အမျိုးသားနှင့် အမျိုးသမီး-မည်သူက ပိုမိုအရည်အချင်းရှိသော ခေါင်းဆောင်ဖြစ်နိုင်သလဲ

အမျိုးသားနှင့် အမျိုးသမီး-မည်သူက ပိုမိုအရည်အချင်းရှိသော ခေါင်းဆောင်ဖြစ်နိုင်သလဲ

ရေးသားသူ Dr. Ye Pyae Hein
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

လုပ်ငန်းခွင်တွင် ကျား၊ မ ခွဲခြားဆက်ဆံမှုမှာ ယနေ့တိုင်ရှိနေသေးသည်။ အထူးသဖြင့် အုပ်ချုပ်သူလူကြီးပိုင်းနေရာအတွက်ဆိုလျှင် ပို၍စကားပြောစရာ ဖြစ်လာသည်။၂၀၁၅ ခုနှစ်က အမေရိကန်ပြည်ထောင်စု၏ ကိန်းဂဏန်းများအရ ကမ္ဘာပေါ်တွင်အမျိုးသမီးခေါင်းဆောင် ၁၈ ဦးသာရှိရာ ထိုအရေအတွက်သည် ကမ္ဘာ့ခေါင်းဆောင်များ၏ တစ်ဆယ်ပုံတစ်ပုံခန့်သာရှိပါသည်။ ထိုပြဿနာ၏အစမှာ လုပ်ငန်းခွင်တွင် ကျား၊ မ ဆိုင်ရာ ယေဘူယျခံယူချက်များကြောင့်ဖြစ်သည်။ လေ့လာမှုတစ်ခုတွင် အမျိုးသားများသည် ခေါင်းဆောင်မှုစွမ်းရည်ပိုမြင့်မားသည်ဟု လူအများစုက ယူဆသည့်အတွက် စီမံခန့်ခွဲရသည့်ရာထူးများကို အမျိုးသားများက အများစု နေရာယူထားခြင်း ဖြစ်ကြောင်း သုတေသီများက ဆိုသည်။

ခေါင်းဆောင်ကောင်းတစ်ယောက်၏လက္ခဏာများ
Pewသုတေသနဌာနက ပြုလုပ်သောလေ့လာမှုတွင် ခေါင်းေဆောင်ကောင်းတစ်ယောက်၏ အရည်အချင်းများကို လူအများကလက်ခံထားသည့်အတိုင်းေ ဖာ်ပြထားသည်။ ရိုးသားဖြောင့်မှန်ခြင်း၊ အသိဉာဏ်ပြည့်ဝခြင်း၊ ဆုံးဖြတ်ချက်ပြတ်သားခြင်းတို့ကို ခေါင်းဆောင်ပိုင်းဆိုင်ရာ အရည်အသွေးကောင်းများအဖြစ် ဖော်ပြကြသည်။ ထို့ပြင် စုစည်းစီမံတတ်မှု၊ သာတူညီမျှစိတ်ထားမှု၊ ကိုယ်ချင်းစာတရားပြည့်ဝမှုတို့လည်း ပါဝင်သည်။ ထို့ပြင် ခေါင်းဆောင်တစ်ဦး၏ ကျား၊ မ ဖြစ်ခြင်းသည်လည်း အချက်တစ်ချက်အနေဖြင့် ပါဝင်နေသည်ဟုဆိုသည်။ ကိုယ်ချင်းစာတရားနှင့်ပတ်သက်၍မူ အမျိုးသမီး ၆၆ရာခိုင်နှုန်းက အရေးကြီးကြောင်းဖော်ပြရွေးချယ်ကြသော်လည်း အမျိုးသားများအနေဖြင့် ၄၇ ရာခိုင်နှုန်းကသာ ရွေးချယ်ပေးကြသည်။ ထို့ပြင်ရည်မှန်းချက်ကြီးမားမှုကို ၅၇ရာခိုင်နှုန်းသော အမျိုးသမီးများက အရေးပါကြောင်းလေ့လာမှုတွင် ဖြေကြားသော်လည်း အမျိုးသားအနေဖြင့် ၄၈ ရာခိုင်နှုန်းကသာ ထိုသို့ဖြေကြားကြသည်။ အနာဂတ်တွင် ကျား၊မ ခွဲခြားမှု၏အဓိကအကြောင်းအရင်းမှာ လူငယ်များကြောင့် ဖြစ်လာနိုင်ဖွယ်ရှိပါသည်။

အမျိုးသမီး (သို့မဟုတ်)အမျိုုးသား-ပိုမိုအရည်အချင်းရှိသောခေါင်းဆောင်
Pewသုတေသနဌာန၏ အခြားလေ့လာချက်တစ်ခုတွင်လည်း ခေါင်းဆောင်ပိုင်းဆိုင်ရာအရည်အချင်းများနှင့်ပတ်သတ်၍ အမျိုးသားနှင့် အမျိုးသမီးကွာဟချက်များကို တွေ့ရှိရသည်။ ရည်မှန်းချက်နှင့် ရိုးသားဖြောင့်မှန်မှုကဲ့သို့သော အရည်အချင်းများတွင် ကွာဟချက်မတွေ့ရသော်လည်း ဆုံးဖြတ်ချက်ချခြင်းနှင့် ပဋိပက္ခအခြေအနေများကိုကိုင်တွယ်ဖြေရှင်းခြင်း အရည်အသွေးများတွင်မူ အမျိုးသားများကပိုမိုအရည်အချင်းရှိသည်ကို တွေ့ရသည်။ သို့သော် အမျိုးသမီးများက ပိုမိုပွင့်လင်းစွာဆက်ဆံတတ်ခြင်း၊ အလုပ်နှင့်ပတ်သတ်၍ ပွင့်လင်းမြင်သာမှုရှိအောင် ဆောင်ရွက်တတ်ခြင်းနှင့် အမှားကိုဝန်ခံတတ်ခြင်းတို့ကအမျိုးသမီးများကို သာလွန်စေသည်ဟုဆိုထားပါသည်။

ခြုံငုံသုံးသပ်ချက်
ယနေ့အချိန်တွင် လုပ်ငန်းခွင်၌ ကျား၊ မ ခွဲခြားဆက်ဆံခြင်းများ မရှိသင့်တော့ပါ။ အမျိုးသားဖြစ်ခြင်း၊ အမျိုးသမီးဖြစ်ခြင်းမှလွဲ၍ အခြားသောအရည်အချင်းတစ်ခုချင်းစီပေါ် မူတည်လျှင် အမျိုးသမီးများသည်လည်း အမျိုးသားများကဲ့သို့ စွမ်းဆောင်နိုင်ပေလိမ့်မည်။ ယနေ့အခါတွင် ကုမ္ပဏီများက အမျိုးသမီးများကို စီမံအုပ်ချုပ်မှုတာဝန်များပေး၍ ခေါင်းဆောင်မှုစွမ်းရည်များ တိုးတက်အောင်ပြုလုပ်ရန် အခွင့်အရေးများပေးလျက်ရှိသည်။ သို့သော် အနည်းငယ်သောအလုပ်များသည် အမျိုးသားသီးသန့် (သို့မဟုတ်) အမျိုးသမီးသီးသန့်အဖြစ် လုပ်ကိုင်နိုင်မှုအဖြစ် ရှိနေနိုင်ပါသည်။ ခေါင်းဆောင်တစ်ဦးဖြစ်ရန် စိန်ခေါ်မှုများကိုကျော်လွှားရင်ဆိုင်ဖြေရှင်းနိုင်ခြင်းနှင့် ရှေ့ခေါင်းဆောင်များ၏ လမ်းစဉ်ကိုလိုက်နာကျင့်သုံးခြင်းတို့ ဖြည့်စွမ်းရမည်ဖြစ်ရာအမျိုးသားဖြစ်ခြင်း၊ အမျိုးသမီးဖြစ်ခြင်းသည် အရေးမပါတော့ပေ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly