နည်းပြ ရော်နယ်လ်ကိုးမင်းကို ရာထူးမှ အဲဗာတန်အသင်း ထုတ်ပယ်

နည်းပြ ရော်နယ်လ်ကိုးမင်းကို ရာထူးမှ အဲဗာတန်အသင်း ထုတ်ပယ်
(ဓာတ်ပုံ - အီးပီအေ)

အဲဗာတန်အသင်းဟာ တနင်္ဂနွေနေ့က အိမ်ကွင်းမှာ အာဆင်နယ်အသင်းကို (၅-၂) ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး ပရီးမီးယားလိဂ် တန်းဆင်းဇုန်အတွင်း ကျရောက်သွားတဲ့နောက် အသင်းက နည်းပြ ရော်နယ်လ်ကိုးမင်းကို တနင်္လာနေ့က ရားထူးမှ ထုတ်ပယ်လိုက်ပါတယ်။

ရော်နယ်လ်ကိုးမင်းဟာ ပြီးခဲ့တဲ့ရာသီက အဲဗာတန်အသင်းကို စတင်ကိုင်တွယ်ခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်မှာ အဆင့် ၇ နေရာ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

အဲဗာတန်အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ကာလမှာ တိုက်စစ်မှူး လူကာကူကို မန်ယူအသင်းသို့ ရောင်းချခဲ့ပေမယ့်လည်း ကစားသမားသစ်များကို ပေါင်သန်း (၁၄၀) ခန့် ပြန်လည် အားဖြည့်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အသင်းဟာ ရာသီအစတင် ရလဒ်ဆိုးများနှင့် ရင်ဆိုင်နေရပြီး ကိုးမင်းအနေဖြင့် ဒါကို ကိုင်တွယ် ဖြေရှင်းနိုင်တဲ့ အခြေအနေ မရှိခဲ့တာကို တွေ့ရပါတယ်။

“ကျနော် အခြေအနေအလုံစုံကို ပြောင်းလဲနိုင်သေးတယ်လို့ ကျနော် ယုံကြည်ပါတယ်။”လို့ ကိုးမင်းက တနင်္ဂနွေနေ့ ပြောဆိုခဲ့ပါတယ်။

အဲဗာတန်အသင်းဟာ လက်ရှိပရီးမီးယားလိဂ်ဇယားမှာ အဆင့် ၁၈ နေရာမှာ ရပ်တည်နေပြီး ဒီရာသီ လိဂ်ပွဲ ၉ ပွဲမှာ ၂ ပွဲသာ အနိုင်ရှိထားပါသေးတယ်။

အဲဗာတန်အသင်းဟာ ရော်နယ်လ်ကိုးမင်းရဲ့ နေရာကို အစားထိုးရန် နည်းပြဟောင်း ဒေးဗစ်မွိုက်စ်၊ ဘန်လေနည်းပြ ရှောင်ဒိုက်၊ ဆမ်အလာဒိုက်စ်၊ အန်ဆယ်လော့တီနှင့် ခရစ္စကိုးမန်းတို့ကို ပစ်မှတ်ထားနေတယ်လို့ သိပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required