အစိုးရကို ဖြုတ်ချချင်တဲ့ အတိုက်အခံတွေ ကိုယ့်အခေါင်းကိုယ် အရင်ပြင်ထားကြဆိုပြီး ကမ္ဘောဒီးယားဝန်ကြီးချုပ် ခြိမ်းခြောက်

အစိုးရကို ဖြုတ်ချချင်တဲ့ အတိုက်အခံတွေ ကိုယ့်အခေါင်းကိုယ် အရင်ပြင်ထားကြဆိုပြီး ကမ္ဘောဒီးယားဝန်ကြီးချုပ် ခြိမ်းခြောက်

အောက်တိုဘာ ၂၃ ။         ။ ကမ္ဘောဒီးယားအတိုက်အခံတွေအနေနဲ့ လက်ရှိတရားဝင်အစိုးရကို ဖြုတ်ချချင်တယ်ဆိုရင်တော့ ကိုယ့်အခေါင်းကိုယ် အရင်ပြင်ထားကြဖို့ လိုလိမ့်မယ်ဆိုပြီး ဝန်ကြီးချုပ် ဟွန်ဆန်က အောက်တိုဘာ ၂၃ ရက်မှာ ထုတ်ဖော်ခြိမ်းခြောက်လိုက်ပါတယ်။

" ကျုပ်ဆိုတဲ့ ကောင်ကို စစ်ရေးနည်းလမ်းနဲ့ ဖြုတ်ချနိုင်မယ့် အခွင့်အရေး ခင်ဗျားတို့ဆီမှာ မရှိသေးပါဘူး၊  ခင်ဗျားတို့လုပ်ရဲ လုပ်ကြည့်လိုက်ပေါ့၊ ခင်ဗျားတို့ သေမှာပါပဲ၊ အဲဒီတော့ ကိုယ့်အခေါင်း ကိုယ်ဘာသာပဲ ပြင်ထားကြပေါ့" ဆိုပြီး ကမ္ဘောဒီးယားဝန်ကြီးချုပ်က အခမ်းအနားတစ်ခုမှာ ပြောဆိုသွားပါတယ်။

" အရင်တုန်းကလည်း ကျုပ် ပြောထားပြီးသားပါ၊ ပြည်သူတွေ စိတ်ပျော်ရွှင်ဖို့နဲ့ အေးချမ်းဖို့ ကာကွယ်ရမယ်ဆိုတာကိုပါ၊ ပြည်သူတွေရဲ့ အသက် အန္တရာယ်ကို ထိပါးခွင့် ပေးမှာမဟုတ်ပါဘူး၊ အဲဒီတော့ လိုအပ်မယ်ဆိုရင် မကောင်းစိတ် ရှိတဲ့ လူတစ်ချို့ကို ကျုပ်တို့ သုတ်သင်ရဲ ရပါလိမ့်မယ်" လို့၎င်းက ပြောပါတယ်။

လက်ရှိ အစိုးရကို လက်နက်နဲ့ တိုက်ခိုက်ကြဖို့ နိုင်ငံရဲ့ အကြီးဆုံး အတိုက်အခံအုပ်စု ကမ္ဘောဒီးယားအမျိုးသား ကယ်တင်ရေးပါတီ CNRP ဥက္ကဌဟောင်း ဆမ် ရိန်စီက စစ်သားတွေကို တိုက်တွန်းပြောကြားထားတဲ့ ဗီဒီယိုတစ်ခု မကြာသေးမီက အွန်လိုင်းပေါ်မှာ ပြန်လည်ပြန့်နှံ့လာခဲ့ပြီးနောက် ယခုလို ဟွန်ဆန်က ထုတ်ဖော်ခြိမ်းခြောက်လိုက်တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ CNRP ရဲ့ ဥက္ကဌဖြစ်တဲ့ ခမ် ဆိုခါ ကိုလည်း ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်က အစိုးရဖြုတ်ချဖို့ ကြိုးပမ်းမှု စွဲချက်နဲ့ အစိုးရက ဖမ်းဆီးထားခဲ့ပါတယ်။ ၎င်းဟာဆိုရင် နိုင်ငံတော်သစ္စာဖောက်မှုနဲ့ စွပ်စွဲခံထားရပြီး အများဆုံးထောင်ဒဏ် အနှစ် ၃၀ ကျခံနိုင်ရခြေ ရှိနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly