မန္တလေးအလုပ်အကိုင်ပြပွဲကြီး ဖြစ်ပေါ်လာစေရန်နှင့် မန္တလေးဒေသအတွက် အလုပ်ကိုင်အခွင့်အလမ်းများ ဖန်တီးနိုင်စေရန်ပလက်တီနမ်စပွန်ဆာများအဖြစ် ပံ့ပိုးကူညီကြသော Telenor ၊ ယူနိုင်တက်အမရဘဏ်၊ Mega Lifesciencesနှင့် Pahtama Groupနှင့် ရွှေစပွန်ဆာများဖြစ်ကြသော SP Bakery Looking For a Changeနှင့် Myanmar Brewery ကုမ္ပဏီများအား JobNet.com.mm အနေဖြင့် အထူးပင်ကျေးဇူးတင်ရှိပါသည်။

######

www.jobnet.com.mmအကြောင်း   “အကောင်းမွန်းဆုံးသော အလုပ်အကိုင်များအတွက် !မြန်မာ့နံပတ် (၁) အလုပ်အကိုင်ရှာ ဖွေရေးဝဘ်ဆိုဒ်ဖြစ်တဲ့ JobNet.com.mmမှာ ယခုပဲ စတင်ရှာဖွေလိုက်ပါ။     JobNet.com.mm ဟာမြန်မာပြည်ရှိ ထိပ်တန်း ကုမ္ပဏီကြီးများအတွက် မှန်ကန်သင့်တော်သော အလုပ်သမား များရှာဖွေပေးမှုနှင့် အလုပ်အကိုင်ရှာဖွေနေသူများ အတွက်လည်း အခြားမည်သည့် နေရာတွင်မှ ရှာဖွေ မရနိုင်တဲ့ အကောင်းမွန်ဆုံးသော အလုပ်အကိုင်များရရှိနိုင်ရန် ကြိုးစားလုပ်ဆောင် ကူညီပေးနေတဲ့ ဝဘ်ဆိုဒ်တစ်ခုဖြစ်ပါတယ်။ JobNet.com.mmဝဘ်ဆိုဒ်တွင် ထောင်ပေါင်း များစွာသော job vacancies များကိုအွန်လိုင်းမှတဆင့် click တချက်တည်းဖြင့်ရှာဖွေ တွေ့ရှိ နိုင်ပြီဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required